တမ်းပလိတ်:Featured article: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reduce length
updated
စာကြောင်း ၁ -
[[File:The Earth seen from Apollo 17.jpg|thumb|''အပြာရောင်ပုလဲလုံး''ဟု အမည်ရသည့် ကမ္ဘာဂြိုဟ်အား ၁၉၇၂ ခုနှစ်တွင် [[အပိုလို ၁၇]]က ရိုက်ကူးခဲ့သည်။]]
[[File:Enrique Simonet - El Juicio de Paris - 1904.jpg|thumb|အန်းရစ်ကဲ စီမွန်နတ်ရေးဆွဲသော [[:en:El Juicio de Paris (Simonet)|''El Juicio de Paris'']] (ပါရိစ်၏ ဆုံးဖြတ်ရွေးချယ်ခြင်း)၊ ၁၉၀၄]]
'''ကမ္ဘာဂြိုဟ်'''သည် လူသားများ၊ တိရစ္ဆာန်များနှင့် [[အပင်]]များ ရှင်သန်နေထိုင်ရာ [[ဂြိုဟ်]]တစ်ခုဖြစ်ပြီး၊ [[နေ]]မှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။ ကမ္ဘာသည် [[နေ]]ကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး ၎င်းကိုပင် တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲဖြင့် သက်တမ်းဖော်ထုတ်နည်းအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ [[ဘီလီယံ]] အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာအား ထွန်းလင်းရန် [[အလင်း]]ရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူခြင်း၊ လေတိုက်ခြင်း၊ မိုးရွာခြင်း၊ နှင်းကျခြင်း၊ မုန်တိုင်းတိုက်ခြင်း) အခြေအနေများ ဖြစ်ပေါ်လာသည်။ ကမ္ဘာတွင် [[ရေ]]ပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ ကမ္ဘာ၏ ဝင်ရိုးစွန်းဒေသများကို ရေခဲများဖြင့် ဖုံးလွှမ်းထားသည်။ အပူပိုင်းဒေသတွင် ဝင်ရိုးစွန်းဒေသထက် နေရောင်ခြည်စွမ်းအင်ကို ပိုမိုရရှိပြီး လေထု၊ သမုဒ္ဒရာရေစီးကြောင်းများဖြင့် အပူကို ဖြန့်ဖြူးပေးသည်။ [[မှန်လုံအိမ်ဓာတ်ငွေ့]]သည် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို ထိန်းသိမ်းပေးရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဒေသတစ်ခု၏ ရာသီဥတုကို ဆုံးဖြတ်ရာ၌ လတ္တီကျုကိုသာမက ပင်လယ်ရေမျက်နှာပြင်အမြင့်၊ သမုဒ္ဒရာများနှင့် နီးကပ်မှု အစရှိသည်တို့ကိုပါ အသုံးပြုသည်။ အပူပိုင်း ဆိုင်ကလုန်းများ၊ မိုးကြိုးမုန်တိုင်းများ၊ အပူလှိုင်းဖြတ်ခြင်းစသော ပြင်းထန်သည့်ရာသီဥတုများသည် နေရာဒေသအများစုတွင် ဖြစ်ပေါ်လေ့ရှိပြီး သက်ရှိများအပေါ် ကြီးမားစွာ သက်ရောက်သည်။ ကမ္ဘာသည် [[နေအဖွဲ့အစည်း]]အတွင်း [[သက်ရှိ]]များနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ [[မီလီယံ]]ခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်မှာ အရေအတွက်အားဖြင့် ၇.