အင်ဒိုနီးရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၃ -
[[File:Borobudur ship.JPG|thumb|right| ဗောရောဗုဓော ဘုရားတွင် ထွင်းထုထားသော ဗောရောဗုဓော သင်္ဘော အေဒီ ၈၀၀။ ကျွန်းစုများမှ သင်္ဘောများသည် အာဖရိက အရှေ့ဘက် ကမ်းရိုးတန်းသို့ အေဒီ ၁ ရာစုခန့်ကပင် ကုန်သွယ်ရန် အတွက် သွားလာခဲ့ကြသည်ဟု ယူဆရသည်။<ref>{{cite book|title=A short history of Indonesia: the unlikely nation?|url=https://archive.org/details/shorthistoryindo00brow|author=Brown, Colin|year=2003|publisher=Allen & Unwin|isbn=1-86508-838-2|page=[https://archive.org/details/shorthistoryindo00brow/page/13 13]}}</ref>]]
 
လွန်ခဲ့သော နှစ်ပေါင်း ၁.၅ သန်း နှင့် ၃၅,၀၀၀ နှစ် ကြားတွင် ဟိုမို အီရပ်တပ်စ် ဟု သိကြသော ဂျားဗားလူများ အင်ဒိုနီးရှားကျွန်းစုများတွင် နေထိုင်ကြသည်ဟု ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် လက်နက်ကိရိယာ အကြွင်းအကျန်များမှ ဖော်ပြနေသည်။<ref>{{cite journal|title=Shell tool use by early members of Homo erectus in Sangiran, central Java, Indonesia: cut mark evidence|doi=10.1016/j.jas.2006.03.013|year=2007|author1=Choi, Kildo|author2=Driwantoro, Dubel|journal=Journal of Archaeological Science|volume=34|page=48}}</ref><ref>{{cite web|url=http://www.terradaily.com/reports/Finding_showing_human_ancestor_older_than_previously_thought_offers_new_insights_into_evolution_999.html|title=Finding showing human ancestor older than previously thought offers new insights into evolution|publisher=TerraDaily|date=5 July 2011|accessdate=29 January 2012|deadurl=no|archiveurl=https://web.archive.org/web/20171127124833/http://www.terradaily.com/reports/Finding_showing_human_ancestor_older_than_previously_thought_offers_new_insights_into_evolution_999.html|archivedate=27 November 2017|df=dmy-all}}</ref><ref>{{Cite journal|author=Pope, G.G.|title=Recent advances in far eastern paleoanthropology|url=https://archive.org/details/sim_annual-review-of-anthropology_1988_17/page/43|journal=Annual Review of Anthropology|volume=17|pages=43–77|year=1988|doi=10.1146/annurev.an.17.100188.000355}} cited in {{cite book|author1=Whitten, T.|author2=Soeriaatmadja, R.E.|author3=Suraya, A.A.|title=The Ecology of Java and Bali|publisher=Periplus Editions|year=1996|location=Hong Kong|pages=309–412}}; {{Cite journal|author=Pope, G.G.|title=Evidence on the age of the Asian Hominidae|journal=Proceedings of the National Academy of Sciences of the United States of America|volume=80|issue=16|pages=4988–4992|year=1983|pmid=6410399|doi=10.1073/pnas.80.16.4988|pmc=384173}}; {{Cite journal|author1=de Vos, J.P.|author2=Sondaar, P.Y.