ခေါက်ဆွဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၉ -
မြန်မာနိုင်ငံရှိ ခေါက်ဆွဲဆိုင်များတွင် တွေ့ရသော ခေါက်ဆွဲလုပ်နည်းမှာ လူ့ခါးတစ်ရပ်ခန့်မြင့်သော စားပွဲပေါ်တွင် တစ်လံကျော်မျှ ရှည်လျားသော ဒလိမ့်ဖြင့် ဂျုံကို နယ်သည်။ အကြိမ်ကြိမ် အဖန်ဖန် နယ်ပြီးနောက် ဂျုံသားကို ပါးပါးဖြစ်အောင် ဒလိမ့်ဖြင့် လှိမ့်ပေးရသည်။ ထိုဂျုံသားပါးပါးကို အလိုရှိသလို ခေါက်၍ ဂျုံခေါက်ကို ဓားဖြင့် အကွင်းလိုက် လှီးသောအခါ အမျှင်တန်းနေသော ခေါက်ဆွဲကို ရလေသည်။
 
ခေါက်ဆွဲကို ချက်ပြုတ် စားသောက်ရာ၌ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်၊​ခေါက်ဆွဲပြုတ်၊ ဆီချက်ခေါက်ဆွဲ၊ [[ကော်ရည်ခေါက်ဆွဲ]]၊ ပန်းသေးခေါက်ဆွဲ၊ ဗမာခေါက်ဆွဲဟူ၍ စီမံယူသော နည်းအလိုက် အမျိုးမျိုးရှိသည်။ အချို့ဟိုတယ်ကြီးများတွင် အထူးစီမံထားသော ခေါက်ဆွဲများရှိသည်။ ခရုအသားများ ထည့်ထားသော ခရုခေါက်ဆွဲနှင့် ဂျုံကို ကြက်ဥနှင့်ရော၍ ပြုလုပ်ထားသော ကြက်ဥခေါက်ဆွဲတို့သည် ပို၍ အရသာထူးသဖြင့် ဈေးကြီးပေးဝယ်ရသည်။
ခေါက်ဆွဲသည် အာဟာရဓာတ် ပါရှိသော အစာဖြစ်သည့်ပြင် စားရာ၌လည်း အရသာရှိသဖြင့် ယင်းကို လူမျိုးတိုင်းလိုပင် နှစ်သက်ကြပေသည်။