ဂင်္ဂါမြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၅ -
ဂင်္ဂါမြစ်လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ ယမုံနာမြစ် လက်တက်ကြီး စီးဝင်သည်။ ထိုမြစ်နှစ်သွယ်အကြားရှိ ဒိုအပ်မြေခေါ် စပ်ကြားလွင်ပြင်သည် ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် မြေဩဇာ အကောင်းဆုံးဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတစ်ခု ဖြစ်သည်။
 
ဂင်္ဂါမြစ်ကမ်းတွင် [[ဗာရာဏသီမြို့]]၊ ပါတလိပုတ်ဟု တွင်ခဲ့သော ပတ္တနာမြို့နှင့် ကွန်ပိုမြို့ကြီးများရှိသည်။ ဂင်္ဂါမြစ်အတွင်းသို့ ဂုမ္မတီ၊​ဂုမ္မတီ၊ ဂေါ့ဂရာ၊ ဂန်ဒတ် မြစ်လက်တက်များ စီးဝင်ကြသည်။
 
လွင်ပြင်ကြီး တလျှောက် အရှေ့တောင်ယွန်းယွန်းသို့ တဖြည်းဖြည်း စီးဆင်းခဲ့ရာ [[ကာလကတ္တားမြို့]]မှ အထက်မိုင် ၂၀၀ ခန့်ဝေးသ့် နေရာတွင် မြစ်ညာမှ နုန်းမြေများစွာ သယ်ယူခဲ့သော ဗြဟ္မပုတ္တရမြစ်နှင့် ပေါင်းဆုံသည်။ ထိုအခါ ကျယ်ပြန့်သော မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်ထွန်းစေလျက် [[ဘင်္ဂလား ပင်လယ်အော်]]ထဲသို့ မြစ်ကြောင်းများစွာ ခွဲပြီးလျှင် စီးဝင်လေသည်။ ဟူဂလီမြစ်ရေမှာ ရေကြောင်းအလွန်နက်သဖြင့် ပင်လယ်မှ မိုင် ၈၀ ဝေးသော ကာလကတ္တားမြို့ တိုင်အောင် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်နိုင်သည်။ မြစ်ဝကျွန်းပေါ် ဒေသများတွင် ရွှံ့ညွန် လတာပြင်ကြီးများနှင့် ကိုင်းတောကြီးများ ရှိခြင်းကြောင့် သားရဲ တိရစ္ဆာန်များ၊​တိရစ္ဆာန်များ၊ ကျားများနှင့် မိကျောင်းများ အထူးပေါများလေသည်။
 
အယူဝါဒအားဖြင့် ဂင်္ဂါမြစ်သည် ဟိန္ဒူလူမျိုးများ အထွတ်အမြတ် ထားအပ်သော မြစ်ဖြစ်သည်။ ဂင်္ဂါမြစ်ရေကို ချိုးခြင်းဖြင့် မကောင်းမှုမှ စင်ကြယ်စေသည်ဟု ယူဆကြသည့်ပြင် ဟိန္ဒူလူမျိုးများ ကွယ်လွန်လျှင် ၎င်းတို့၏ အရိုးပြာကို ဂင်္ဂါမြစ်ထဲသို့ စွန့်ပစ်နိုင်ပါက ကောင်းမွန်ရာသို့ ဧကန်ရောက်နိုင်မည်ဟု ယုံကြည်ကြသည်။