ရွှေတိုင်ညွန့်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၂ -
ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က နာမည်ကျော် ဓာတ်ပြားသီချင်း အများဆုံး စပ်ဆိုခဲ့ရာ တစ်ဦးဖြစ်သူ ရွှေတိုင်ညွန့်သည် မြန်မာ သက္ကရာဇ် ၁၃ဝ၆ ခုနှစ် မိုးရာသီ ကုန်ခါနီးခန့်တွင် နာမကျန်းဖြစ်လာသဖြင့် ဆေးရုံသို့ တက်ရောက်ကုသသော်လည်း နာလှန်မထူတော့ဘဲ ၁၃၁၆ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် ကြည့်မြင်တိုင် ဈေးကလေး ရပ်ကွက်ရှိ နေအိမ်၌ပင် ကွယ်လွန်လေသည်။ မကွယ်လွန်မီ ဆေးရုံတက်နေစဉ် အစာကောင်းစွာ မဝင်သော အချိန်၌ပင် [[အောင်ဆန်း|ဗိုလ်ချုပ်အောင်ဆန်း]] နှင့် ဗမာ့တပ်မတော် အရာရှိကြီးများ၏ တောင်းပန်ချက်အရ “တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ် မမေ့အပ်ပေသည်” အစချီသော တပ်မတော်အင်အား သီချင်းကို စပ်ဆိုပေးခဲ့ရလေသည်။ ဤသီချင်းကား ရွှေတိုင်ညွန့်၏ နောက်ဆုံး လက်ရာ ဖြစ်လေသည်။ ၁၃ဝ၆ ခုနှစ် တန်းခူးလဆန်း ၁၅ ရက် (၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်) နေ့တွင် ဖက်ဆစ်ဂျပန်အား တော်လှန်ရန် မြန်မာ့တပ်မတော်ကြီး ချီတက်သွားစဉ်က ရွှေတိုင်ညွန့်၏ တပ်မတော်သီချင်းနှင့်ပင် အောင်နိမိတ်ဖြင့် အောင်သံကြွေးခဲ့လေသည်။ ရွှေတိုင်ညွန့် မကွယ်လွန်မီ သုံးလခန့်တွင် ထိုအချိန်က စစ်အတွင်းအစိုးရ နိုင်ငံတော် အဓိပတိ [[ဒေါက်တာဘမော်]]က ရွှေတိုင်ညွန့်အား `စာဆိုတော်ဘွဲ့´ ချီးမြှင့်ခဲ့လေသည်။
 
ရွှေတိုင်ညွန့်သည် တစ်နှစ်လျှင် သီချင်းအပုဒ်ပေါင်း ၈ဝ ကျော် ရေးသား စပ်ဆိုခဲ့သည်ဟု ဆိုသည်။ သီချင်းစပ် အလွန်မြန်သူ အဖြစ်လည်း ကျော်ကြားသည်။ အကြောင်းကိစ္စပေါ်တိုင်း ဦးအုံးခင်၊ ဦးနု (ထိုအချိန်က နဂါးနီစာအုပ် အသင်းလူကြီးများ)၊ တပ်မတော် အရာရှိများ စသည်တို့သည် ရွှေတိုင်ညွန့်ထံ ချဉ်းကပ်၍ သူနှင့် အလွန်ရင်းနှီးသူ [[စောင်းဦးဘသန်း]]က တီးကာ သီချင်းကို အကောင်အထည် ဖော်ပေးလေ့ရှိသည်။ ရွှေတိုင်ညွန့် ရေးစပ်သော သီချင်းများကို အဆိုကျော် မကြည်အောင်၊ မဧမိ၊ စိန်ပါတီ၊ နဂရာမယ်မြင့်၊ ဗိလပ်ပြန်သန်း၊ ဥဩဘသောင်၊ ဂီတာစိမ်းမောင်တို့ များသောအားဖြင့် သီဆို၍ ယင်းတို့အနက် မကြည်အောင်က အများဆုံး သီဆိုခဲ့လေသည်။ ရွှေတိုင်ညွန့်သည် မှီငြမ်းပြု စပ်ဆိုရာ၌ ထူးချွန်သူဖြစ်သည်သာမက တေးသွား အဟောင်းကို မှီး၍ စကားသစ်တွင် ထည့်ရေးရာ၌၎င်း၊ထည့်ရေးရာ၌လည်းကောင်း၊ စကားအဟောင်းကို တေးသွားသစ်တွင် သွင်းရာ၌၎င်းသွင်းရာ၌လည်းကောင်း ထူးချွန်သူ ဖြစ်လေသည်။
 
ရွှေတိုင်ညွန့်၏ လက်ရာအမြောက်ဆုံး တေးများမှာ ဘာသာရေးနှင့် ဆိုင်သော တေးများပင် ဖြစ်သည်။ ရွှေတိုင်ညွန့်၏ နောက် ထူးခြားမူ တစ်ခုက သူ့သီချင်းတိုင်းလိုလိုတွင် သူ့နာမည်ကို ထည့်စပ်လေ့ ရှိခြင်း ဖြစ်သည်။ သီချင်းထဲတွင် နာမည် ထည့်လေ့ရှိသည့် သီချင်းရေးဆရာတွေထဲတွင် ရွှေတိုင်ညွန့်နှင့် နန်းတော်ရှေ့ ဆရာတင် တို့က အထင်ရှားဆုံး ဖြစ်သည်။ ရွှေတိုင်ညွန့်သည် မြန်မာမှုပြုသည့် တေးများတွင် အင်မတန်ကျွမ်းကျင်စွာ ပြုထား၍ မူလ အနောက်တိုင်းဟန် ပျောက်ပြီး ကော်ပီ သီချင်းမှန်းတောင် မသိရပါ။