ဟိုက်ဒရိုဂျင်ဗုံး: တည်းဖြတ်မှု မူကွဲများ

စာသား
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
 
စာကြောင်း ၁၄ -
ဟိုက်ဒရိုဂျင်ဗုံးသည် အက်တမ်များ အပူရှိန်ကြောင့် အရည်ပျော်၍ ပေါင်းစပ်သွားသောအခါတွင် ပေါက်ကွဲလေသည်။ ထိုသို့ အက်တမ်များ အရည် ပျော်၍ ပေါင်းစပ်စေရန်မှာ အလွန်မြင့်မားသော အပူချိန်၌သာ ဖြစ်ပွားနိုင်ရာ အပူချိန်ပေါင်း ၅ဝဝဝဝဝဝဝ (ငါးကုဋေ)ခန့်ရှိရန် လိုလေသည်။ ထိုအပူချိန်မျိုးကို ဤကမ္ဘာ၌ အက်တမ်ဗုံး (အနုမြူဗုံး) တလုံးကသာ ဖြစ်ပေါ်စေနိုင်လေသည်။ ထိုကြောင့် ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲရာ၌ အက်တမ်ဗုံးကို ခလုတ်အဖြစ် အသုံးချရန် လိုပေသည်။
 
အက်တမ်ဗုံးမှာ လိုအပ်သော အပူချိန်ကို ဖြစ်ပေါ်စေသော အခါတွင် ဟိုက်ဒရိုဂျင် အက်တမ်များသည် အရည်ပျော်၍ ပေါင်းစပ်သွားကြပြီးလျှင် စွမ်းအင်သည် အပူနှင့် ပြင်းထန်သောရောင်ခြည်များအဖြစ်ဖြင့် လွတ်ထွက်လာကြသည်။ ဟိုက်ဒရိုဂျင်သည်လည်း ဟီလီယမ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ပထမဆုံး(အက်တမ်ဗုံး) ပေါက်ကွဲပြီးနောက် ငါးနှစ်မျှအကြာ ဖြစ်သော ၁၉၅ဝ ပြည့်နှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ဟယ်ရီ၊ အက်ဂ(စ်)ထရူးမင်းက အမေရိကန်ပြည်ထောင်စု အနုမြူစွမ်းအင်ကော်မရှင်သို့ ဟိုက်ဒရိုဂျင်ဗုံးဖြစ်မြောက်ရေးကို ဆက်လက်ဆောင်ရွက်ကြရန် ညွှန်ကြားလိုက်သည်။ ထိုကော်မရှင်သည် လိုအပ်သော အစီအစဉ်များကို ပြုလုပ်ပြီးနောက် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ အတွင်း၌ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အင်တီဝီတုတ်ကျွန်းတွင်ဟိုက်ဒရိုဂျင်ဗုံးတလုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ် ဩဂုတ်လတွင် ဆိုဗီယက်ယူနီယန်ကလည်းဆိုဗီယက်ယူနီယံကလည်း ဟိုက်ဒရိုဂျင်ဗုံးတလုံး စမ်းသပ်ဖောက်ခွဲပြီးကြောင်း ကြေညာသည်။
 
၁၉၅၆ ခု မေလအတွင်း၌ အမေရိကန်ပြည်ထောင်စုက အင်နီဝီတုတ်ကျွန်းအနီးတွင် စမ်းသပ်ဖောက်ခွဲသော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး၏ စွမ်းအင်သည် တီအင်တီခေါ် ပေါက်ကွဲစရာပစ္စည်းတန်ချိန် ၁၅ဝဝဝဝဝဝ (တကုဋေခွဲ) နှင့် ညီမျှ၍ ပထမဆုံး အသုံးပြုခဲ့သော အက်တမ်၏စွမ်းအင်သည် တီအင်တီ တန်ချိန် ၂၂ဝဝဝ နှင့် ညီမျှသည်ဟု ဆိုလေသည်။ ၁၉၆၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ် ဖောက်ခွဲပြီးကြောင်း ကြေညာသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>