မြဝတီမင်းကြီး ဦးစ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ, -။န +။ န, -။စ +။ စ, -။ဇ +။ ဇ)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၁ -
ထိုအခါ သာယာဝတီမင်းသားက ငါတို့ညီတော် နောင်တော်သည် အချင်းချင်းအမျက်မရှိ။ နောင်တော် သည်လည်း ငါ့အား သားတော်တမျှ ချစ်မြတ်နိုးတော်မူသည်။ ငါသည်နောင်တော်အား ခမည်းတော်ကဲ့သို့ အမှတ်ထားသည်။ နောင်တော်၏ကျေးဇူးကို ငါသည် ဘဝဆက်တိုင်း ဆက်ဆပ်၍မကုန်နိုင်။ သို့ပါလျက် နန်းမတော်-မယ်နု၊မင်းသားကြီးမောင်အို တို့သည် ငါ့နောင်တော်၏ ကျေးဇူးသစ္စာတော်ကိုမထောက်။ ငါတို့ညီတော် နောင်တော် အကြားတွင် လည်ဆယ် လုပ်ကြံကြခြင်းဖြစ်သည်။ “ဝန်ကြီးငစ” နှင့် အပေါင်းပါမှူးမတ်တို့သည်လည်း ငါတို့ကျေးဇူးသစ္စာတော်ကို ထောက်မြှော်သင့်ပါလျက် မထောက် မထားရန် သူကိုအားပေးပြုသည်။ သင်းတို့တစုကို ငါသတ်ထိုက်ပြီ။ သို့သော်ငါသည် ဘုရားဆုကိုပန်သည်ဖြစ်သော ကြောင့် ကြီးလှစွာသော သည်းခံခြင်းကိုပြုမည်။ သင်းတို့တစုအား ထောင်တွင်သာ အကျဉ်းထားပါတော့- ဟု အမိန့်တော်ချမှတ်တော်မူ၍ ဝန်ကြီးဦးစမှာ ကိုယ့်အရှင်၏ ကျေးဇူးသစ္စာတော်ကို စောင့်သိလျက် လက်ရုံးရည် နှလုံးရည်ဖြင့် ဦးလည်မသုန် ထမ်းရွက်ခဲ့၍ နိုင်ငံတော်တွင် အမြင့်ဆုံးဖြစ်သော လွှတ်တော်ဝန်ကြီးအရာနှင့် “မဟာ” ဘွဲ့ကို ခံယူရသော်လည်း နိုင်ငံရေးအလှည့်မသင့် သဖြင့် ကြီးစွာသော ပုန်ကန်မှု ရာဇဝတ်တော်ကြီး သင့်၍ သူခိုး-ဒမြတို့နှင့် အတူထောင်တွင် အကျဉ်းကျခံနေရလေသည်။
ဤသို့ သာယာဝတီမင်းက အကြောင်းကြောင်းကို ထောက်ထား၍ အသက်ဆုံးရှုံးစေ စီရင်သင့်လျက်မစီရင်မပဲစီရင်သင့်လျက်မစီရင်ပဲ ထောင်တွင်သာထားရာ မင်းသားကြီးမောင်အိုတို့အပေါင်းပါလူတသိုက်သည် လက်မလျော့သေးပဲ ဘကြီးတော်ဘုရားကို ပြန်၍နန်းတင်မည်ဟူသော အကြံဖြင့် ထောင်တွင်းမှပင်စီစဉ်၍ သက္ကရာဇ် ၁၂၀၁-ခုနှစ် တပေါင်းလတွင် စလင်း-မင်းသား၏လူများဖြစ်သော ရွှေထား-မင်းသား အခေါ်ခံ ငဝင်းငယ်၊ ဗိုလ်ငခန်းကျော်၊ဗိုလ်ငရွှေမောင်တို့က ခေါင်းဆောင်၍ လူတထောင့်ငါးရာနှင့် မတ္တရာ-ကျော်စဉ်က စ၍ သူပုန်ထစေလေသည်။ သို့သော် ထိုအကြံလည်း အထမမြောက်၍ ဝန်ကြီး-ဦးစနှင့် အတူ အမရပူရမြို့တွင်ချုပ်ထားသော စလင်းမင်းသားကြီး မောင်အို၊ မယား၊သမီး၊ အတွင်းဝန်-ငပါရောက်၊ မြို့လတ်ဝန်-ငရေး၊သံတော်ဆင့် ငရွှေသာ၊ ပုခန်း-ငရံမင်း၊ စာရေးကြီး ငပျို၊တောင်ငူဝန်-ငကူး၊ အဆောင်မြဲ-ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂-ခုနှစ် ကဆုန်လဆန်း ၁၂-ရက်နေ့တွင် အပြစ်နှင့် အညီ ကွပ်မျက်လေသည်။
 
အကယ်၍ ထိုအချိန်၌ ဝန်ကြီးဦးစသည် မူလချုပ်နှောင်ထားရင်းအတိုင်း အမရပူရထောင်တွင် မင်း သားကြီးမောင်အိုတို့နှင့် အတူရှိပါမူ ကွပ်မျက်ရာတွင် ဧကန်ပါပြီးဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့ ယခုဆောင်းပါး အစတွင် တင်ပြခဲ့သော “ကုန်းဘောင်နေမင်း၊ဖုန်းရောင်ဝေရှင်း၊ တောင်ဒီပါထိန်ထိန်လင်း” အစချီသော မဟာဂီတ-ပတ်ပျိုးသံကိုလည်း ကြားကြရမည် မဟုတ်ချေ။ သို့သော် ဦးစ၏ကံကား မကုန်သေး။ ပါးကွက်-လက်မရွံ့တို့လက်တွင် အသက်ဆုံးရှုံးရမည့် ကံဇာတာမပါသူဖြစ်သောကြောင့် အမှုဖြစ်ပွားသည့် အချိန်တွင် ဦးစသည် ထောင်ထဲ၌ မရှိတော့ချေ။ မရှိပုံကားဤသို့တည်း၊ စလင်းမင်းသားကြီးနှင့် အပေါင်းပါတို့ကို မကွပ်မျက်မီ ခြောက်လခန့်လောက် သက္ကရာဇ် ၁၂၀၁-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁၃-ရက်နေ့ “သူရိယာဝံသာဘိ သီရိပဝရာလင်္ကာရ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု” သာသနာပြု သဲအင်းဆရာတော်ကြီးပြန်လွန်တော်မူရာသဲအင်းဆရာတော်ကြီးပျံလွန်တော်မူရာ အသျှင်မိဖုရားခေါင်ကြီး ကိုယ်တော်တိုင် အလောင်းတော်ကို ဖူးမြော်ရန်စီစဉ်လေသည်။ ထိုအခါ ထုံးစံရှိသည့် အတိုင်း ထွက်တော်မူမည့် လမ်းစဉ်တလျှောက်ကို အကျဉ်းထောင်မှ ထောင်သားတို့သည် ထွက်၍ လမ်းချောအောင် ဖို့လုပ် ပြုပြင်ကြရလေသည်။ လမ်းပြင်သော အကျဉ်းသမားများတွင် ဝန်ကြီးဟောင်း ဦးစလည်းပါဝင် လေသည်။ ထို့နောက် ချိန်းချက်သည့်နေ့တွင် အသျှင်မိဖုရားခေါင်ကြီးဘုရားနှင့် သမီးတော်-စုဘုရားကြီးတို့ ထွက်တော်မူလာရာ ဦးစတို့လမ်းဖို့နေရာသို့ ရောက်သည်တွင် သမီးတော်စုဘုရားကြီးသည် လမ်းဘေးတွင် ပေါက်ပြားတလက်နှင့် တဖားဖားလမ်းဖို့နေသော