ဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:ပက်ချယ်ဘဲလ် မိသားစုကို ဖယ်ရှားခဲ့သည်
→‎ကိုယ်ရေးအကျဉ်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၅ -
 
==ကိုယ်ရေးအကျဉ်း==
ဝီလ်ဟမ် ဟီရွန်နမုစ် ပက်ချယ်ဘဲလ်သည် အာရ်ဖတ်ထ်မြို့၌ ဖွားမြင်ခဲ့သည်။ ၁၆၉၀ ခုနှစ်တွင် စတုဂတ်မြို့သို့ လည်းကောင်း၊ ၁၆၉၂ တွင် ဂိုသာမြို့ (Gotha) သို့လည်းကောင်း၊ ၁၆၉၅ တွင် နုရင်ဘတ်ဂ် မြို့သို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ငယ်စဉ်ကပင် ဂီတပညာကို သူ၏ဖခင်ထံမှ သင်ယူခဲ့သည်။ အသက် ၁၄ နှစ် အရွယ်လောက်ကပင် ဖြော်ဖြေနိုင်သည့်အဆင့်သို့ဖျော်ဖြေနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပေသည်။
 
၁၇၀၆ မတိုင်ခင်တွင် သူသည် အာရ်ဖတ်ထ်မြို့၌ ဘုရားကျောင်းအော်ဂန်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဖခင်ကွယ်လွန်ပြီးသောအခါတွင် နုရင်ဘတ်ဂ်သို့ ပြန်လာ၍ စိန့် အယ်ဂျီဒီယန်း (St. Egidien) ဘုရားကျောင်း၌ လုပ်ကိုင်ခဲ့သည်။ ၁၇၁၉ ခုနှစ် တွင် စိန့် ဆီဘဲလ်ဒပ်စ် (St. Sebaldus) ဘုရားကျောင်းတွင် အော်ဂန်ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သူသည် ဘဝတစ်လျှောက်လုံး နုရင်ဘတ်ဂ်မြို့၌သာ နေထိုင်ခဲ့ပြီး ၁၇၆၄ ခုနှစ်၌ ကွယ်လွန်ခဲ့လေသည်။