စကုမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၁ -
 
စကုမြို့နယ်၏ အဓိက လုပ်ငန်းမှာ လယ်ယာ စိုက်ပျိုးခြင်း ဖြစ်၏။ လယ်ယာစိုက်ပျိုးခြင်း များကို မန်းချောင်းမှ ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ စကုနယ်မှထွက်သည့် စကုဗြတ် ခေါ်သော စပါးသည် နာမည်ကြီး၏။ 'စပါးမှာ စကုဗြတ်၊ မယားမှာ တစ်ခုလပ်'ဟုပင် ဆိုရိုး ရှိခဲ့သည်။ အိုင်မဆည်(မန်းဘူးမြောင်း)နှင့် မဲဇလီဆည်(မုန်းတူးမြောင်း) စီမံကိန်းအရ စိုက်ဧရိယာများစွာ ရေသွင်းနိုင်ပြီးတစ်နှစ်ပတ်လုံးသီးထပ်သီးညှပ်များဖြင့် ဝေဆာလျက်ရှိသည်။ မန်းရေနံမြေ စီမံကိန်းသည် မင်းဘူးစကုမြို့နယ်၏ ထင်ရှားလှသော စီးပွားရေးကဏ္ဍာတစ်ရပ်ဖြစ်၍ ယခုအခါ ဓာတ်ငွေ့စက်ရုံ တစ်ရုံ တိုးချဲ့တည်ဆောက်ပြီး ဖြစ်သည်။
စကုမြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၁၅၂ ယောက်မျှ ဖြစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
မြို့၏အရှေ့၌ထေရ်ကြီးနှင့်သကျမဉ္ဇူစေတီများ၊တောင်ဘက်၌ကန်ပေါက်ကြီးနှင့်ပုညရှင်စေတီများ၊အနောက်၌ဇရပ်ကြီးနှင့်ရွှေကျမ်းစေတီ၊မြောက်ဘက်တွင်ရွှေတော်ရကြီးစေတီနှင့်မန်းချောင်းတို့သည်တည်ရှိသဖြင့်ကြီးလေးကြီးရံသောမြို့ဟုဆိုကြသည်။ မြို့တွင်းမြို့ပြင်စေတီပုထိုးတစ်ရာခန့်ရှိပြီးကျောင်းကန်ဘုရားတို့ကိုအုတ်စင်္ကြန်များပေါများမှုကို တင်စား၍ပုဂံဘုရား၊ စကုတံတားဟု ဆိုရိုးတွင်သည်။ ရှေးမြန်မာတို့၏အနုပညာလက်ရာများဖြင့်တခမ်းတနားတည်ဆောက်ထားခဲ့သောရှေးဟောင်းသာသနာ့ အဆောက်အအုံများမှာယနေ့တိုင်စကုမြို့ဝန်းကျင်တွင်တွေ့မြင်နိုင်ပေသည်။
 
စကုမြို့၌ နေ့စဉ် အရုဏ်ဆွမ်းလောင်းအဖွဲ့နှင့် နေ့ဆွမ်းလောင်းအဖွဲ့တို့ ရှိကြပြီး နှစ်စဉ်ပရိယတ္တိ စာပြန်ပွဲ နှစ်ကြိမ်ကျင်းပသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း သုံးဌာနရှိပြီးဝတ်ပြုအဖွဲ့ (၁၂)ဖွဲ့ရှိသဖြင့် အဖိတ်ဥပုသ်နေ့ ညနေတိုင်း ဓမ္မာရုံများ၌ ရွတ်ဆိုပူဇော်လေ့ရှိသည်။ မန်းရွှေစက်တော်ပါဒစေတီသို့ စကုမှတစ်ဆင့် လမ်းသုံးသွယ်ဖြင့် သွားနိုင်သည့်အပြင် မြောက်ဘက်ရှိ လယ်ကိုင်းစန္ဒကူး နံ့သာရုပ်ပွားတော်နှင့် ကျောင်းတော်ရာစေတီများသို့သွားရောက် ဖူးမြော်နိုင်သည်။ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်များသို့သွားရာ ခရီးစခန်းတစ်ခုဖြစ်၍ အေးဆေးစွာနေလိုသူတို့အတွက် နားခိုရန်သင့်လျော်သည့် မြို့တစ်မြို့ဖြစ်သည်။
   
==ကိုးကား==
<references/>2l2. ဇော်မျိုးဦး{{မကွေးတိုင်း}}
{{မြန်မာတိုင်းနှင့် ပြည်နယ်များ}}
[[Category:မြန်မာနိုင်ငံရှိ မြို့များ]]