ဦးစကို မြင်သဖြင့် ရပ်တန့်စေပြီးလျှင် “ဟိုဘက်နားက လမ်းဖို့နေတာ စစ မဟုတ်လား။ ခေါ်စမ်းပါ ခေါ်စမ်းပါ”ဆို၍ အပါးတော်မြဲများကလည်း ဦးစကို သွားရောက်ခေါ်ငင်ရလေသည်။ (သားတော် သမီးတော်များက ဦးစ အား “စစ” ခေါ်ခြင်းဖြင့် ဦးစ အားမည်မျှ ချစ်ခင်ရင်း ရှိကြသည်ကို သိနိုင်ပေသည်။)
ဦးစလည်း သမီးတော်စုဘုရားကြီးရှေ့တော်သို့ရောက်လျှင် မြေပေါ်တွင် ပြားပြားဝပ်လျက် “ကျွန်တော်မျိုးကြီးမှာ အမျက်တော်ရှိသဖြင့် ရာဇဝတ်တော်ပန်းကို ပန်ဆင်နေခဲ့ရသည်မှာ နှစ်နှစ်ကျော်ရှိပါပြီ။ ထောင်တွင်း၌ အကျဉ်းခံသည်မှာ ဒုက္ခကြီးလှကြောင်း” လျှောက်ထားရာ သမီးတော် စုဘုရားကြီးလည်း သနားလှသဖြင့် “စစ က ဖုန်းတော်ဖွဲ့တပုဒ်ရေးပြီး ငရွှေသာကို ပေးလိုက်ပါ။ အခွင့်တော်သာလျှင် ခမည်းတော်အား ကူညီလျှောက်ထားပေးပါမည်” ဟု ကတိပေး၍ မှာကြားခဲ့လေသည်။ ဦးစလည်း ထိုနေ့ည ထောင်သို့ပြန်ရောက်သည်နှင့် တပြိုင်နက် ဖုန်းတော်ဖွဲ့ကိုရေးသားလေသည်။ ဤသို့စီကုံးရေးသားပြီးနောက် သမီးတော်-စုဘုရားကြီး မှာထားခဲ့သည့်အတိုင်း ထောင်အဝှန်းတို့လက် မှတဆင့် ရုပ်သေး-မင်းသားကိုင် “ငရွှေသာ”ကို အပ်လိုက်ရာ ၁၂၀၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့ အနောက်စမုတ်တော် ရုပ်သေးပွဲတွင် သာယာဝတီမင်းနှင့် မိဘုရား သားတော် သမီးတော်တို့ စုံညီ ရှုစားတော်မူခိုက် ဦးရွှေသာက သံနေသံထားနှင့် ဆိုလေသည်။ ထူးခြားလှသောကြောင့် သာယာဝတီမင်းက ဘယ်သူဖွဲ့ဆိုသလဲ အမေးတော်ရှိရာ အနီးတွင် အသင့်စောင့်နေသော သမီးတော် စုဘုရားကြီးက ထောင်မှာ အကျဉ်းထားသော ဝန်ကြီးဟောင်း ငစ ဖွဲ့ဆိုသည်။ ယခုလည်း ထောင်တွင် နှစ်နှစ်ကျော်၍ ဒုက္ခရောက်လှပါ ပြီ၊ဒုက္ခရောက်လှပါပြီ၊ နှမြောဘို့ကောင်းပါသည် စသည်ဖြင့် လျှောက်ထားသည်တွင် သာယာဝတီမင်းသည် ပညာကို မြတ်နိုး သည်ကတကြောင်း၊မြတ်နိုးသည်ကတကြောင်း၊ ချစ်လှစွာသော သမီးတော်က လျှောက်ထား တောင်းပန်သည်က တကြောင်းကြောင့် “လွတ်ပါစေ” ဟု အမိန့်တော်ရှိသဖြင့် ညတွင်းချင်းပင် အကျဉ်းမှ လွတ်ရလေသည်။
 
== မြဝတီဝန်ကြီးဟုတွင်ပုံ ==