ကျူးကော့လျံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကျော့ရှင်း +ကြော့ရှင်း, -သူ့ဖက် +သူ့ဘက်)
စာကြောင်း ၁၀၇ -
[[File:Zhuge Liang by Zhang Feng.jpg|thumb|ကျူးကော့လျန် သလွန်ထက်၌ လဲလျောင်းနေပုံ (၁၆၅၄) : ကျန်းဖုန်၏ ပန်းချီ]]
 
လျိုပေ့သည် 'ရှင်းယဲ့' တွင် နေထိုင်၍ ကျင့်နယ်စားမင်း လျိုပြောင်၏ အရိပ်တွင်ခိုလှုံစဉ် ''စစ်မာဟွေး' ဆီသို့ ရောက်သွားကာ စစ်မာဟွေးက ၎င်းကို ပြောလေသည်။ ''" ကွန်ဖြူးရှပ်ဝါဒ ပညာရှင်တွေ၊ သာမန်စာတတ်ပေတတ်တွေဟာ ခေတ်ကာလ ကိစ္စတွေ ဘယ်လောက်တောင်သိကြသလဲ။ ဒီလို ခေတ်ကာလ အရေးအရာတွေကို သုံးသပ်ဆုံးဖြတ်နေတဲ့သူတွေဟာ တကယ့် ဒိတ်ဒိတ်ကြဲ ပညာရှင်တွေပေါ့ဗျာ။ ဒီဒေသမှာတော့ 'ဝပ်နေတဲ့နဂါး' နဲ့ 'ဇာမဏီငှက်ငယ်' တို့ပဲရှိတယ်။"''<ref>(儒生俗士,豈識時務?識時務者為俊傑。此間自有卧龍、鳳雛。) ''Sanguozhi'' vol. 35.</ref> ရွှီရှူးက ကျူးကော့လျံကို နောက်ပိုင်းတွင် လျိုပေ့ဆီသို့ သွားရောက်ရန် အကြံပြု၍ လျိုပေ့ကလည်း ရွှီရှူးကို ကျူးကော့လျံအား ဖိတ်ခေါ်စေချင်ခဲ့သည်။ ရွှီရှူးက ပြန်လည်ပြောဆိုသည်မှာ ''"ခင်ဗျား ဒီလူဆီကို ကိုယ်တိုင်သွားမှ ဖြစ်မယ်။ သူ့ကို လာတွေ့ဖို့ ဖိတ်လို့မရနိုင်ဘူးဗျ။"''<ref>(此人可就見,不可屈致也。將軍宜枉駕顧之。) ''Sanguozhi'' vol. 35.</ref> လျိုပေ့သည် ကျူးကော့လျံဆီသို့ ကိုယ်တိုင်ကိုယ်ကျ သုံးခေါက်သွားရောက်ပြီးနောက် ၂၀၇ တွင် ကျူးကော့လျံကို စည်းရုံးနိုင်ခဲ့သည်။ ဤအချက်မှာ 'ပေစုန့်ကျီ'၏ နှောင်းပိုင်း မှတ်ချက်ပြုရေးသားသော စာသားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ပေစုန့်ကျီက ကျူးကော့လျံသည်သာ လျိုပေ့ဆီသို့ အရင်သွားသည်ဟု ဆို၏။<ref name="jade">{{cite web|url=http://www.jadedragon.com/archives/history/liang1.html |title=Zhuge Liang – Kong Ming, The Original Hidden Dragon|work=JadeDragon.com|accessdate=2007-11-11}}</ref>{{efn|Some other historical sources contradict this story, claiming that it was Zhuge Liang who visited Liu Bei first and offered his services. This account comes from the ''Weilue'', quoted by [[Pei Songzhi]] in [[Annotations to Records of the Three Kingdoms|his annotations]] to [[Chen Shou]]'s ''[[Records of the Three Kingdoms|Sanguozhi]]'', vol. 35, p. 913. See also {{cite journal|last=Henry|first=Eric|title=Chu-ko Liang in the Eyes of his Contemporaries|url=https://archive.org/details/sim_harvard-journal-of-asiatic-studies_1992-12_52_2/page/593|journal=Harvard Journal of Asiatic Studies|volume=52|issue=2|date=December 1992|pages=593–96}}}} ကျူးကော့လျံသည် 'လုံးကျုံး'ဗျူဟာ (Longzhong Plan]) ကို လျိုပေ့သို့ ချပြကာ ၎င်းနေသော အိမ်ကို စွန့်ခွာ၍ လျိုပေ့နောက်သို့ လိုက်ပါခဲ့သည်။ ထို့နောက် လျိုပေ့သည် ကျူးကော့လျံနှင့် အလွန်ရင်းနှီးခဲ့ပြီး များမကြာခဏဆိုသလို ကျူးကော့လျံနှင့် ဆွေးနွေးတိုင်ပင်မှုများ ရှိခဲ့သည်။ ကွမ်းယွီ၊ ကျန်းဖေးတို့က ထိုသို့သော ဆက်ဆံရေးကို မနှစ်မြို့၊ မကျေမနပ်ပြောဆိုကြရာ လျိုပေ့က ဤသို့ရှင်းပြသည်။ ''"ခုံမင်ကို ငါ ရတဲ့အတွက် ငါဟာ ရေကိုတွေ့ရတဲ့ ငါးလိုပဲ။ နောင်ဆို မကျေမနပ် အပြောအဆိုတွေ မလုပ်ကြလေနဲ့ကွာ။"''<ref>({{lang|zh-hant|孤之有孔明,猶魚之有水也。願諸君勿復言。}}) ''Sanguozhi'' vol. 35.</ref> ကွမ်းယွီနှင့် ကျန်းဖေးတို့သည် ယင်းနောက် ထိုသို့ ပြောဆိုခြင်းများ ရပ်တန့်သွားခဲ့သည်။
 
===သံတမန်အဖြစ်===