|title=Dating hominid sites in Indonesia|journal=Science|volume=266|issue=16|pages=4988–4992|year=1994|doi=10.1126/science.7992059}}</ref> ဟိုမိုဆေးပီးယန်းတို့သည် ထိုဒေသသို့ လွန်ခဲ့သော နှစ်ပေါင်း ၄၅,၀၀၀ ခန့်က ရောက်ရှိခဲ့ကြသည်။ <ref>{{cite web|url=https://www.smithsonianmag.com/history-archaeology/human-migration.html|title=The Great Human Migration|author=Gugliotta, Guy|publisher=Smithsonian Maganize|date=July 2008|accessdate=21 August 2011}}</ref> ယနေ့ခေတ်လူများ၏ အဓိက အစိတ်အပိုင်းဖြစ်သော အော်စထရိုနီးရှန်းလူမျိုးများသည် အရှေ့တောင်အာရှသို့ ယနေ့ခေတ် ထိုင်ဝမ်နေရာမှ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ဘီစီ ၂,၀၀၀ ခုနှစ်ခန့်တွင် ရောက်ရှိလာခဲ့ပြီး ကျွန်းစုများတလျှောက် ပျံ့နှံ့သွားခဲ့ကြကာ ဒေသရင်း မီလာနီးရှန်းလူမျိုးများအား အရှေ့ပိုင်းဒေသများသို့ တွန်းပို့ခဲ့ကြသည်။ {{sfn|Taylor|2003|pp=5–7}} စိုက်ပျိုးမွေးမြူရေး လုပ်ရန် ကောင်းသော အခြေအနေနှင့် ဘီစီ ၈ ရာစုမှ စ၍ ဆန်စပါးစိုက်ပျိုးရန်အတွက် ကျွမ်းကျင်လာမှုတို့ကြောင့် ကျေးရွာများ၊ မြို့များ နှင့် နိုင်ငံငယ်များ အေဒီ ၁ ရာစုတွင် စတင်ထွန်းကားလာခဲ့ကြသည်။ အင်ဒိုနီးရှား၏ မဟာဗျူဟာကျသော ပင်လယ်ရေကြောင်းသွားလမ်းပေါ်ရှိ နေရာသည် ကျွန်းများအချင်းချင်းကြားနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို အားပေးခဲ့ပြီး အိန္ဒိယဘုရင်နိုင်ငံများ နှင့် တရုတ်မင်းဆက် အုပ်ချုပ်သော နိုင်ငံများသို့ အဆက်အသွယ်ပြုနိုင်ခဲ့ကာ ခရစ်တော်မပေါ်မီ ရာစုနှစ်များကပင် ကုန်သွယ်ရေးကို စတင် အကောင်အထည်ဖော်နိုင်ခဲ့သည်။ {{sfn|Taylor|2003|pp=15–18}} ထိုအချိန်မှစ၍ ကုန်သွယ်ရေးသည် အင်ဒိုနီးရှားနိုင်ငံ၏ သမိုင်းကို ပုံဖော်ပေးခဲ့သည်။ {{sfn|Taylor|2003|pp=3, 9–11, 13–5, 18–20, 22–3}}{{sfn|Vickers|2005|pp=18–20, 60, 133–4}}
 
အေဒီ ၇ ရာစုမှ အစပြု၍ အင်အားကြီးသော သီရီဝိဇယ ရေကြောင်းနိုင်ငံတော်သည် စည်ပင်ထွန်းကားလာခဲ့ပြီး ကုန်သွယ်မှု ဖွံ့ဖြိုးလာခြင်းမှာ ၎င်းတို့နှင့်အတူ တင်သွင်းလာသော ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာတို့ကြောင့် ဖြစ်သည်။ <ref>{{harvnb|Taylor|2003|pp=22–26}}; {{harvnb|Ricklefs|1991|p=3}}</ref>အေဒီ ၈ ရာစုနှစ် နှင့် ၁၀ ရာစုနှစ်ကြားတွင် စိုက်ပျိုးရေးကို အခြေခံသော ဗုဒ္ဓဘာသာ ဆေးလန်ဒရာ ဘုရင့်နိုင်ငံတော်နှင့် ဟိန္ဒူဘာသာ မာတရန် ဘုရင့်နိုင်ငံတော်တို့ ဂျားဗားကျွန်း ကုန်းတွင်းပိုင်းတွင် ဖွံ့ဖြိုးထွန်းကားလာခဲ့ပြီးနောက် ပြန်လည်ကျဆင်းလာခဲ့သည်။ ၎င်းတို့ ချန်ထားရစ်ခဲ့သည်မှာ ကြီးမြတ်သော ဘာသာရေး အထိမ်းအမှတ် အဆောက်အဦးများ ဖြစ်ကြသည့် [[ဗောရောဗုဓော]] ၊ ဆီဝူး နှင့် ပရမ်ဘနန် တို့ ဖြစ်ကြသည်။ ထိုအချိန်သည် ရှေးဟောင်းဂျားဗားတွင် ဟိန္ဒူ နှင့် ဗုဒ္ဓအနုပညာတို့၏ ပြန်လည်စည်ပင်ထွန်းကားလာသော ခေတ်ဟု ဆိုနိုင်သည်။<ref>{{cite web|url=http://arthistoryteachingresources.org/lessons/the-art-and-architecture-of-buddhism-in-se-asia-post-1200/|title=Buddhist Art and Architecture in Southeast Asia After 1200|author=Shelby, Karen|publisher=Art History Teaching Resources|accessdate=20 May 2016}}</ref> ၁၀ရာစု၏ ပထမ လေးပုံတစ်ပုံတွင် အွမ်ပူးဆင်းဒေါက်မှ ဘုရင့်နိုင်ငံတော်၏ ဗဟို ကို ဂျားဗားကျွန်း အလယ်ပိုင်း မာတရန် ဒေသမှ အရှေ့ဂျားဗားရှိ ဘရန်တပ်စ် မြစ်ဝှမ်းသို့ ရွှေ့ပြောင်းခဲ့ကာ အစ်စယားနားမင်းဆက်ကို တည်ထောင်ခဲ့သည်။ <ref>{{cite web|url=https://books.google.com/books?id=iDyJBFTdiwoC&redir_esc=y|title=The Indianized States of South-East Asia|author=Coedès, George|publisher=University of Hawaii Press|via=Google Books|page=128|date=1968|accessdate=21 October 2017|df=dmy-all}}</ref> ထို့နောက်တွင် ဟိန္ဒူ-ဗုဒ္ဓဘာသာတိုင်းပြည်များ ဆက်တိုက် ပေါ်ထွန်း ပြိုပျက်ခဲ့ပြီး အဲလင်ဂါအုပ်ချုပ်သော ကာဟူးရီပန်တိုင်းပြည်မှစ၍ ကာဒီရီ နှင့် ဆင်းဟာဆာရီတိုင်းပြည် တို့ အထိဖြစ်သည်။ အနောက်ဂျားဗားတွင် ဆန်ယန်တာပက် ကျောက်စာ အရ ၁၀၃၀ ခုနှစ်တွင် ဆွန်ဒါတိုင်းပြည်ကို ပြန်လည်ထူထောင်ခဲ့သည်ဟု သိရသည်။ ဘာလီတွင်မူ ဝါမာဒေဝ မင်းဆက်မှ ဘာလီတိုင်းပြည်ကို ၁၀ ရာစုတွင် တည်ထောင်ခဲ့သည်။ ဟိန္ဒူတို့၏ မာဂျာပါဟစ် တိုင်းပြည်အား ၁၃ ရာစု နှောင်းပိုင်းတွင် ဂါဂျာ မာဒါ၏ ဦးဆောင်မှုဖြင့် အရှေ့ဂျားဗား၌ တည်ထောင်ခဲ့ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှုသည် ယနေ့ခေတ် အင်ဒိုနီးရှား၏ နေရာ အတော်များများသို့ သက်ရောက်ခဲ့သည်။ <ref>{{cite journal|title=The next great empire|author=Peter Lewis|journal=Futures|volume=14|issue=1|year=1982|pages=47–61|doi=10.1016/0016-3287(82)90071-4}}</ref>
စာကြောင်း ၃၂၀ -
[[File:Wayang Wong Bharata Pandawa.jpg|thumb|left|ဝါယန်ဝေါင်း ဖျော်ဖြေမှုအတွင်း ပန္ဒာဗ နှင့် ခရစ်သျှန အဖြစ် သရုပ်ဆောင်နေပုံ]]
 
ဂျားဗား၊ ဆွန်ဒါး နှင့် ဘာလီတို့၏ ရုပ်သေးပြဇာတ်ဖြစ်သော ဝါယန် ဇာတ်ရုံဖျော်ဖြေမှုတွင် ဒဏ္ဍာရီလာ ဇာတ်လမ်းများဖြစ်သော ရာမယဏ နှင့် မဟာဘာရတ တို့ကို ဖျော်ဖြေတင်ဆက်ကြသည်။<ref>{{cite web|url=http://www.gamelan.org/balungan/back_issues/balungan(9-10)/2-Ruslaiana_Dancedrama.pdf|title=Traditions, Wayang Wong Priangan: Dance Drama of West Java|date=2004|accessdate=10 October 2017|deadurl=no|archiveurl=https://web.archive.org/web/20171010152545/http://www.gamelan.org/balungan/back_issues/balungan(9-10)/2-Ruslaiana_Dancedrama.pdf|archivedate=10 October 2017}}</ref>အမျိုးမျိုးသော ဘာလီ အက ပြဇာတ်များသည်လည်း အင်ဒိုနီးရှားပြဇာတ်၏ ရိုးရာပုံစံတွင် ပါဝင်သည်။ အခြားသော ဒေသဆိုင်ရာ ပြဇာတ်များမှာ ဂျားဗားတို့၏ လူဒရက် နှင့် ကီတိုပရက်၊ ဆွန်ဒါး တို့၏ စန်ဒီဝါရာ နှင့် ဘီတာဝီ တို့၏ လီနောင်း တို့ ဖြစ်ကြသည်။ <ref>{{cite web|url=https://www.britannica.com/art/Southeast-Asian-arts/Shadow-puppet-theatre|title=Southeast Asian arts|author=Maceda José|publisher=Encyclopædia Britannica|accessdate=20 April 2016|deadurl=no|archiveurl=https://web.archive.org/web/20160420080922/https://www.britannica.com/art/Southeast-Asian-arts/Shadow-puppet-theatre|archivedate=20 April 2016}}</ref><ref>{{cite web|url=http://www.tnol.asia/arts-culture/19661-ketoprak-javanese-folk-art-part-1-of-2.html|title=Ketoprak: