မော်ရိုကိုနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 103.133.242.146 (ဆွေးနွေး) ၏ တည်းဖြတ်မူ 727345 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၇၃ -
မော်ရိုကိုနိုင်ငံ၏ သမိုင်းကို ပြန်လည်သုံးသပ်လျှင် မော်ရိုကိုနိုင်ငံသည် ရှေးရောမ အင်ပိုင်ယာ လက်အောက်ခံ မော်ရီတေးနီယားတွင် ပါဝင်ခဲ့သော နယ်တစ်ခုဖြစ်၏။
 
ရောမအင်ပိုင်ယာ ပြိုကွဲပြီးသည့်နောက်တွင် တိုင်းပြည် ဖရိုဖရဲဖြစ်ကာ ကြမ်းတမ်းသော ဘုရင်အသီးအသီး၏ လက်တွင်းသို့ ကျရောက်ခဲ့၏။ ခရစ် ၆ဝဝ ပြည့်နှစ် လောက်တွင် အာရပ်လူမျိုးတို့ ချဉ်းနင်းဝင်ရောက်လာကာအစ္စလာမ် အယူဝါဒကိုလတ်ခံခဲ့ကျသည်။အယူဝါဒကို သွတ်သွင်း ဖြန့်ချိ၏။ စပိန်နိုင်ငံကို
မွတ်စလင်တို့ ဝင်ရောက် တိုက်ခိုက်အောင်မြင်သည့် အရေးအခင်းတွင် မော်ရိုကိုလည်း ပါဝင်ခဲ့လေသည်။ စပိန်နိုင်ငံမှ နှင်ထုတ်ခြင်းခံရသော မူးဝါးလူမျိုးတို့သည် မော်ရိုကိုတွင် အခြေစိုက်နေထိုင်ကြ၏။ ယင်းအချိန်နောက်ပိုင်းတွင် မော်ရိုကိုသည် အတော်အတန် အရေးပါသော တိုင်းပြည်တစ်ခု ဖြစ်လာသည်။ ၁၈ဝ၂ ခုနှစ်တွင် မော်ရိုကိုပြည်သည် ပင်လယ်ဓားပြများအရေးနှင့် စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့်
ဆက်ဆံရေး မသင့် ဖြစ်ခဲ့၏။ ၁၈၁၄ ခုနှစ်မှအစပြု၍မူ မော်ရိုကိုပြည်သည် ဥရောပနိုင်ငံများနှင့် အဆက်အသွယ် ပို၍ ကောင်းလာ၏။ သို့သော် ၁၈၅၉ ခုနှစ်တွင် စပိန်နိုင်ငံနှင့် စစ်ဖြစ်ပွားသည်တွင် စပိန်နိုင်ငံကအနိုင်ရသဖြင့် မော်ရိုကိုက လျော်ကြေးအဖြစ် ဒေါ်လာပေါင်း နှစ်ကုဋေကို စပိန်နိုင်ငံသို့ပေးရ၏။ ၁၈ ရာစုနှစ်နောက်ပိုင်းနှင့် ၁၉ ရာစုနှစ်ဦးပိုင်း အတောအတွင်းက ဥရောပနိုင်ငံကြီးများသည် မိုရော့ကိုပြည်၌
မည်သူက ပို၍ အခွင့်အသာယူကာ ကြိုးကိုင်သင့်ကြောင်းဖြင့် အချင်း များခဲ့ကြ၏။ ၁၉ဝ၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ နှစ်ဦးသဘောတူညီချက်အရ ပြင်သစ်နိုင်ငံသည် မော်ရိုကိုပြည်တွင်ကြီးစိုး ကြိုးကိုင် နိုင်ခဲ့သည်။ ဂျာမနီနိုင်ငံသည် မော်ရိုကိုပြည်၏ ကုန်သွယ်မှု ၅ ပုံတစ်ပုံခန်းကိုချုပ်ကိုင်ထားရကား ကန့်ကွက်သော်လည်း ဗြိတိန်နှင့် ပြင်သစ်တို့က ပို၍ အင်အားတောင့်သဖြင့် အရာမရောက်ခဲ့ပေ။ ၁၉၁၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် စူလတန်ဘုရင် နှင့်လည်းကောင်း၊ စပိန်နှင့်လည်းကောင်း သဘောတူညီချက် စာချုပ်များ ချုပ်ဆိုကာ မိုရော့ကိုတွင် ပြင်သစ်အုပ်ထိန်းခံနယ်နှင့် စပိန်အုပ်ထန်းခံနယ်များကို ခွဲခြားသတ်မှတ်လေသည်။