ပဲပြုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
cleanup per WP:NOTCOOKBOOK
စာကြောင်း ၂ -
စားတော်ပဲကို ပြုတ်ထားသော အစားအစာကို စားတော်ပဲပြုတ် သို့မဟုတ် ပဲပြုတ်ဟု ခေါ်သည်။ စားတော်ပဲပြုတ်ကို မြန်မာပြည်တစ်ဝှမ်းတွင် ကျယ်ပြန့်စွာ စားသုံးကြသည်။ စားတော်ပဲပြုတ် ပြုလုပ်ြခင်းသည် အဆင့်ရှည်ကြာသော လုပ်ငန်းစဉ်တစ်ခု ဖြစ်၍ အများအားဖြင့် ကိုယ်တိုင် ချက်ပြုတ်ခြင်း မပြုကြဘဲ စားတော်ပဲပြုတ်သည်ထံမှ ဝယ်ယူစားသုံးကြသည်။ စားတော်ပဲပြုတ်ရောင်းသော စျေးသည်ကို ပဲပြုတ်သည် ဟုခေါ်သည်။ အများအားဖြင့် ပဲပြုတ်သည်များသည် မနက်စောစောတွင် အရပ်အတွင်း လှည့်လည် ရောင်းချတတ်သည်။ ရန်ကုန်မြို့တွင်မူ ညနေဘက်တွင် ရောင်းချသော စျေးများတွင် ဝယ်ယူရရှိနုိင်သလို ညနေဘက်တွင် လှည့်လည်ရောင်းချသော ပဲပြုတ်သည်များလည်းရှိသည်။
[[File:Garden pea sprouts.jpg|thumb|Garden pea sprouts ready to be boiled]]
== စားတော်ပဲပြုတ် ပြုလုပ်ပုံ ==
 
# ပထမဦးစွာ စားတော်ပဲကို အနည်းဆုံး ၆ နာရီမှ ၁၂ နာရီအထိ ရေစိမ်ရပါသည်။ ရေမစိမ်မီ ပဲများတွင် အညံ့စုန်းပြူး အစေ့များ မပါအောင် ရွေးချယ်သန့်စင်ပြီးမှ ရေစိမ်ရပါမည်။ ရေစိမ်သည့်အခါ ပဲများသည် ပွလာသည်ကို ထည့်တွက်ပြီး ပဲများကို ရေမြုတ်အောင် ပိုပိုသာသာ ရေထည်သွင်းရမည်။
# ေရစိမ်ပြီးသည့်အခါတွင်လည်း ပဲအညံ့များ စုန်းပြုးများ ခွဲခြမ်းများကို ဖယ်ထုတ်သန့်စင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် နောက်အဆင့်အတွင် ပဲများကို အညှောင့်ဖောက်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ပဲ အညံ့များ စုန်းပြူးများ ခွဲခြမ်းများသည် အညှောင့်ပေါက်နိုင်ခြင်းမရှိဘဲ ပုတ်သွားတတ်သောကြောင့် ဦးစွာ ဖယ်ထုတ်ရခြင်း ဖြစ်သည်။
# ပဲများကို အညှောင့်ဖေါက်ရန်အတွက် လေဝင်လေထွက် ကောင်းမွန်သော စကာပေါက်ပါသည့် အရွယ်တော် ခွက်တစ်ခုလိုအပ်ပါသည်။ ဝါးဖြင့်ကျဲကျဲယက်ထားသော တောင်းခွက်ဖြစ်စေ ဇကာပေါက်ပါသော ပလပ်စတစ်ခွက်ဖြစ်စေ အသုံးပြုနိုင်သည်။ ဦးစွာ ပိတ်စပါးပါးကို ရေစိမ်ပြီး ညှစ်ပြစ်ကာ ဇကာပါသော ခွက်တွင် ခင်းရပါမည်။ ထိုနောက် ရေစိမ် သန့်စင်ထားသော ပဲများကို ပိတ်စပေါ်တွင် ဖြန့်ခင်းရပါမည်။ ထို့နောက် ပဲများကို အလင်းရောက်လုံစေမည့် ပိတ်စအထူဖြင့် နှစ်ရက်ခန့် ဖုံးအုပ်ထားရပါမည်။ ဖုံးထားစဉ် တစ်ရက် လျှင်တစ်ကြိမ် နှစ်ကြိမ်ခန့် ဖွင့်ကြည့်ပြီး ရေကို စပရေးဗူးဖြင့် ဖြစ်ေစ ပါးပါးလေး ဖျန်းပေးပါ။
# တစ်ရက် နှစ်ရက်ခန့်အကြာတွင် ပဲများအညှောင်ပေါက်လာပါက ပြုတ်ရန် အဆင်သင့်ဖြစ်ပါပြီ။ ဤတွက် ပြုတ်၍လည်းရသလို ပေါင်း၍လည်း ရပါသည်။
# ပြုတ်မည်ဆိုပါက ပဲများကို ပြုတ်မည့် အိုးတွင်း ရေမြုတ်အောင်ထည့်ပါ။ ပြီးလျှင် ထန်းလျှက်ခဲကို အတန်ငယ်ထုထောင်းချေမွပြီးထည့်ပါ။ ဆား နှင့် ဆော်ဒါလည်း အနေတော်ထည့်ပြီး ပဲများ နူးအိသည်အထိ ပြုတ်ရပါမည်။ ပဲများ နူးအိလာသောအခါ စားသုံးရန် အသင့်ဖြစ်ပါပြီ။
# ပဲကို ပေါင်းမည်ဆိုပါ ဦးစွာ ပဲကို ထန်းလျှက်ရည် သို့မဟုတ် သကြား၊ ဆား၊ ဆော်ဒါ များဖြင့် သမအောင်နည်ပြီး ပေါင်းအိုးအတွင်းထည့်ကာ ပေါင်းနိုင်ပါသည်။
 
ပဲပြုတ်ကို နူးအိရန် ပြုန်ရောအချိန်မှာ ကြာမြင့်လေ့ ရှိသောကြောင့် အချိန်နှင့် စွမ်းအင်ကို ခြွေတာနိုင်ရန်အတွက် ဖိအားသုံးပေါင်းအိုး(Pressure cooker) များကို အသုံးပြု၍ မြန်ဆန်စွာ ပေါင်း/ပြုတ် နိုင်ပါသည်။