အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

စည်သူမင်းစံ၏အကြောင်း။ ကျေးဇူးပြုပြီး မblock ပါနဲ့ခင်ဗျာ အနူးညွတ်တောင်းပန်ပါတယ် မသေခင်စိတ်ကျေနပ်ချင်လို့ပါ 😭😭😭😭
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
{{Infobox စည်သူမင်းစံ
| အမည် =စည်သူမင်းစံ
| အသက် =14နှစ် (18-9-2007)
| အလုပ်အကိုင် = Tik tok cele, သရုပ်ဆောင်
| အမည်အပြည့်အစုံ =စည်သူမင်းစံ
| ငယ်မည် =ဉာဏ်လင်းဆက်
| မွေးဖွားသည့်နေ့ =၁၈-၉-၂၀၀၇
| မွေးရာဇာတိ =[[လားရှိုး]]
| အဖေ =[[အမည်မဖော်ထြားပါ]]
| အမေ =[[ဒေါ်စိန်မမ]]
 
== မွေးဖွားသော သက္ကရာဇ်နှင့် နန်းစံနှစ် ==
အလောင်းစည်သူမင်းသည် ပုဂံမင်းဆက် (၅၅) ဆက်၏ (၄၅) ဆက်မြောက်မင်းဖြစ်၍ သမိုင်းမှတ်တမ်း အခိုင်အမာကျန်ရစ်သော အနော်ရထာမင်းမှ စတင်ရေတွက်သော် တတိယမြောက် ပုဂံဘုရင်ဖြစ်သည်။ အလောင်းစည်သူမင်းကို [[စောလူးမင်း]] ၏သားတော် စောယွန်းနှင့် [[ကျန်စစ်သား]]၏ သမီးတော် ရွှေအိမ်သည်တို့မှ မြန်မာသက္ကရာဇ် ၄၂၈၊ အေဒီ ၁၀၆၆ တွင်ဖွားမြင်သည်။ <ref>တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဝင်၊ ၉၇။</ref> ထိုမင်း၏ နန်းစံနှစ်နှင့် ပတ်သက်၍ ရှေးမြန်မာရာဇဝင်များဖြစ်သော မဟာရာဇဝင်၊ တွင်းသင်းရာဇဝင်သစ်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ ရာဇဝင်တို့တွင် အကွဲကွဲအပြားပြား ဆိုထားကြသည်။ ဦးကုလား မဟာရာဇဝင်တွင် မြန်မာနှစ် ၄၅ဝ (အေဒီ ၁ဝ၈၈)၊ တွင်းသင်းရာဇဝင်သစ်တွင် မြန်မာနှစ် ၄၅၅ (အေဒီ ၁ဝ၉၃)၊ မှန်နန်းရာဇဝင်တွင် မြန်မာနှစ် ၄၅၄ (အေဒီ ၁ဝ၉၄)၊ ဇာတာတော်ပုံရာဇဝင် မြန်မာနှစ် ၄၇၃ (အေဒီ ၁၁၁၁) ဟု အလောင်းစည်သူမင်း၏ နန်းစံနှစ်ကို အသီးသီး တွေ့ ရသည်။<ref>မဟာရာဇဝင်-၁၊ ၁၉၀။ တွင်းသင်းရာဇဝင်-၁၊ ၁၁၆။ မှန်နန်း-၁၊ ၂၈၆။ ဇာတာတော်ပုံ၊ ၄၀။</ref> ကျောက်စာများတွင် တွေ့ ရသော အလောင်းစည်သူမင်း၏ ဘွဲ့ အမည်မှာ ၐြီတြိဘုဝနာဒိတျပဝရဓမ္မရာဇာ ဖြစ်၍ ဤဘွဲ့ မျိုးကို စတင်ခံယူခဲ့သူ သူ၏ အဘိုး ကျန်စစ်သားမင်း၏ ဘွဲ့ နှင့် "ပဝရ" ဟုသော နာမဝိသေသနပုဒ်သာ ထူးခြားကြောင်း တွေ့ ရသည်။ ခေတ်သစ်သမိုင်းဆရာများက နှောင်းခေတ် စည်သူဘွဲ့ ခံမင်းများနှင့် ခြားနားစေရန် စည်သူ-၁ ဟု အလောင်းစည်သူမင်းကို ခွဲခြားသုံးနှုန်းကြသည်။ <ref>သန်းထွန်း၊ ပုဂံခေတ်နိုင်ငံရေး၊ ၅၁.</ref> အလောင်းစည်သူမင်းသည် အေဒီ ၁၀၆၆ တွင်ဖွားမြင်သူဖြစ်ရာ ပုဂံထီးနန်းကို ဆက်ခံချိန်တွင် သက်​တော် (၂၆) နှစ်မျှသာရှိသေးသည်။