ကျားသစ်: တည်းဖြတ်မှု မူကွဲများ

၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ နှစ်
အရေးမကြီး
Robot: Cosmetic changes
အရေးမကြီး (r2.5.1) (ရိုဘော ပေါင်းထည့်နေသည: be-x-old:Леапард)
အရေးမကြီး (Robot: Cosmetic changes)
'''ကျားသစ်'''သည် ပင်သီရာပါဒပ်စ် မျိုးစိတ်ဖြစ်၍ [[ကြောင်မျိုးရင်း]] ဝင်ဖြစ်သည်။ ကျားသစ်ကို တွေ့ရသည့် ဒေသမှ [[ကျား]]၊ [[ခြင်္သေ့]] စသည့် အခြားမျိုးရင်းတူ တိရစ္ဆာန်များကို တွေ့ရှိသည့် ဒေသထက် ပိုမိုကျယ်ဝန်းသည်။
 
== ပုံပန်းသဏ္ဍာန် ==
ကျားသစ်များတွင် အဝါရောင် အမွှေးများနှင့် အနက်ရောင် အကွက်များ ရှိကြသည်။ ဝမ်းဗိုက်အောက်ပိုင်းမှာ အခြားနေရာများထက် အရောင်ပိုဖျော့သည်။ သို့သော်လည်း ကျားသစ်မျိုးကွဲ အမျိုးမျိုးတွင် ပုံသဏ္ဍာန်အမျိုးမျိုး ရှိကြသည်။ တစ်ကိုယ်လုံးမည်းနက်နေသော ကျားသစ်မျိုးလည်း ရှိပြီး ၄င်းကို [[ကျားသစ်နက်]] ဟုခေါ်သည်။ ကျားသစ်ထီးများသည် ကျားသစ်မများထက် ၃၀ရာခိုင်နှုန်းခန့် ပို၍ ကြီးမားကြသည်။
 
== ကျက်စားရာနေရာများ ==
မူလအစပိုင်းက ကျားသစ်များသည် အာဖရိက တဝှမ်းလုံး (ဆာဟာရ သဲကန္တာရ မှလွဲ၍) နှင့် အာရှတိုက် တောင်ပိုင်းတွင် နေထိုင်ကြသည်။ သို့သော်လည်း ယနေ့ခေတ်တွင် ကျားသစ်မျိုးကွဲများ အထူးသဖြင့် အာရှရှိ ကျားသစ်မျိုးကွဲများမှာ မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ ကျားသစ်များသည် ကြောင်မျိုးရင်းဝင် တိရိစ္ဆာန်ကြီးများ နေထိုင်ရာ ဒေသတိုင်း လိုလိုတွင် နေထိုင်ကြသည်။ ထို့အတွက်ကြောင့် ကျားသစ်မျိုးကွဲ အမြောက်အများ ရှိနေခြင်း ဖြစ်သည်။ ကျားသစ်များသည် [[မိုးသစ်တော]]များ၊ [[သစ်တော]]များ၊ [[တောင်ကုန်း]]များနှင့် [[ဆဗားနားမြက်ခင်းပြင်]]များစသည့် ဒေသအမျိုးမျိုးတို့တွင် နေထိုင် ကျက်စားကြသည်။
 
 
== နေထိုင်မှုဘဝ ==
ကျားသစ်များသည် အများအားဖြင့် ညဘက်တွင် ကျက်စားကြသည်။ သူတို့သည် သစ်ပင်ကောင်းစွာ တက်တတ်ကြပြီး အချိန်အများစုမှာ သစ်ပင်ထက်တွင် နေထိုင်ကြသည်။ သူတို့သည် အများအားဖြင့် နို့တိုက်သတ္တဝါ အကောင် အလတ်စားများကို များသောအားဖြင့် စားသုံးလေ့ ရှိကြသော်လည်း ငှက်များ၊ တွားသွားသတ္တဝါများနှင့် အင်းဆက်များကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် နေ့တစ်နေ့၏ အချိန်အပိုင်းအခြား အမျိုးမျိုးတွင် သားကောင်ရှာထွက်လေ့ ရှိကြပြီး သားကောင်ရှာဖွေရာတွင်လည်း နည်းလမ်း အမျိုးမျိုးကို အသုံးပြုလေ့ ရှိကြသည်။ များသောအားဖြင့် ကျားသစ်များသည် သူတို့၏ သားကောင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်လေ့ ရှိကြပြီး အနီးသို့ ရောက်သောအခါတွင်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သို့မဟုတ်လျှင် ပုန်းအောင်း စောင့်ဆိုင်းနေပြီး အနီးသို့ ရောက်မှ တိုက်ခိုက်လေ့ ရှိကြသည်။ သားကောင်ကို ဖမ်းဆီးပြီးသော အခါတွင် ကျားသစ်တို့သည် သားကောင်ကို သစ်ပင်ထက်သို့ ယူဆောင်သွားလေ့ ရှိပြီး တခါတရံတွင် ဖွက်ထားလေ့ ရှိကြသည်။ အခြား တိရိစ္ဆာန်များက ခိုးယူမသွားနိုင်ရန် အတွက် ဖြစ်သည်။
 
ကျားသစ်များသည် အများအားဖြင့် [[မျောက်]]များကို စားလေ့ ရှိကြသည်။ သို့သော်လည်း [[ရှဉ့်]]များ၊ [[တွားသွားသတ္တဝါ]]များ၊ [[ကုန်းနေရေနေသတ္တဝါ]]များ၊ [[အင်းဆက်]]များ၊ [[ငှက်]]များနှင့် [[ငါး]]များကိုလည်း စားသုံးလေ့ ရှိကြသည်။ ကျားသစ်များသည် ပုံမှန်အားဖြင့် လူများကို စားလေ့ မရှိကြပေ။ အနာတရ ဖြစ်နေ၍ သို့မဟုတ် နာမကျန်း ဖြစ်နေ၍ စားစရာ အလုံအလောက် မရှိသော အခါတွင်မှသာ လူကို စားလေ့ ရှိကြသည်။ [[အိန္ဒိယနိုင်ငံ]] ရှိ ကျားသစ်တစ်ကောင်မှာ လူ ၁၂၅ ယောက်ကို စားခဲ့ဖူးသည်ဟု ယုံကြည်ရသည်။
 
== မျိုးကွဲများ ==
ယနေ့တွင် ကျားသစ်မျိုးကွဲ ၉ မျိုးရှိသည်ဟု သတ်မှတ်ထားကြသည်။ [[အာဖရိက]]တွင် တစ်မျိုးနှင့် [[အာရှ]]တွင် ၈ မျိုးတို့ ဖြစ်ကြသည်။ ၄င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
 
၃၂၆၀၈

တည်းဖြတ်မှုများ