ကြောင်ကြီးမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် သံတူကြောင်းကွဲ လင့်ခ်များ
စာကြောင်း ၄၀ -
 
== အမျိုးအစားခွဲခြားသတ်မှတ်ခြင်း ==
၁၉ နှင့် ၂၀ ရာစုများအတွင်းမှ စူးစမ်းရှာဖွေသူများနှင့် သဘာဝသမိုင်းပြတိုက် ၀န်ထမ်းများက များပြားလှသော မျိုးစုခွဲများ (သို့) ထိုစဉ်အချိန်က သုံးနှုန်းသော မျိုးနွယ်စုများ အားလုံးကို ''ကြောင်ကြီးမျိုးစု''၏ မျိုးစိတ်များအဖြစ် အကြံပြုခဲ့ကြလေသည်။ ဇီဝမျိုးခွဲခြားမှုပညာရှင် ''"ပိုကော့ခ်"'' သည် [[လန်ဒန်မြို့|လန်ဒန်]] သဘာဝသမိုင်းပြတိုက်မှ သတ္တဗေဒဆိုင်ရာ စုဆောင်းထားမှုမှရရှိသော‌ မျိုးစိတ်နမူနာပုံစံများဖြင့် မျိုးစိတ် အုပ်စုဖွဲ့ထားမှုများအား ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ရာ စာရင်းဇယားမှာ သိသိသာသာ တိုတောင်းသွားစေခဲ့သည်။<ref>{{Cite journal|year=1930|title=The panthers and ounces of Asia|journal=Journal of the Bombay Natural History Society|volume=34|issue=1|pages=65–82}}</ref><ref>{{Cite journal|year=1932|title=The leopards of Africa|journal=Proceedings of the Zoological Society of London|volume=102|issue=2|pages=543–591}}</ref><ref>{{Cite journal|year=1939|title=The races of jaguar (''Panthera onca'')|journal=Novitates Zoologicae|volume=41|pages=406–422}}</ref> ၁၉၈၀ ခုနှစ် နှောင်းပိုင်းကာလများမှစ၍ ''ကြောင်ကြီးမျိုး'' မျိုးစိတ်များစွာသည် [[မျိုးရိုးဗီဇပညာ|မျိုးရိုးဗီဇဆိုင်ရာ သုတေသန]]၏ စိတ်အဝင်စားဆုံး အကြောင်းအရာဖြစ်လာခဲ့ပြီး အများစုမှာ သီးခြားပိတ်‌လှောင်မွေးမြူထားမှုများမှ ရရှိသော မျိုးစိတ်နမူနာပုံစံများကို အသုံးပြုခဲ့ကြလေသည်။ လေ့လာမှုရလဒ်များအရ [[ခြင်္သေ့]]နှင့် [[ကျားသစ်]] မျိုးစိတ်များသည် ဗီဇမျိုးရိုး ကွဲပြားမှုမှာ ပြည့်စုံခြင်းမရှိသောကြောင့် ၎င်းတို့အကြား မေးခွန်းထုတ်စရာဖြစ်နေခဲ့လေသည်။<ref name="OBrien1987">{{Cite journal|year=1987|title=Biochemical genetic variation in geographic isolates of African and Asiatic lions|journal=National Geographic Research|volume=3|issue=1|pages=114–124}}</ref><ref>{{Cite journal|year=1996|title=Phylogeographic subspecies recognition in leopards (''Panthera pardu''s): Molecular genetic variation|url=https://archive.org/details/sim_conservation-biology_1996-08_10_4/page/1115|journal=Conservation Biology|volume=10|issue=4|pages=1115–1132}}</ref> နောက်ပိုင်းတွင် အာဖရိက ကျားသစ်ကောင်ရေအားလုံးကို (''P. p. pardus)'' အနေဖြင့် အုပ်စုဖွဲ့ရန်နှင့် အာရှကျားသစ် ကောင်ရေအားလုံးအတွက် [[နှစ်လုံးသုံး အမည်ပေးစနစ်|မျိုးစိတ်ခွဲအဖြစ် အမည်ပေးမည့်]] (၈)ခုကိုသာလျှင် သီးခြားအခွဲများအနေဖြင့် ဆက်လက်ထားရှိရန် အဆိုပြုခံခဲ့ရသည်။<ref>{{Cite journal|year=2001|title=''Phylogenetics, genome diversity and origin of modern leopard,'' Panthera pardus|url=https://archive.org/details/sim_molecular-ecology_2001-11_10_11/page/2617|journal=Molecular Ecology|volume=10|issue=11|pages=2617–2633}}</ref>
 
[[မျိုးရိုးဗီဇပညာ|မျိုးရိုးဗီဇဆိုင်ရာ သုတေသန]] အပေါ် အခြေခံ၍ သက်ရှိထင်ရှားရှိနေသမျှသော ဆဟာရမျိုးခွဲ ခြင်္သေ့ ကောင်ရေအားလုံးကို ''(Panthera leo leo)'' အနေဖြင့် အုပ်စုဖွဲ့ရန် အကြံပြုခဲ့ကြသည်။<ref>{{Cite journal|year=2005|title=Molecular genetic variation across the southern and eastern geographic ranges of the African lion, ''Panthera leo''|journal=Conservation Genetics|volume=6|issue=1|pages=15–24|doi=10.1007/s10592-004-7729-6|url=https://www.researchgate.net/publication/226066591}}</ref> ဓာတ်မှန်ရိုက်ကူးထားသော ရလဒ်များ ၏လေ့လာမှုအရ ညွှန်ပြနေသည်မှာ အနောက်နှင့် ဗဟိုအာဖရိကဒေသများမှ ခြင်္သေ့များသည် အိန္ဒိယခြ‌င်္သေ့များနှင့် ပို၍အမျိုးနီးစပ်သည်ကို တွေ့ရှိခဲ့ကြသည်။<ref>{{Cite journal|title=Genetic diversity, evolutionary history and implications for conservation of the lion (''Panthera leo'') in West and Central Africa|doi=10.1111/j.1365-2699.2011.02500.x|journal=[[Journal of Biogeography]]|volume=38|issue=7|pages=1356–1367|year=2011|url=http://dspace.learningnetworks.org/bitstream/1820/4311/1/2011_Bertola,Hooft,Vrieling,Weerd,York,Bauer,Prins,Haes,Iongh_GeneticDiversityEvolutionaryHistoryAndImplicationsForConservationOfTheLionInWestAndCentralAfrica.pdf}}</ref> <ref>{{Cite journal|year=2016|title=Phylogeographic patterns in Africa and High Resolution Delineation of genetic clades in the Lion (''Panthera leo'')|journal=Scientific Reports|volume=6|doi=10.1038/srep30807}}</ref>