အလက်ဇန္ဒား ဟာမီတန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၈ -
ဟာမီတန်သည် နယူးယောက်နှင့် နယူးအင်္ဂလန်တို့တွင် ကုန်သွယ်မှုပြုသော ‌ဒေသသွင်းကုန်-ထုတ်ကုန်ကုမ္ပဏီတစ်ခုဖြစ်သော ဘီခ်မန်းနှင့် ခရူဂျာ(Beekman and Cruger) ကုမ္ပဏီတွင် စာရေးတစ်ဦးဖြစ်လာခဲ့သည်။<ref>Chernow, [{{GBurl|4z5eL5SGjEoC|p=29}} p. 29].</ref> သူနှင့် ဂျိမ်းစ် ဂျူနီယာတို့ကို သူတို့၏ ဆွေးမျိုးနီးစပ်ဖြစ်သူ ပီတာလေတန်(Peter Lytton)မှ ခဏတာခေါ်ဆောင်သွားခဲ့သော်လည်း ၁၇၆၉ ခုနှစ် ဇူလိုင်လတွင် လေတန်မှာ ဆုံးပါးခဲ့သဖြင့် သူ၏ပိုင်ဆိုင်မှုများမှာ သူ၏ ကတော်နှင့်သူ့သားတို့အား ထားခဲ့သဖြင့် ဟာမီတန်ညီအကိုတို့မှာ ကွဲကွာခဲ့ရပြန်သည်။<ref name=chernow25-30/> ဂျိမ်းစ်သည် ဒေသခံလက်သမားတစ်ဦးထံတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်နေစဉ် အလက်ဇန္ဒားကို နီဗစ်မှ ကုန်သည်တစ်ဦးဖြစ်သော သောမတ် စတီဗင်အိမ်သို့ ပေးခဲ့သည်။<ref>{{cite web|first=William|last=Cissel|title=''The West Indian Founding Father, 2004''|url=http://www.virginislandspace.org/Division%20of%20Libraries/cisselpaper.pdf}}</ref> အချို့သော သဲလွန်စများသည် စတီဗင်အား အလက်ဇန္ဒား ဟာမီတန်၏ ဖခင်အရင်းဖြစ်သည်ဟု ထင်မြင်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏သားဖြစ်သည် အက်ဒွပ် စတီဗင်နှင့် ဟာမီတန်တို့သည် အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်ပြီး သူတို့နှစ်ယောက်မှာ အတော်လေးတူသည်ဟု ဖော်ပြကြရုံမက နှစ်ယောက်လုံးမှာ ပြင်သစ်ဘာသာစကားကို ညက်နေအောင် ပြောဆိုတက်ကြသည့်အပြင် ဝါသနာများလည်း တူညီကြသည်။<ref name=chernow25-30/> သို့ပေမယ်လည်း ဒီစွပ်စွဲချက်တွေသည် လူနှစ်ယောက်၏ ဆင်တူနေမှုအပေါ် တင်မိုသီ ပီကာရင်း([[:en:Timothy Pickering|Timothy Pickering]])၏ မှတ်ချက်များကို အခြေခံထားခြင်း ဖြစ်ပြီး မရှင်းလင်းသည့်အဖြစ် အထောက်အကူလည်း မဖြစ်ချေ။<ref>Lodge, Henry Cabot (1882). ''Alexander Hamilton'', appendix.</ref> အလက်ဇန္ဒားကို ကိုယ်ဝန်ဆောင်စဉ်က ရေချယ်ဖူးဆက်သည် စိန့်ကစ်နှင့် နီဗစ်ကျွန်းတွင် နှစ်အတော်ကြာအောင်နေထိုင်ခဲ့ချိန်၌ သောမတ် စတီဗင်သည် အန်တီကွာနှင့် စိန့်ခရိုအစ်ကျွန်းတွင် နေထိုင်နေသည့်အပြင် ဂျိမ်းဟာမီတန်သည်လည်း မည်သည့်အခါမျှ အဖေမဟုတ်ကြောင်း မငြင်းဆိုခဲ့လို နောက်ပိုင်းနှစ်များ၌ ဟာမီတန်ဆီရေးခဲ့သော စာများတွင် "သင်၏ချစ်လှစွာသော ဖေဖေ"ဟုပင် ရေးထိုးခဲ့သည်။<ref name=Newton32>Newton (2015), [https://books.google.com/books?id=9GvpCQAAQBAJ&pg=PA32 p. 32].