ကိလေသာ: တည်းဖြတ်မှု မူကွဲများ

Cleanup and Wikifying in progress
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
==ကိလေသာ အကျဉ်း(၁၀)ပါး==
=== လောဘ ===
လောဘ ဆိုသည်မှာ လိုချင်တပ်မက်ခြင်းကို ခေါ်သည်။ ရာဂ သည် တရားကိုယ်အားဖြင့် လောဘတွင် ပါဝင်သည်။
 
=== ဒေါသ ===
ဒေါသ ဆိုသည်မှာ အမျက်ထွက်ခြင်းကို ခေါ်သည်။ စိတ်အတွင်းတွင် တနုံ့နုံ့ဖြင့် အသားတွင်းသို့ ဆူးဝင်သည့်ပမာ မျက်နေခြင်း၊ စိတ်အတွင်းတွင် တင်းပြီး မပေါက်ကွဲသေးသော အဆင့် ရုပ်ပိုင်းဆိုင်ရာ အားဖြင့် မည်သို့မျှ မပြုရသေးသည်ကို ကောဓ (အမျက်) ဟု ခေါ်သည်။ ကောဓမှ အပြင်ကို ပေါက်ကွဲထွက်ပါက ဒေါသဖြစ်သည်။ ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးမှ ကောဓ မဖြစ်ရပါလို၏ ၊ ဒေါသ မဖြစ်ရပါလို၏ဟု ခွဲခြားပြီး ဆုတောင်း အဓိဋ္ဌာန်ပြုခဲ့သည်ကို တွေ့ရသည်။
 
=== မောဟ ===
မောဟ ဆိုသည်မှာ တွေဝေမိုက်မဲခြင်းကို ခေါ်သည်။ မောဟ၏ သဘောတရားကို အများစုမှာ သဘောမပေါက်ကြဘဲ ရောထွေးနေတတ်ကြသည်။ အဝိဇ္ဇာနှင့် မောဟ နှစ်ခုစလုံးသည် မသိခြင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကွဲပြားခြားနားသည်။ [[သစ္စာလေးပါး|သစ္စာ (၄) ပါး]]ကို မသိခြင်းသည် အဝိဇ္ဇာ ဖြစ်ပြီး ဒိဋ္ဌိနှင့် ဆက်နွယ်နေသည်။ မိမိလုပ်နေသော အလုပ်အပေါ်တွင် သတိမကပ်ဘဲ တွေဝေငေးငိုင်စွာ လုပ်နေခြင်း၊ မိမိလုပ်နေသော အလုပ်ကို ကုသိုလ် အကုသိုလ်ဟူ၍ ခွဲခြား မသိခြင်းသည် မောဟဖြစ်သည်။ သစ္စာမသိခြင်းလောက် အဆင့်မမြင့်ပေ။ သစ္စာမသိလျှင် သံသရာ လည်မည် မောဟများလျှင် အပယ်လားမည်ဟု ပြောဆိုလေ့ ရှိကြသည်။
 
စာကြောင်း ၁၃ -
နောက်ထပ် ဥပမာ တစ်ခု ပေးရမည် ဆိုလျှင် လူတစ်ယောက်သည် အတိတ်ကို တွေးလျှင် ဒေါသဖြစ်မည် ဖြစ်၍ ဘာမှ ပြန်လုပ်၍ မရတော့သော အတိတ်ကို မတွေးရန် လိုအပ်သည်။ အနာဂတ်ကို တွေးလျှင် လောဘဖြစ်မည် ဖြစ်ပြီး အနာဂတ်က မရောက်သေး၍ ဖြစ်တတ်ပျက်တတ်သော သံသရာတွင် ကြိုတင်၍ လောဘစိတ်မထားရန် လိုအပ်သည်။ ပစ္စုပ္ပန်တွင်တော့ မောဟဖြင့် မနေနှင့်ဟု ဆုံးမလေ့ ရှိကြသည်။ သတိနှင့် နေ၍ ကုသိုလ် အကုသိုလ် ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟ ကင်းခြင်းပင် ဖြစ်သည်။ ပညာအဆင့်မြင့်လာ၍ သစ္စာတရာများကို ရှုမြင်လာသည့် အခါတွင် အဝိဇ္ဇာပါ ကင်းစင်လာပေလိမ့်မည်။ မောဟ၏ တွေဝေမှုတွင် ပြုမူချက်များက ရှိနေပေဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်မနေသင့်ပေ။
 
=== မာန ===
 
မာန ဆိုသည်မှာ ထောင်လွှားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ မာန်တက်နေသည် မာနကြီးနေသည်ဟု ပြောလေ့ ရှိကြသည်။ မာန (၃) မျိုးရှိသည်။
 
* သေဌမာန် = ငါသာမြတ်တယ် လို့ မာန်တက်ခြင်း
* သဒိသမာန် = ငါနှင့် တန်းတူတွေပါပဲ လို့ မာန်တက်ခြင်း
* ဟိနမာန် = ငါကား နိမ့်တယ် ၊ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး လို့ မာန်တက်ခြင်း တို့ ဖြစ်သည်။
 
မာန်တက်ရန် (၃) ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
စာကြောင်း ၂၆ -
* ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်သည်။
 
=== ဒိဋ္ဌိ ===
 
ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း ။
စာကြောင်း ၄၁ -
(ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၄င်း ဒိဌိ ဖြစ်လာပါတယ်။
 
=== ဝိစိကိစ္ဆာ ===
 
ဝိစိကိစ္ဆာ ဆိုသည်မှာ တွေးတော ယုံမှားခြင်းသဘော ၊ သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘောကို ခေါ်ဆိုခြင်း ဖြစ်သည်။
စာကြောင်း ၅၅ -
ဒိဌိ နဲ့ ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပါပြီ ။
 
=== ထိနမိဒ္ဓ ===
ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း ။
 
=== ဥဒ္ဓစ္စ ===
ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။
 
=== အဟိရိက ===
အဟိရိက = မကောင်းမှုလုပ်ရမှာ မရှက်ခြင်း ။
 
=== အနောတ္တပ္ပ ===
အနောတ္တပ္ပ = မကောင်းမှုလုပ်ရမှာ မကြောက်ခြင်း
 
 
== ကိလေသာ ၁၅၀၀ ဖြစ်ပုံ ==
ဒါတွေဟာ ကိလေသ ( ၁၀ ) ပါး (အပြား ၁၅၀ဝ )ဖြစ်ပါတယ်။