မရိုင်းယား ကဲရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချီးမြောက် +ချီးမြှောက်)
→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၇ -
''' မရိုင်းယား ကဲရီ ({{lang-en|Mariah Carey}})''' (မတ်လ-၂၇-၁၉၆၉ (သို့) ၁၉၇၀ တွင်မွေးဖွား) သည်အမေရိကန်အဆိုတော်၊ တေးရေးဆရာ၊ တေးထုတ်လုပ်သူ၊ သရုပ်ဆောင်၊ စီးပွားရေးစွမ်းဆောင်ရှင်နှင့်ပရဟိတစေတနာရှင်တစ်ဦးဖြစ်သည်။ ''[[ဂင်းနက် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်|ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း]]'' မှ ''Songbird Supreme'' ဟုရည်ညွှန်းကာ သူမသည် သံစဉ်ရှစ်ခုတွဲရှိသော နယ်ပယ်ငါးခုအတွင်း(five-octave) သီဆိုနိုင်စွမ်းရှိခြင်း၊ melismatic သီဆိုဟန်၊ လူသားတစ်ဦးသီဆိုနိုင်သော အမြင့်ဆုံးသံစဉ် (whistle register)ကို အသုံးပြုခြင်းကြောင့် ကျော်ကြားသည်။ ၁၉၉၀ ကိုလံဘီယာတေးသံသွင်းအတွက် သီချင်းဆိုခြင်းနှင့် ကိုယ်ပိုင်အမည်ဖြင့် ပွဲဦးထွက် တေးအခွေထုတ်ဝေပြီးနောက် ကျော်ကြားလာခဲ့သည်။ ထိုပွဲဦးထွက် အခွေသည် ဘီလ်ဘော့ဒ်ဇယား (၂၀၀)တွင် ရက်သတ္တပတ် (၁၁)ခုမျှ ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ များမကြာမီ ကဲရီသည် သူမ၏ပထမဆုံးသီချင်းငါးပုဒ် "Vision of Love" မှ "Emotions"ထိ သီချင်းများသည် ယူအက်စ်ဘီလ်ဘော့ဒ် ရေပန်းစားသီချင်းများ (၁၀၀)တွင် နံပါတ် (၁)နေရာရရှိခဲ့သည့် ပထမဆုံး တေးသံရှင်လည်းဖြစ်လာခဲ့သည်။
 
ဆိုနီဂီတဖျော်ဖြေရေးကုမ္ပဏီ (Sony Music) အကြီးအကဲ Tommy Mottola နှင့်လက်ထပ်ပြီးနောက် ကဲရီသည် အောက်ပါတေးသီချင်းအခွေများဖြင့် ကမ္ဘာအနှံ့အောင်မြင်မှုများရရှိလာခဲ့သည်။ အခွေများမှာ ''Music Box'' (၁၉၉၃)၊ ''Merry Christmas'' (၁၉၉၄)၊ နှင့် ''Daydream'' (၁၉၉၅) တို့ဖြစ်ကြသည်။ ဤအခွေများတွင် ကဲရီ၏ အအောင်မြင်ဆုံးတေးသီချင်းများဖြစ်သော ''သူရဲကောင်း'' (Hero) ၊ ''မင်းမရှိဘဲ'' (Without You) ၊ ''ခရစ်စမတ်မှာ အလိုချင်ဆုံးက မင်း'' (All I Want for Christmas Is You)၊ ''စိတ်ကူးယဉ်'' (Fantasy)၊ ''အမြဲတမ်း မရဲ့မောင်လေး(ဖြစ်စမ်းပါ)'' (Always Be My Baby)၊ ''ချိုမြိန်သောနေ့တစ်နေ့'' (One Sweet Day) တို့သည် ၁၉၉၀နှစ်များ၏ ယူအက်စ်အကောင်းဆုံးတေးများဖြစ်ခဲ့ကြသည်။ Mottola နှင့်လမ်းခွဲပြီးသည့်နောက် ကဲရီသည် ပုံရိပ်သစ်တစ်ခုကို ရွေးချယ်ခဲ့ပြီး သူမ၏ဂီတပုံစံထဲသို့ [[ဟစ်ဟော့ ဂီတ]] အခြင်းရာများကို ပေါင်းစပ်ထည့်သွင်းခဲ့ကာ ''လိပ်ပြာ'' (Butterfly) အမည်ရှိ တေးအယ်လ်ဘမ်ကို ၁၉၉၇တွင် ဖြန့်ချိခဲ့သည်။ [[ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)|ဘီလ်ဘော့ဒ်]]က သူမအား ၁၉၉၀နှစ်များ၌ နိုင်ငံ၏ အအောင်မြင်ဆုံး အနုပညာရှင်ဟုရခေါ်ဝေါ်ခဲ့သလိုအနုပညာရှင်ဟုခေါ်ဝေါ်ခဲ့သလို ကမ္ဘာ့ဂီတဆုကလည်း သူမကို ယင်းနှစ်များ၏ ကမ္ဘာ့ရောင်းအားအကောင်းဆုံး တေးသံသွင်းအနုပညာရှင်အဖြစ် ဂုဏ်ပြုခဲ့သည်။
 
ယူအက်စ်တွင် တစ်ကိုယ်တော်သီချင်း အဆင့်တစ်ချိတ်သောနှစ် (၁၁)နှစ်ဆက်တိုက်ရရှိပြီးနောက် ကဲရီသည် ကိုလံဘီယာ(တေးသံသွင်း)နှင့် လမ်းခွဲကာ ဗားဂျင်တေးသံသွင်း(Virgin Records)နှင့် အမေရိကန်ဒေါ်လာ သန်း(၁၀၀)တန်ဖိုးရှိသော တေးသံသွင်းစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် သူမ၏ ရုပ်ပိုင်း၊ ခံစားချက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ကြေညာခံခဲ့ရခြင်း၊ ၂၀၀၁ခုနှစ်ထွက် Glitter ရုပ်ရှင်နှင့် ထိုရုပ်ရှင်ဇာတ်ဝင်တေးတို့၏ စီးပွားရေးအရ မအောင်မြင်မှုများပြီးနောက် ဗားဂျင်တေးသံသွင်းက သူမ၏စာချုပ်ကို သန်း(၅၀)ပေး၍ ဝယ်ယူခဲ့သည်။ ကဲရီကလည်း အိုင်းလန်းတေးသံသွင်း(Island)နှင့် နောက်တစ်နှစ်၌ စာချုပ်ချုပ်ခဲ့သည်။ ထိုသို့မအောင်မြင်ဖြစ်ခဲ့ရသောကာလများပြီးနောက် သူမ၏ ''မီးမီ၏ လွတ်မြောက်လာခြင်း'' (The Emancipation of Mimi) အခွေဖြင့် ဂီတဇယားထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယင်းအခွေသည် ၂၀၀၅၏ ဒုတိယမြောက်ရောင်းအား အကောင်းဆုံးအခွေဖြစ်လာခဲ့သည်။ ထိုအခွေမှ ဒုတိယသီချင်း ''တို့နှစ်ဦးသား အတူတူ'' (We Belong Together) သည် ၂၀၀၀ပြည့်နှစ်များ၌ အမေရိကတွင် အကောင်းဆုံးသီချင်းဖြစ်ခဲ့သည်။ ၂၀၀၉၌ ပရိသတ်လက်ခံမှုကောင်းသောရုပ်ရှင် ''Precious'' တွင်ပါဝင်သရုပ်ဆောင်ခဲ့ကာ Palm Springs International Film Festival ၌ သူမ၏ အောင်မြင်သော အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု ရယူနိုင်ခဲ့သည်။