၆ [[ဘီလီယံ]]ခန့်ဖြစ်သည်။ အနီးရှိ [[ကြာသပတေးဂြိုဟ်]]၏ ပြင်းထန်သော [[ဒြပ်ဆွဲငင်အား]]က ကမ္ဘာကို [[ဥက္ကာပျံ]]များနှင့် တိုက်မိနိုင်ချေမှ အတန်အသင့် အကာအကွယ်ပေးနေသည်ဟု ယူဆထားသည်။ ကမ္ဘာ ဖွဲ့တည်ပြီး ပထမ ဘီလီယံနှစ်များတွင် သက်ရှိဇီဝသည် ပင်လယ်သမုဒ္ဒရာ၌ စတင်ရှင်သန်ခဲ့ပြီး [[ကမ္ဘာ့လေထု]]နှင့် ကုန်းမြေများကို အကျိုးသက်ရောက်ခဲ့ကာ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံမှစ၍ သက်ရှိတို့ ရှင်သန်ပေါက်ဖွားခဲ့ဟန် ရှိသည်။ ကမ္ဘာမြေ၏သမိုင်းတွင် [[မျိုးသုဉ်းခြင်း|မျိုးသုဉ်းမှုဖြစ်ရပ်များ]]ကြောင့် သက်ရှိမျိုးစိတ် ၉၉ ရာခိုင်နှုန်း ပျက်စီးပျောက်ကွယ်ခဲ့ဖူးသည်။ ယနေ့တိုင် တည်ရှိသော ခန့်မှန်းခြေ မျိုးစိတ်များမှာ ကျယ်ပြန့်လှကာ မျိုးစိတ်အများစုကို သိပ္ပံနည်းကျ ဖော်ပြထားနိုင်ခြင်း မရှိသေးပေ။ ကမ္ဘာပေါ်တွင် လူသားများ ၈ ဘီလီယံနီးပါးခန့် နေထိုင်ကြပြီး အသက်ရှင်သန်ရေးအတွက် ကမ္ဘာ၏ ဇီဝအလွှာနှင့် သဘာဝရင်းမြစ်များပေါ်တွင် မှီခိုကြရသည်။
[[ဂရိဒဏ္ဍာရီ]]တွင် '''ထရိုဂျန်စစ်ပွဲ'''ကို အခီးယန်ဇ် (Achaeans) ခေါ် ဂရိများက [[ထရွိုင်းမြို့|ထရွိုင်မြို့]]ကို ဆင်နွှဲသည့် စစ်ပွဲဖြစ်ကာ စစ်ဆင်ရခြင်းအကြောင်းမှာ စပါတာဘုရင် မန်နစ်လေးယပ်စ်၏ဇနီးဖြစ်သော ဟယ်လန်ကို ပဲရစ် (ပါရိ) မင်းသားက ခိုးယူခေါ်ဆောင်ခြင်းကြောင့်ဖြစ်သည်။ ဂရိဒဏ္ဍာရီ၌ ထရိုဂျန်စစ်ပွဲသည် အရေးပါဆုံးသော ဖြစ်ရပ်များထဲက တစ်ခုဖြစ်ပြီး များမြောင်လှသော ဂရိစာပေလက်ရာများမှတဆင့် ပြန်လည်ပြောပြကြသည့် အကြောင်းလည်းဖြစ်ကာ ထင်ရှားသည်မှာ [[ဟိုးမား]]၏ [[အိလိယဒ်]] ကဗျာရှည်ဖြစ်၏ ။ အိလိယဒ်ကဗျာလင်္ကာ၏ အဓိကအပိုင်း (စာအုပ် ၂-၂၃) တွင် ဆယ်စုနှစ်တစ်ခုမျှကြာညောင်းသော စစ်ပွဲ၏ ဆယ်နှစ်မြောက်၌ လေးရက်နှင့် နှစ်ညတာအဖြစ်အပျက်ကို ဖော်ပြထားသည်။ [[အောဒဆီ]]ကဗျာတွင် စစ်ပွဲပါသူရဲကောင်းတစ်ဦးဖြစ်သည့် [[အောဒစ်ဆီးယပ်စ်]]၏ စစ်အပြီး အိမ်ပြန်ခရီးစဉ်ကို ဖွဲ့ဆိုထားသည်။ ဤစစ်ပွဲ၏ အခြားသောအပိုင်းများကို အပိုင်းအစများအဖြစ်သာ ရှင်သန်ကျန်ရစ်ခဲ့သော ရှေးရှေးကဗျာလင်္ကာရှည်များစွာ၌ ဖော်ပြရေးသားထားကြလေသည်။ စစ်ပွဲမှဖြစ်ရပ်များသည် ဂရိစာပေ၏ အလွမ်းအဆွေးပြဇာတ်၊ ဇာတ်လမ်းနှင့် အခြားလက်ရာများအတွက် အထောက်အပံ့ဖြစ်စေခဲ့သည့်အပြင် အောဗစ် နှင့် [[ဗာဂျီ|ဗားဂျစ်လ်]]တို့အပါအဝင် ရောမကဗျာဆရာများအတွက်လည်း ကုန်ကြမ်းသဖွယ်ဖြစ်စေခဲ့သည်။
 
'''''[[ထရိုဂျန်စစ်ပွဲကမ္ဘာဂြိုဟ်|ဆက်လက်ဖတ်ရှုရန်]]''''' ...
ရှေးရှေးဂရိသားတို့ ယုံကြည်သည်မှာ ထရွိုင်မြို့သည် ဒါးဒါနဲ့လ်ဇ် (Dardanelles) ရေလက်ကြားအနီးတွင် တည်ရှိကာ ထရိုဂျန်စစ်ပွဲသည် ခရစ်တော်မဖွားမီ နှစ် ၁၂၀၀-၁၃၀၀ ခန့်က သမိုင်းဝင်အဖြစ်ပျက် ဟူ၍ဖြစ်သည်။ သို့ရာတွင် ၁၉ ရာစုအလယ်လောက်၌ စစ်ပွဲနှင့် မြို့ နှစ်ခုစလုံးအား သမိုင်းဝင်အဖြစ် ရှုမြင်သတ်မှတ်ခြင်း မရှိတော့ပေ။ ၁၈၆၈ တွင် ဂျာမန် ရှေးဟောင်းသုတေသနပညာရှင် ဟိုင်းနရစ် ရှလီမန် (Heinrich Schliemann) သည် ဖရန့်ခ် ကားလ်ဗာ့ (Frank Calvert) ကိုတွေ့ဆုံပြီးနောက် ဖရန့်ခ်က ရှလီမန်ကို ထရွိုင်မြို့သည် လက်ရှိ [[တူရကီ]]နိုင်ငံ ဟစ်ဆားလစ်ခ် ရှေးဟောင်းမြို့ (Hisarlik) တွင် တည်ရှိကြောင်း ယုံကြည်စေရန် ပြောကြားခဲ့၏ ။ ရှလီမန်နှင့် အခြားသူများ၏ တူးဖော်ခြင်းများအပေါ် အခြေခံကာ ယခု၌ ပညာရှင်အများစုက ဤအဆိုကို လက်ခံခဲ့ကြပြီ ဖြစ်သည်။
 
'''''[[ထရိုဂျန်စစ်ပွဲ|ဆက်လက်ဖတ်ရှုရန်]]''''' ...