ပအိုဝ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Please use Burmese
Merged
စာကြောင်း ၁ -
 
{{merge|ပအိုဝ့်လူမျိုး }}
[[ဖိုင်:Shan woman.jpg|right|thumb|ပအိုဝ်းတိုင်းရင်းသူ]]
 
စာကြောင်း ၃၆ -
ရှမ်းပြည်နယ် သထုံနယ်တွင် ပအိုဝ်းတို့သည် နန်းခေ၊ တတုတ်၊ ကွန်လောင်၊ တန်စန်နှင့် ခိုင်ဟူ၍ လူမျိုးစု ၅ စု ကွဲသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ ပအိုဝ်းတို့ကို ရှမ်းတောင်သူဟုလည်း ခေါ်ကြသည်။ ရှမ်းပအိုဝ်းတို့သည် မိမိတို့ကိုယ်ကို သထုံပန်းရင်ဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်၊ သထုံနယ်ကိုလည်း အုပ်ချုပ်သူ မြို့စားသည် ပအိုဝ်းလူမျိုးဖြစ်သည်။
 
ပအိုဝ်းတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သော ဘာသာစကားကို ပြောဆိုကြသည်။ ကိုယ်ပိုင် စာပေရှိကာ အရွယ်ရောက်သူတိုင်း ပအိုဝ်းစာပေကို ဖတ်တတ်ကြသည်။ ပအိုဝ်းကလေးများသည် အစိုးရကျောင်းများတွင် ဒုတိယတန်း အောင်မြင်ပြီးပါက ပအိုဝ်းလိတ်မွူးခေါ်(သင်ပုန်းကြီး) ကို စတင် သင်ယူကြသည်။ ယခုအခါ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုကော်မတီက ဆရာဖြစ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ပအိုဝ်းတို့သည် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။ ကျောင်းကန်ဘုရားများ တည်ဆောက်ကြသည်။ သို့သော် နတ်ကိုးကွယ်မှုကိုလည်း တွေ့ရသည်။ ရွာနတ်၊ အိမ်စောင့်နတ်များကို မပျက်မကွက် ပူဇော်ပသမှုလည်း ရှိသည်။ ရှမ်းပြည်မှ ပအိုဝ်းအမျိုးသားတို့သည် ရှမ်းအမျိုးသားများကဲ့သို့ ရှမ်းဘောင်းဘီပွ၊ ရှမ်းပေါ်ဖုံးအင်္ကျီတို့ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့သည် ကရင်သင်တိုင်းကဲ့သို့ သင်တိုင်းအမည်းရောင်တွင် အနီရောင် အနားသတ်ထားသည်ကို ဝတ်ဆင်ဖုံးလွှမ်း၍ ထမီတိုတို ဝတ်ဆင်ကြသည်။ ခေါင်းတွင် ပန်းပွားပါသော တံပတ်မည်းကို ပေါင်းကြ၍ တံပတ်မရွေ့လျားရအောင် ငွေဆံညှပ်၊ ငွေကြိုးတို့ဖြင့် ထိန်းတွယ် စည်းနှောင်ထားသည်။ ဆံပင်နောက်တွဲ ထုံးကြသည်။ ငွေနားသံသီး၊ ငွေလက်ကောက် ခေါင်းပွများကိုလည်း ဝတ်ဆင်ကြသည်။ အောက်မြန်မာနိုင်ငံမှ ပအိုဝ်းတို့သည် မြန်မာကဲ့သို့ပင် ဝတ်ဆင်ကြသည်။
 
ပအိုဝ်းတို့၏ သာရေးနာရေး ထုံးတမ်းစဉ်လာ ဆောင်ရွက်မှုတို့သည် မြန်မာထုံးတမ်းစဉ်လာတို့နှင့် ဆင်တူသည်။ ပုံစံအားဖြင့် အပျိုအား လူပျိုလှည့်ပုံ၊ လင်မယား ကွာရှင်းပုံ၊ လူသေလျှင် ကူးတို့ခထည့်ပုံ စသည်တို့မှာ ဆင်တူရိုးမှား ဖြစ်ကြလေသည်။
 
==နေထိုင်ပျံ့နှံ့ရာဒေသများ==