ပြည်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။မ +။ မ, -။ပ +။ ပ, -။စ +။ စ)
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၇ -
}}
[[File:Senes-in-Burma-45.jpg|right|thumb|250px|ပြည်မြို့တစ်နေရာ၏ ရှေးခေတ်မြင်ကွင်း။]]
'''ပြည်မြို့'''သည် [[ဧရာဝတီမြစ်]] အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ဧရာဝတီမြစ်၏ စတုတ္ထမြောက်မြစ်ကျဉ်း တည်ရှိရာမြို့ဖြစ်သည့်အပြင် [[ပဲခူးတိုင်းဒေသကြီး]]၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ပြည်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ပဲခူးတိုင်း၏ အချက်အချာကျသော မြို့ကြီးတစ်မြို့ဖြစ်သည်။ [[ရန်ကုန်မြို့]]နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကိုဧရာဝတီမြစ်ကူး န​ဝ​ဒေးတံတားကို ဖြတ်၍ ပန်းတောင်းမြို့များမှပန်းတောင်းမြို့နယ်နှင့် တဆင့်ဥသျှစ်ပင်မြို့တို့ကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေးသည်။
 
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်နှင့်အမျှစီးပွားရေး အချက်အချာ ကျရာဒေသလည်းဖြစ်သည်။ မြန်မာပြည်၏ ပထမဆုံးသော မီးရထားလမ်းအဖြစ် ရန်ကုန်-ပြည်မီးရထားလမ်းအား ၁၈၇၇၊မေလ ၁ ရက်နေ့တွင် အင်္ဂလိပ်တို့က ဖေါက်လုပ်ပြီးစီးခဲ့သည်။ မိုင်ပေါင်း ၁၆၁ မိုင်ရှည်လျားပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁, ၁၇၅, ၃၀ဝ၀ ကုန်ကျသည်ဟု မှတ်တမ်းများတွင်ဖော်ပြထားသည်။ (ရန်ကုန်၊ ပြည်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပုသိမ်၊ မုတ္တမ၊ မော်လမြိုင် တို့သို့ အစဉ်အတိုင်း ဆက်လက်ဖေါက်လုပ်ခဲ့သည်။) ပြည်မြို့ မြူနီစပါယ်အဖွဲ့အား ၁၈၇၄ ခုနှစ်တွင်အင်္ဂလိပ်တို့က စတင်ဖွဲ့စည်းပေးခဲ့သည်။ ပြည်မြို့တွင် ဗိုလ်ချုပ်အထိမ်းအမှတ်မြင်းစီးကျောက်ရုပ် တည်ရှိပြီး ကြေးရုပ်အဖြစ် အမှတ်မှားတတ်ကြသည်။ ပညာရေးအခြေအနေအားဖြင့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းဖွင့်လှစ်ထားပြီး ဆရာအတတ်သင်ကျောင်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ ရှေးမဆွကပင်တည်ရှိခဲ့၍ မြန်မာနိုင်ငံ၏ တတိယမြောက် စက်မှုတက္ကသိုလ်ဖြစ်သော [[ပြည်နည်းပညာတက္ကသိုလ်]]အပါအဝင် ပြည်တက္ကသိုလ်(ယခင်ပြည်ကောလိပ်)၊ [[ကွန်ပျူတာတက္ကသိုလ်(ပြည်)]](ယခင်အစိုးရကွန်ပျူတာကောလိပ်)တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။