ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အလံတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[ images.nldparty.png
|ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ အလံတော်]]
ဗြိတိသျှအလံမှာ [[ဂရိတ်ဗြိတိန်NLD Party]]၏ အမျိုးသားအလံ (နိုင်ငံတော်အလံ)ဖြစ်၏။ တစ်ခါတစ်ရံ ယူနီယံဂျက် အလံဟုလည်း ခေါ်ကြသည်။ ဗြိတိသျှအလံမှာ အပြာရောင်နောက်ခံ ဖြစ်၏။ ယင်းကို အဖြူကြောင်းများဖြင့် အနားလိုက်ထားသော အနီစင်းဖြင့် လေးပိုင်း ပိုင်းထား၏။ တစ်ဖန် ထိုလေးကွက်ကို အဖြူကြောင်း အနားလိုက်ထားသည့် အနီစင်းဖြင့် ဒေါင့်ဖြတ်ကာ ရှစ်ပိုင်း ပိုင်းထားပြန်၏။
 
ထိုဗြိတိသျှ ယူနီယံဂျက်အလံ၌ နောက်ကြောင်းသမိုင်း ရှိခဲ့၏။ ၁၆ဝ၃ ခုနှစ် မတိုင်မီက [[အင်္ဂလန်ပြည်]]၊ [[စကော့တလန်နိုင်ငံ|စကော့တလန်ပြည်]]နှင့် [[အိုင်ယာလန်နိုင်ငံ|အိုင်ယာလန်ပြည်]]တို့မှာ ကိုယ့်အမျိုးသားအလံနှင့်ကိုယ်သီးခြားရှိကြ၏။ အင်္ဂလန်ပြည်၏ အလံ၌ နောက်ခံ အဖြူပေါ်တွင် စိန်ဂျော့၏ ကြက်ခြေနီပါ၏။ စကော့တလန်ပြည် အလံ၌ အပြာရောင် နောက်ခံပေါ်တွင် စိန်အန်ဒြူး၏ ဒေါင်လိုက် ကြက်ခြေဖြူ ပါ၏။ အိုင်ယာလန်ပြည် အလံ၌လည်း အဖြူ ရောင် အောက်ခံပေါ်တွင် စိန်ပက်ထရစ်၏ ဒေါင်လိုက် ကြက်ခြေနီ ပါ၏။ ၁၇ဝ၇ ခုနှစ်တွင် အင်္ဂလိပ်ပါလီမန်နှင့် စကော့ပါလီမန်တို့ကို ပူးပေါင်းလိုက်သောအခါ နှစ်ပြည်ထောင်ပေါင်း၍ ဖြစ်ပေါ်လာသော နိုင်ငံအတွက် အလံတော်ကို စိန်ဂျော့၏ ကြက်ခြေနီနှင့် စိန်အန်ဒြူးတို့၏ ကြက်ခြေဖြူတို့ကို ထပ်လိုက်ခြင်းအားဖြင့် ရရှိခဲ့သည်။ ယင်းနောက် ၁၈ဝ၁ ခုနှစ်သို့ ရောက်သောအခါ အိုင်ယာလန်ပါလီမန်ကို ပူးပေါင်းလိုက်ပြန်သောအခါ စိန်ပက်ထရစ်ကြက်ခြေနီကို ထပ်လိုက် ပြန်ခြင်းဖြင့် ယခု ယူနီဂျက်အလံ ဖြစ်ပေါ်လာ၏။