စကုမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြောက်ဖက် +မြောက်ဘက်)
စာကြောင်း ၄၅ -
 
==သမိုင်းကြောင်း==
စကု ဟူသော အမည်ကို တကောင်းရာဇဝင်ပါ မဟာသမ္ဘဝ ၊ စူဠသမ္ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့၏ အကြောင်းနှင့်  ဆက်စပ်ပြောဆိုလေ့ ရှိကြသည်။ ထိုမျက်မမြင်မင်းသားနှစ်ပါးတို့အား ဧရာဝတီမြစ်ရိုးအတိုင်း ဖောင်နှင့်မျှောလိုက်ရာ စစ်ကိုင်းမှ စန္ဒမုခီ ဘီလူးမသည် ဖောင်ပေါ်တွင်အတူစီးလိုက်ပါခဲ့လေသည်။ လမ်းတွင် စားမြိန်စာများကို ခိုးစားသော ဘီလူးမအားမိ၍ မင်းသားများက သတ်မည်အပြုတွင် ၊ မျက်စိ အလင်းရအောင်ကုသပေးမည်ဟူသော ကတိပြုချက်ကြောင့် ဘီလူးမကို အသက် ချမ်းသာခွင့် ပေးလိုက်၏။ ထိုနေရာမှစ၍ မင်းသားနှစ်ပါးအား မျက်စိအလင်းရအောင် စတင် ကုသပေးသည့်အတွက် စကု  ဟုခေါ်တွင်ကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ (၃)၊စာမျက်နှာ ၃၀၄ ၊ ၃၀၅ တွင်ဖေါ်ပြထားပါသည်။မျက်စိအလင်းရသည့် နေရာကို စလင်း ဟုခေါ်ဆိုကြောင်း ပြောဆိုကြပါသည်။ သို့သော်လည်း မြေပြင်အခြေအနေမှာစလင်းသည် စကု၏မြစ်ကြောင်း အထက်တွင်  တည်ရှိနေပြီး၊ စကုသည်လည်း ဧရာဝတီမြစ်ကမ်းဘေး တွင် တည်ရှိသောမြို့ မဟုတ်သောကြောင့်  စကု နှင့် မဟာသမ္ဘဝ ၊ စူဠသမ္ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့၏ အကြောင်းနှင့်  ဆက်စပ် ပြောဆိုသော အယူအဆသည် လက်တွေ့ မကျပေ။   စကုဒေသခံများအနေဖြင့် စကု ဟူသောအမည်သည် မန်းရွှေစက်တော် နှင့် ကျောင်းတော်ရာဘုရား သမိုင်းတို့ကိုညွန်းဆို၍ ပုဏ္ဏောဝါဒသုတ် လာ သကုဏ ဟာ သကုဏ မှ သကု ၊ သကု မှ စကု ဖြစ်လာ ပြီး ငှက်ပေါရာ အရပ်ဟု ယူဆကြပါသည်။
‘ကြာသီးနု စကုတည်’အဆိုအရသက္ကရာဇ်(၂၆၇)ခုနှစ်တွင် အသင်္ခရာအမတ်ကြီးက စကုမြို့ကိုတည်ခဲ့သည်။ ကျေးငှက်ပေါများသည့်မြို့အဖြစ်ရှေးက ’သကုန’ ဟုအမည်တွင်ခဲ့သည်ဆိုသည်။ ရှေးမြို့ငယ်တစ်ခုဖြစ်၍မြန်မာမင်းများလက်ထက်အခါကမြို့ဝန်အုပ်ချုပ်ရသောမြို့ဖြစ်သည်။ မြန်မာမင်းများ လက်ထက်တွင်၊ စကုမြို့ဝန် ဟူ၍ သီးခြားထားရှိပြီး အုပ်ချုပ်စေခဲ့သည်။ ရှေးခေတ်စကုမြို့ဝန်၊မြို့သူကြီးတို့ တည်ဆောက်ကိုးကွယ်ခဲ့သော လေးထပ်ကျောင်း၊ သုံးထပ်ကျောင်း၊ မှန်ကင်းကျောင်း၊ ကန်ဦးကျောင်းစသည့် ကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ပြထားသည့် ရှေး မြန်မာပန်းပုလက်ရာတို့ကို ယခုတိုင် တွေ့နိုင်သေးသည်။ မြတ်စွာဘုရား၏ ခြေတော် နှစ်ဆူရှိသော ရွှေစက်တော် ဘုရားသည် စကုမြို့နယ် အတွင်း၌ပင် ရှိ၏။ ရွှေစက်တော် ဘုရားပွဲ ကျင်းပသည့် တပို့တွဲနှင့် တပေါင်းလတို့တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြသည်။
 
