ကျိန့်ဟော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.4) (robot Adding: rue:Чжен Хе
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၅ -
ကျိန့်ဟော်၏ ဘိုးဘေးများသည် အလယ်အာရှဒေသမှ တရုတ်ပြည် ယွင်နန်ဒေသသို့ ပြောင်းရွှေ့အခြေချ လာသည့် မိုဟာမက် စော်ဘွား၏ နောက်မျိုးဆက်များ ဖြစ်သည်။ ကျိန့်ဟော်၏ မူလ မျိုးရိုးအမည် တရုတ်စာလုံး ‘မာ’ သည် အာရပ်ဘာသာ ‘မိုဟာမက်’ မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကျိန့်ဟော်သည် ၁၃၇၁ သို့မဟုတ် ၁၃၇၅ ခုနှစ်တွင် မူဆလင်မိသားစုမှ ဆင်းသက်လာပြီး ညီအမ ၄ ဦးရှိသူ ဒုတိယသားဖြစ်သည်။ ကျိန့်ဟော်၏ အမည်ရင်းမှာ မာဆန်းပေါင် ဖြစ်ပြီး ဇာတိမှာ တရုတ်ပြည် ယွင်နန်ပြည်နယ် ခွန်းမင်မြို့ တောင်ဘက်အနီးရှိ ခွန်းရန်ဒေသ (ယနေ့ ကျင့်နိန်) ဖြစ်သည်။<ref name="Mills 1970, p. 5">Mills (1970), p. 5.</ref><ref>Levathes (1994), p. 61.</ref><ref name="China p. 621">''Encyclopedia of China: The Essential Reference to China, Its History and Culture'', p. 621. (2000) Dorothy Perkins. Roundtable Press, New York. ISBN 0-8160-2693-9 (hc); ISBN 0-8160-4374-4 (pbk).</ref> သူ၏ အဘိုးနှင့် အဘေး နှစ်ဦးစလုံးမှာ မက်ကာသို့ ဘုရားဖူး သွားဖူးသူ ဟာဂျီဘွဲ့ရသူများ ဖြစ်သည်။
 
၁၃၈၁ ခုနှစ်တွင် သူ၏ ဖခင်ကွယ်လွန်သည်။ ထိုနောက် မင်မင်းဆက်၏ စစ်တပ်များ ယွင်နန်အထိ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုအချိန်တွင် အသက် ၁၁ နှစ်သာ ရှိသေးသည့် မာဆန်းပေါင်သည် အဖမ်းခံရပြီး နန်းတွင်း၌ ခစားရန် အပို့ခံရသည်။ ​နောက်ဆုံးတွင်နောက်ဆုံးတွင် မာဆန်းပေါင်သည် ယုံလော့ ဧကရာဇ် (၁၄၀၃ - ၁၄၂၄) ယုံကြည်စိတ်ချရသည့် လက်ရုံးတော် ဖြစ်လာသည်။ မင်မင်းဆက်၏ ဒုတိယမြောက် မင်းဆက် ကျန့်ဝန် ဧကရာဇ်အား နန်းချရေးတွင် ကူညီပေးခဲ့သောကြောင့် ဧကရာဇ် ဖြစ်လာသည့် ယုံလော့ နန်းတက်ပြီးနောက် မာဆန်းပေါင်အား ‘ကျိန့်’ ဟူသည့် မျိုးရိုးအမည်ကို ချီးမြှင့်ခဲ့ပြီး ‘ဟော်’ဟု အမည်ပြောင်းခဲ့သည်။<ref name="Mills 1970, p. 5"/><ref name="China p. 621"/><ref>Levathes (1994), pp. 61-63.</ref>
 
၁၄၂၅ ခုနှစ်တွင် ဟုန်ရှီးဧကရာဇ်က ကျိန့်ဟော်အား နန်ကျင်းမြို့ကို ကာကွယ်ရန် ခန့်အပ်ခဲ့သည်။ ၁၄၂၈ ခုနှစ်တွင် ရွှမ်းတယ်ဧကရာဇ်က [[နန်ကျင်းမြို့]]၌ ဆောက်လုပ်ဆဲ အထပ် ၉ ထပ်ရှိသည့် [[နန်ဂျင်းမှကြွေမျှော်စင်|တာ့ပေါင်အန်း]]ဘုရားကျောင်းအား အပြီးသတ် ဆောက်လုပ်ရန် ကျိန့်ဟော်အား တာဝန်ပေးခဲ့သည်။ ၁၄၃၀ ခုနှစ်တွင်မူ ‘အနောက် သမုဒ္ဒရာ’သို့ သတ္တမအကြိမ်မြောက် စွန့်စားခန်းထွက်ရန် တာဝန်ပေးခဲ့ပြန်သည်။ <ref>Mills (1970), p. 6.</ref> ကျိန့်ဟော်သည် သတ္တမအကြိမ်မြောက်လည်း ဖြစ်သည့် နောက်ဆုံးအကြိမ် ရေကြောင်းခရီးစဉ်၏ အပြန်လမ်း ၁၄၃၃ ခုနှစ်တွင် ကွယ်လွန်သည်။