</ref><ref name=ham-sr>{{cite web |last=Hamilton |first=James |title=To Alexander Hamilton from James Hamilton |type=Letter |date=June 12, 1793 |url=https://founders.archives.gov/documents/Hamilton/01-14-02-0369 |website=Founders Online |publisher=National Archives }} Archived from {{cite book |title=The Papers of Alexander Hamilton |volume=14 |orig-year=February 1793 – June 1793 |editor-first=Harold C. |editor-last=Syrett |location=New York |publisher=Columbia University Press |year=1969 |pages=536–7 }}</ref>
 
ဆယ်ကျော်သက်အရွယ်တွင်ရှိနေသော်လည်း ဟာမီတန်သည် ၁၇၇၁ ခုနှစ်တွင် ပိုင်ရှင်သည် ပင်လယ်ထဲသို့ ခရီးထွက်နေစဉ် ကုမ္ပဏီအား ငါးလကြာအုပ်ချုပ်ခဲ့ခြင်းဖြင့် ကုန်သည်တစ်ယောက်အဖြစ် လုံလောက်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့သည်။<ref name=Founders1771>{{cite web |title=To Alexander Hamilton from Walton and Cruger, [19 October 1771] |type=Letter |website=Founders Online |publisher=National Archives |url=https://founders.archives.gov/documents/Hamilton/01-01-02-0004 |no-pp=y |page=fn. 1 }} Archived from {{cite book |title=The Papers of Alexander Hamilton |volume=1 |orig-year=1768–1778 |editor-first=Harold C. |editor-last=Syrett |location=New York |publisher=Columbia University Press |year=1961 |page=8 n.1 }}</ref> သူသည် စာဖတ်ဝါသနာပါသူတစ်ဦးအဖြစ် ရှိနေခဲ့ပြီး နောက်ပိုင်းတွင်း စာရေးခြင်းကို စိတ်ဝင်စားလာခဲ့သည်။ သူသည် သူနေထိုင်ရာ ကျွန်း၏ အပြင်ဘက်တွင် ဘဝတစ်ခု စတင်လိုစိတ်ဖြစ်၍ လာခဲ့သည်။ သူသည် သူ့ဖခင်ထံသို့ ရေးခဲ့သည့် စာတွင် ၁၇၇၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သော ခရစ်ယာန်စတက်မြို့ကို ဖျက်ဆီးခဲ့သည့် ဟာရီကိန်းမုန်တိုင်းအကြောင်းကို အသေးစိတ်ရေးသားခဲ့သည်။ ဟာမီတန်၏ ကျူတာနှင့် ဆရာဖြစ်သူ သိက္ခာတော်ရ ဆရာတော် ဟျူးနော့ခ်မှ တော်ဝင် ဒတ်ချ်-အမေရိကန် ‌ဂေဇတ်တွင် ပုံနှိပ်ရန်အတွင် စာကို ပေးပို့ပေးခဲ့သည်။ ထိုစာကို အတ္ထုပ္ပတ္တိရေးသားသူ ရွန်ချာနိုး([[:en:Ron Chernow|Ron Chernow]])မှ တွေ့ရှိသည့်အခါ အချက်နှစ်ချက်ကြောင့် အံဩမင်သက်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ပထမချက်အချက်မှာ "လေကြီးလေကျယ်အပိုတွေအားလုံးအတွက် ဒါဟာ ကိုယ်တိုင်လေ့လာခဲ့ရသော စာရေးတစ်ဦးမှ ဤကဲ့သို့ မာန်ပါသော အရေးအသားဖြင့် ရေးနိုင်ခြင်းမှာ အတော်လေး အံသြဖို့ကောင်းပါတယ်။အံသြဖို့ကောင်းပါတယ်" ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦးက ဟာရီကိန်းမြင်ကွင်းကို "ဘုရားသခင်က လူသားတို့၏ ဝင့်ကြွားမှုနှင့် ဟိတ်ဟန်ကြီးမှုတို့ကို ကြိမ်းမောင်းခြင်း"အဖြစ် ရှုမြင်သော ပျက်ဆီးခြင်းသဘောဖြစ်သည့် "မီးနှင့်ကန့် တရား" ([[:en:Fire and brimstone|Fire and brimstone]])ကို သုံးနှုန်းခဲ့မှုတို့ ဖြစ်သည်။<ref name=chernow37>Chernow, [https://archive.org/details/alexanderhamilto00cher/page/37 p. 37].</ref> ဤစာသည် ဟာမီတန်အား မြောက်အမေရိကကိုလိုနီနယ်သို့ သူ့ပညာရေးအတွက် ပို့ရန် ဘဏ္ဍာငွေစုဆောင်းခဲ့ကြသော ရပ်ရွာလူကြီးတွေကို သဘောကျစေခဲ့သည်။<ref name="gordon">{{cite journal |first=John Steele |last=Gordon |author-link=John Steele Gordon |url=http://americanheritage.com/articles/magazine/ah/2004/2/2004_2_42.shtml |title=The Self Made Founder |journal=[[American Heritage (magazine)|American Heritage]] |date=April–May 2004 |url-status=dead |archive-url=https://web.archive.org/web/20081119235829/http://www.americanheritage.com/articles/magazine/ah/2004/2/2004_2_42.shtml |archive-date=November 19, 2008 }}</ref>
 
 
== ပညာရေး ==
 
အလက်ဇန္ဒားနှင့် ဂျိမ်းစ်ဟာမီတန် ဂျူနီယာတို့ကို သူတို့၏ မိဘများသည် တရားမဝင်လက်ထပ်ထားခြင်းကြောင့် [[အင်္ဂလီကန်အသင်းတော်]]မှ အဖွဲ့ဝင်အဖြစ် ခွင့်ပြုခြင်းမရှိခဲ့ပဲ ဘုရားကျောင်းတော် စာသင်ကျောင်းများ၌ ပညာသင်ကြားခြင်းကို ခွင်မပြုခဲ့ပေ။ ထို့ကြောင့် သူတို့သည် ဂျူးကျောင်းအုပ်ဆရာမကြီးဦးဆောင်သော ကိုယ်ပိုင်ကျောင်းတွင် တက်ခြင်းနှင့် တဦးခြင်း သင်ကြားခြင်း<ref name=chernow17/>တို့ကို ပြုလုပ်ခဲ့ရသည်။<ref name=Lewisohn>{{cite book |first=Florence |last=Lewisohn |title=What So Proudly We Hail-Alexander Hamilton's West Indian Boyhood |work=American Revolution Bicentennial Commission of the Virgin Islands |place=St. Croix |year=1975 |pages=17–30}}</ref> အလက်ဇန္ဒားသည် မိသားစုစာကြည့်တိုက်မှ စာအုပ် ၃၄ အုပ်ဖြင့် သူ့ပညာရေးအတွက် အပိုဆောင်းသင်ကြားခြင်းတို့ ပြုလုပ်ခဲ့ရသည်။<ref name=chernow34>Chernow, [https://archive.org/details/alexanderhamilto00cher/page/34 p. 34].</ref>
 
== မှတ်ချက်များ ==