  “ကြာသီးနု၊ စကုတည်” ဟူသော မြို့တည်ဆိုရိုးစကား အရ  မြန်မာသက္ကရာဇ်၂၆၇ ခုနှစ်၊(တချို့က နု ကို သုည ဟု ယူဆပြီး ၂၆၀ ခုနှစ်) တွင် စကုမြို့ကို တည်သည်ဟု မှတ်ယူကြပါသည်။ ရှေးဟောင်းသုတေသီတစ်ဦး ရေးသားသော ရှေးခေတ်မြန်မာနိုင်ငံ မြို့ ရွာ နယ်ပယ်သမိုင်း ဖြည့်စွက်တွဲ တွင် မြန်မာနှစ် ၂၇၆ ခုနှစ်တွင် စောရဟန်းမင်း က စကုမြို့အပါအဝင်မြို့ (၈)မြို့ ကို  ပြုစုတော်မူသည် ဟု ဖေါ်ပြထားပါသည်။ ပုဂံခေတ် ကျောက်စာများတွင် စကု ဟုဖေါ်ြပထားသည်ကို မြန်မာသက္ကရာဇ် (၄၂၀) ခုနှစ်တွင် ရေးထိုး သော ဂဝံကျောင်းကျောက်စာ (မန္တလေးနန်းတွင်းရုံ ကျောက်တိုင်   အမှတ် ၁၀) တွင် တွေ့ရှိရပါသည်။
 
   ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်သော မဏိရတနာပုံကျမ်းတွင် ကျန်စစ်သားမင်း သည် သားတော်(ရာဇကုမာ) ကို  သီရိခေတ္တရာ  ဟူသောအမည်နှင့်တကွ စကုမြို့တောင်စဉ်   (၇) ခရိုင်ကို ပေး၍ စကုတွင် နေရလေသည် ဟုဖေါ်ပြထားပါသည်။
 
  ဇာတာတော်ပုံရာဇဝင်တွင် စကုမြို့ ကို မြန်မာနှစ် (၆၆၁) ခုနှစ် တွင်တည်ပြီး၊ အကျယ်အဝန်း တာ(၇၁၀)၊ လေးရာပြုမြို့ ဟုဖေါ်ပြထားပါသည်။
 
    တင်နိုင်တိုး ၏ မြန်မာမြို့အဘိဓါန် စာအုပ်တွင် စကုမြို့ ကို တောင်တွင်းမင်း သီဝိပဒေ က ခရစ်နှစ် ၁၂၉၉ နိုဝင်္ဘာ ၃၀ ရက် (မြန်မာနှစ် ၆၆၁ ခုနှစ်၊ နတ္တော်လဆန်း ၇ ရက်) နေ့တွင် မြို့သစ်တည်ထောင်သည် ဟုဖေါ်ပြထားပါသည် ။
 
   မြန်မာနှစ် (၆၇၉) ခုနှစ် ထိုး အနန္တသူမောင်နှံကျောင်း ကျောက်စာ (ပုဂံပြတိုက် ကျောက်တိုင်အမှတ် ၇၃) မှာ စကုခရိုန် ဟု ရေးထိုးထားသည် ကိုတွေ့ရပါသည်။
 