Javanese Folk Art (Part 1 of 2)|author=Dewangga, Kusuma|publisher=Indonesia's Global Portal|date=10 November 2013|accessdate=13 November 2013|deadurl=yes|archiveurl=https://web.archive.org/web/20131113041642/http://www.tnol.asia/arts-culture/19661-ketoprak-javanese-folk-art-part-1-of-2.html|archivedate=13 November 2013}}</ref> ထိုပြဇာတ်များတွင် ဟာသ နှင့် ပြက်လုံးများထည့်သွင်းထားပြီး မကြာခဏဆိုသလိုပင် ပရိသတ်များအား ဝင်ရောက်ကပြစေသည်။ <ref>{{cite web|url=https://www.britannica.com/place/Indonesia/Theatre-and-dance|title=Indonesia - Theatre and Dance|publisher=Encyclopædia Britannica|accessdate=29 June 2016|deadurl=no|archiveurl=https://web.archive.org/web/20160629210212/https://www.britannica.com/place/Indonesia/Theatre-and-dance|archivedate=29 June 2016}}</ref> အချို့သော ပြဇာတ်ရုံဆိုင်ရာ ယဉ်ကျေးမှုများတွင် ပြဇာတ်တစ်ခုတည်းသာ မကဘဲ ဂီတ၊ အက နှင့် အနောက်ဆူမတ်တြာမှ မင်နန်ကာဘောင်းလူမျိုးတို့၏ ရန်ဒိုင်း ကဲ့သို့သော ဆီလတ်ကိုယ်ခံပညာများလည်း ပါဝင်ကြသည်။ ထိုဖျော်ဖြေမှုများကို ပုံမှန်အားဖြင့် ရိုးရာအခမ်းအနားများနှင့် ပွဲတော်များတွင် တက်ဆက်လေ့ ရှိကြပြီး <ref name="Pauka1998">{{cite journal|title=The Daughters Take Over? Female Performers in Randai Theatre|url=https://archive.org/details/sim_tdr-drama-review_spring-1998_42_1/page/113|author=Pauka, Kirstin|journal=The Drama Review|volume=42|issue=1|pages=113–121|year=1998|doi=10.1162/105420498760308706}}</ref><ref name="randai">{{cite web|url=http://globalshakespeares.mit.edu/glossary/randai/|title=Randai (Indonesian folk theater form, uses silat) « MIT Global Shakespeares}}</ref> သမိုင်းကြောင်း တစိတ်တပိုင်းပါဝင်နေသော မင်နန်ကာဘောင်း ဒဏ္ဍာရီများ နှင့် အချစ်ဇာတ်လမ်းများပေါ်တွင် အခြေခံကြသည်။ ယနေ့ခေတ် ဖျော်ဖြေရေး အနုပညာများလည်း အင်ဒိုနီးရှားနိုင်ငံတွင် ထွန်းကားပြီး ၎င်းတို့တွင် သီးသန့် ပြဇာတ်စတိုင်လ် ရှိသည်။ ထင်ရှားသော ပြဇာတ်ရုံ၊ အကနှင့် ကဇာတ် အဖွဲ့များတွင် "တီးတာ ကိုမာ" ကဲ့သို့သော အဖွဲ့များသည် နိုင်ငံအတွင်း ထင်ရှားကျော်ကြားပြီး အင်ဒိုနီးရှား လူ့အဖွဲ့အစည်း၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ သရော်မှုများ ပါဝင် ဖျော်ဖြေလေ့ ရှိသည်။<ref>{{cite web|url=http://www.insideindonesia.org/review-indonesian-post-colonial-theatre|title=Review: Indonesian post-colonial theatre|author=Hatley, Barbara|publisher=Inside Indonesia|date=13 November 2017|accessdate=21 December 2017|deadurl=no|archiveurl=https://web.archive.org/web/20171221065709/http://www.insideindonesia.org/review-indonesian-post-colonial-theatre|archivedate=21 December 2017}}</ref>
 
[[File:Loetoeng Kasaroeng p67.jpg|thumb|right|upright|ဒတ်ချ်အရှေ့အိန္ဒိယတွင် ပထမဆုံး ထုတ်လုပ်သည့် ဇာတ်လမ်းရုပ်ရှင် ဖြစ်သည့် "လိုတိုရန် ကာဆာရိုအန်း" ၏ ကြော်ငြာ]]