မြေပဲကြော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎Add photo
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{အကိုးအကားမဲ့}}
မြေပဲကြော်သည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စားသုံးသော အစားအစာတစ်မျိုးဖြစ်သည်။ လက်ဖက်ဖြင့် တွဲဖက်၍ စားသုံးလေ့ ရှိသလို အသုပ်မျိုးအမျိုးဖြင့်ဖြစ်စေ၊ သူ့ချည်းဖြစ်ေစ စားသုံးလေ့ရှိသည်။ မြေပဲကြော်ခြင်းသည် ရိုးရှင်းသော နည်းလမ်းတစ်ခုဖြစ်သော်လည်း စိတ်ရှည်ရှည်ဖြင့် သတိထား လုပ်ကိုင်ရသည်။ အဓိက သတိထားရမည်မှာ မြေပဲကြော်သည့်အခါ ကျက်အောင်ထိ မကြော်ရဘဲ ကျက်ခါနီးနေသည့် အချိန်တွင် မီးဖိုပေါ်မှချပြီး သူ့တွင်ရှိသော အပူချိန်ဖြင့် ဆက်လက်၍ ကျစေရခြင်းဖြစ်သည်။ ထုိ့ကြောင့် မည်သည့်အချိန်တွင် မီးဖိုပေါ်မှချရမည်ဆိုသည်ကို သိရှိရန်အတွက် အတွေ့အကြုံကောင်းလိုအပ်သည်။
[[File:Burmese style fried peanuts.jpg|thumb|မြန်မာအစားအစာ မြေပဲကြော်]]
Line ၁၁ ⟶ ၁၂:
 
မြေပဲကို ရိုးရာအတိုင်းထုတ်လုပ်ထားသော ဆီများဖြင့်ကြော်ပါက အချိန်ကြာမြင့်သွားလျှင် ဆီစော်နံလာတတ်ပါသည်။ ထုိ့ကြောင့် အချိန်ကြာမြင့်စွာထား၍ စားသုံးရန် ရည်ရွယ်ပါက နိုင်ငံခြားမှလာသော ဆီဗူးများကို အသုံးပြုသင့်ပါသည်။ မြေပဲကြော်သည့်အခါတွင် ဆား ကိုတစ်ပါတည်း ထည့်သွင်းပြီးကြော်နိုင်ပါသည်။ သို့သော် ဆားသည် ရေဓါတ်ဖမ်းယူတတ်သည့် သဘောရှိ၍ အချိန်ကြာမြင့်စွာ သိုလှောင်ပြီး စားသုံးရန် ရည်ရွယ်ပါက ဆားကို ထည့်သင့်ပါ။ စားသုံးသည့်အခါမှ ဖြူးပြီးစားပါ။
 
[[ကဏ္ဍ:မြန်မာ အစားအသောက်]]