‘ကြာသီးနု စကုတည်’အဆိုအရသက္ကရာဇ်(၂၆၇)ခုနှစ်တွင် အသင်္ခရာအမတ်ကြီးက စကုမြို့ကိုတည်ခဲ့သည်။ ကျေးငှက်ပေါများသည့်မြို့အဖြစ်ရှေးက ’သကုန’ ဟုအမည်တွင်ခဲ့သည်ဆိုသည်။ ရှေးမြို့ငယ်တစ်ခုဖြစ်၍မြန်မာမင်းများလက်ထက်အခါကမြို့ဝန်အုပ်ချုပ်ရသောမြို့ဖြစ်သည်။ မြန်မာမင်းများ လက်ထက်တွင်၊ စကုမြို့ဝန် ဟူ၍ သီးခြားထားရှိပြီး အုပ်ချုပ်စေခဲ့သည်။ ရှေးခေတ်စကုမြို့ဝန်၊မြို့သူကြီးတို့ တည်ဆောက်ကိုးကွယ်ခဲ့သော လေးထပ်ကျောင်း၊သစ်သားရုပ်စုံကျောင်းကြီးများဖြစ်သည့် သုံးထပ်ကျောင်း၊သုံးထပ်ကျောင်းနှင့် မှန်ကင်းကျောင်း၊မှန်ကင်းကျောင်းစသည့် ကန်ဦးကျောင်းစသည့် ကျောင်းကြီးများတွင်ရုပ်စုံကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ပြထားသည့် ရှေး မြန်မာပန်းပုလက်ရာတို့ကို ယခုတိုင် တွေ့နိုင်သေးသည်။တွေ့နိုင်ပြီ အသင်္ခယာ ရှေးဟောင်းအုတ်ကျောင်းကြီးကိုလည်း လေ့လာနိုင်ပါသည်။ မြတ်စွာဘုရား၏ ခြေတော် နှစ်ဆူရှိသော ရွှေစက်တော် ဘုရားသည် စကုမြို့နယ် အတွင်း၌ပင် ရှိ၏။ ရွှေစက်တော် ဘုရားပွဲ ကျင်းပသည့် တပို့တွဲနှင့် တပေါင်းလတို့တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြသည်။
 
 
 
 
 
 
 
   
 
 
 
       
 
  
 
==ဒဏ္ဍာရီ==
စကုမြို့ဟု အမည်တွင်ရခြင်းကို တစ်ကောင်းခေတ်မှ မဟာသမ္ဘဝ၊ စူဠသမ္ဘဝတို့၏အကြောင်းနှင့် ဆက်စပ်ပြောလေ့ရှိကြသည်။ ထိုမျက်မမြင်မင်းသား နှစ်ပါးတို့အား ဧရာဝတီမြစ်ရိုးတွင် ဖောင်ဖြင့်မျှောလိုက်ရာ စစ်ကိုင်းမှ စန္ဒမုခီ ဘီလူးမသည် ဖောင်ပေါ်တွင် အတူစီးလိုက်ခဲ့လေသည်။ လမ်းတွင် စားမြိန်စာများကို ခိုးစားသော ဘီလူးမအားမိ၍ မင်းသားများကသတ်မည် အပြုတွင် မျက်စိအလင်းရအောင် ကုပေးပါမည်ဟု ကတိပြုချက်ကြောင့် အသက်ချမ်းသာပေးလိုက်၏၊ ထိုနေရာမှစ၍
မင်းသားနှစ်ပါးအား မျက်စိအလင်းရအောင် စတင်ကုပေးသည့် အတွက် စကုဟု ခေါ်ကြောင်း အဆိုရှိ၏။
 
 
Line ၆၂ ⟶ ၈၅:
 
==ကိုးကား==
<references/>2l ဇော်မျိုးဦး{{မကွေးတိုင်း}}
<references/>
 
{{မကွေးတိုင်း}}
{{မြန်မာတိုင်းနှင့် ပြည်နယ်များ}}
[[Category:မြန်မာနိုင်ငံရှိ မြို့များ]]