မြေပဲကြော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး cleanup per WP:NOTCOOKBOOK
စာကြောင်း ၁ -
{{အကိုးအကားမဲ့}}
{{merge|မြေပဲ}}
မြေပဲကြော်သည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စားသုံးသော အစားအစာတစ်မျိုးဖြစ်သည်။ လက်ဖက်ဖြင့် တွဲဖက်၍ စားသုံးလေ့ ရှိသလို အသုပ်မျိုးအမျိုးဖြင့်ဖြစ်စေ၊ သူ့ချည်းဖြစ်ေစ စားသုံးလေ့ရှိသည်။ မြေပဲကြော်ခြင်းသည် ရိုးရှင်းသော နည်းလမ်းတစ်ခုဖြစ်သော်လည်း စိတ်ရှည်ရှည်ဖြင့် သတိထား လုပ်ကိုင်ရသည်။ အဓိက သတိထားရမည်မှာ မြေပဲကြော်သည့်အခါ ကျက်အောင်ထိ မကြော်ရဘဲ ကျက်ခါနီးနေသည့် အချိန်တွင် မီးဖိုပေါ်မှချပြီး သူ့တွင်ရှိသော အပူချိန်ဖြင့် ဆက်လက်၍ ကျစေရခြင်းဖြစ်သည်။ ထုိ့ကြောင့် မည်သည့်အချိန်တွင် မီးဖိုပေါ်မှချရမည်ဆိုသည်ကို သိရှိရန်အတွက် အတွေ့အကြုံကောင်းလိုအပ်သည်။
[[File:Burmese style fried peanuts.jpg|thumb|မြန်မာအစားအစာ မြေပဲကြော်]]
== မြေပဲကြော်နည်း ==
 
# ဦးစွာ မြေပဲကို ဖုန်း သဲ ကျောက်ခဲနှင့် အညံ့များ မပါဝင်စေရန် သန့်စင်ရပါမည်။ ရေဆေးလိုကလည်း ဆေးနိုင်ပါသည်။
# ကြော်မည့် မြေပဲ၏ ၄ ပုံ ၁ ပုံ ပမာဏခန့် ရှိသော ဆီကို ဒယ်အိုးအတွင်း ထည့်၍ ဆီကို ကျက်အောင် ချက်ပါ။
# ဆီများ အငွေ့ပျံလာသည့်အခါတွင် မြေပဲများကိုထည့်ပြီး စဉ်ဆက်မပြတ် မွှေရပါမည်။ ယောက်မ နှစ်ခုဖြင့် အဆက်အပြတ်မွှေနိုင်ပါက ပိုကောင်းပါသည်။ ရပ်နားပါက မြေပဲများ အကျက် မညီဘဲ ဖြစ်တတ်ပါသည်။
# အဆင်မပြတ် မွှေနေစဉ် အခွံကျွတ်သွားသော မြေပဲများကို သတိထားကြည့်နေပါ။ မြေပဲများ အရောင်ပြောင်းလာပြီး မြေပဲကို မွှေသောအခါ ထွက်သောအသံသည်လည်း ကြော်ခါစ အချိန်ကဲ့သို့ ခပ်ထုံထုံ မဟုတ်ဘဲ ခပ်သွက်သွက် အသံလေးများ ကြားလာရပါက မီးဖိုပေါ်မှ ချပြီး အချိန်အနည်းငယ်ကြာအောင်ထိ ဆက်၍ မွှေရပါမည်။
# ထို့နောက် မြေပဲများကို ဒယ်အိုးအတွင်းမှာဖြစ်ေစ လင်ပန်းတစ်ခုအတွင်းဖြစ်ေစ ဖြန့်ပြီး အအေးခံထားရပါမည်။ အေးသွားပါက စားသုံးရန် အသင့်ဖြစ်ပါသည်။
 
 
မြေပဲကို ရိုးရာအတိုင်းထုတ်လုပ်ထားသော ဆီများဖြင့်ကြော်ပါက အချိန်ကြာမြင့်သွားလျှင် ဆီစော်နံလာတတ်ပါသည်။ ထုိ့ကြောင့် အချိန်ကြာမြင့်စွာထား၍ စားသုံးရန် ရည်ရွယ်ပါက နိုင်ငံခြားမှလာသော ဆီဗူးများကို အသုံးပြုသင့်ပါသည်။ မြေပဲကြော်သည့်အခါတွင် ဆား ကိုတစ်ပါတည်း ထည့်သွင်းပြီးကြော်နိုင်ပါသည်။ သို့သော် ဆားသည် ရေဓါတ်ဖမ်းယူတတ်သည့် သဘောရှိ၍ အချိန်ကြာမြင့်စွာ သိုလှောင်ပြီး စားသုံးရန် ရည်ရွယ်ပါက ဆားကို ထည့်သင့်ပါ။ စားသုံးသည့်အခါမှ ဖြူးပြီးစားပါ။
 
[[ကဏ္ဍ:မြန်မာ အစားအသောက်]]