ကျောက်စုန်းတောက်ခြင်းနှင့် ပိုးစုန်းတောက်ခြင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
အရေးမကြီး Robot: Cosmetic changes |
||
စာကြောင်း ၁ -
နေသည်လည်းကောင်း၊ ရေနံဆီမီးသည်လည်းကောင်း၊ လျှပ်စစ်မီးသည်လည်းကောင်း အလင်းရောင်ကို အသီးသီးပေးကြ၏။ ထိုပစ္စည်းတို့သည် အလင်းတစ်ခုတည်းကိုသာ မဟုတ်ဘဲ အပူကိုလည်း တပါတည်း ထုတ်ပေးကြသည်။ သို့ရာတွင် ပိုးစုန်းကြူးနှင့် ညကြည့်နာရီများကို ကြည်မည်ဆိုလျှင် အပူကိုမပေးဘဲ အလင်းတစ်ခုတည်းကိုသာ ပေးတတ်သည့် ပစ္စည်းများလည်း ရှိကြောင်းကို သတိမူမိကြပေလိမ့်မည်။
ကယ်လဆီယမ်ဆာလဖိုဒ်၊ စထရွန်ရှီယမ် ဆာလဖိုဒ်နှင့် ဗေရီယမ်ဆာလဖိုဒ် စသော တွင်းထွက်သတ္တုများကို အလင်းရောင်၌ ပထမခံယူပြီးနောက်
တစ်ဖန် ပစ္စည်းတစ်ခုမှ မိမိဖာသာ အလိုအလျောက် ထုတ်ပေးသည့်အလင်းမျိုးကို လူမီနက်စင်း (ပိုးစုန်းတောက်ခြင်း)ဟူ၍လည်း ခေါ်ပြန်ရာ ဤဖော့စဖော့ ရက်စင်းနှင့် လူမီနက်စင်း ဝေါဟာရ နှစ်လုံးကို အရောရော အနှောနှော သုံးစွဲလေ့ရှိကြသည်။ သို့ရာတွင် ထိုဝေါဟာရတို့၏ အဓိပ္ပါယ်ချင်းမှာ မတူပေ။ အတိအကျဆိုလျင် ဖော့စဖော့ရက်စင်းမှာ အထက်တွင် ဖော်ပြခဲ့သော တွင်းထွက်သတ္တုတို့ကဲ့သို့ အလင်းရောင်ကို ဖြစ်စေ၊ အခြားအလင်းဓာတ်ရောင်ခြည်တစ်မျိုးမျိုးကို ဖြစ်စေ၊ ပထမခံယူပြီးနောက်မှ အမှောင်ထဲ့၌ အပူရှိန်ကင်းစွာဖြင့် ဆက်လက်၍ လင်းနိုင်သော သတ္တိကိုသာ ဆိုလိုပေသည်။ ပိုးစုန်းကြူးကဲ့သို့ သက်ရှိသတ္တဝါတို့၏ ကိုယ်တွင်းမှ ထွက်သော အလင်းမှာမူ ထိုအလင်းနှင့် ခြားနား၍ ထိုအလင်းကို အမှန်စင်စစ် လူမီနက်စင်းဟူ၍ ခေါ်ရာ၏။
ပိုးစုန်းကြူးမှ အလင်းရောင်ပေးသေ
တစ်ခါတစ်ရံ ပင်လယ်ပြင်၌ အစုလိုက်အအုပ်လိုက်ဖြစ်စေ၊ တစ်ကောင်ချင်းဖြစ်စေ၊ အလင်းရောင်ထွက်နေသည့် ငါးနှင့် အခြားရေသတ္တဝါများကို တွေ့ရတတ်ရာ၊ ထိုသို့ အလင်းရောင်ထွက်ခြင်းမှာ ထိုသတ္တဝါတို့ ကိုယ်ပေါ်တွင် တွယ်ကပ်နေသော အလင်းရောင်ပေးနိုင်သည့် ဗက်တီးရီးယားများကြောင့် ဖြစ်သည်။ အဆိုပါ ဗက်တီးရီးယားများကို ရေထဲ၌ အတွေ့ရများ၍ ဤကဲ့သို့ ကိုယ်ပိုင်အလင်းရောင်ပေးနိုင်သည့် ဗက်တီးရီးယားပေါင်းမှာ အားလုံး ၂၈ မျိုးခန့် ရှိသည်ဟု သိရသည်။ <ref>မြန်မာ့စွယ်စုံကျမ်း</ref>
== ကိုးကား ==
<references/>
{{DEFAULTSORT:က}}
{{Stub}}
[[Category:ဗဟုသုတ]]
|