ဆူဟာတို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: lv:Suharto
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၀ -
အမျိုးသားဝါဒီချင်းယှဉ်ကြည့်လျှင် ဆူဟာတိုသည် ယခင်သမ္မတဟောင်း ဆူကာနိုထက် ကိုလိုနီဆန့်ကျင်ရေးစိတ်နှင့် နိုင်ငံရေးအမြင် နည်းလှသည်ဟုဆိုကြသည်။ ဆူကာနိုလောက်လည်း ပညာမတတ်၊ အသိုင်းအဝိုင်းလည်းကောင်းလှသည်မဟုတ်ပေ။ ထိုခေတ်က ဒတ်ချ်စာမတတ်လျှင် လူရာမသွင်းကြပေ။ ဆူဟာတိုသည် စစ်ကျောင်းရောက်သည့် ၁၉၄၀ ပြည့်နှစ်လောက်တွင်မှ ဒတ်ချ်စာကိုရင်းနှီးခဲ့ရခြင်းဖြစ်သည်။
 
== လွတ်လပ်ရေးအကြို စစ်သားဘ၀စစ်သားဘဝ ==
 
သူစစ်ကျောင်းမတတ်မီက ဘဏ်တွင်စာရေးလေးဘ၀ဖြင့်ဘဏ်တွင်စာရေးလေးဘဝဖြင့် ဝင်လုပ်ခဲ့သေးသည်။ အလုပ်ဖြုတ်ခံရပြီး အလုပ်လက်မဲ့ ဘဝရောက်ခဲ့ရသည်။ သို့ဖြင့် ၁၉၄၀ ပြည့်နှစ်တွင် KNIL (Royal Netherlands East Indies Army) တပ်သို့ဝင်ပြီး Yogyakarta အနီးရှိ Bombong တွင်ဖွင့်လှစ်ထားသော ဒတ်ချ်စစ်ကျောင်းသို့တက်ခွင့်ရခဲ့သည်။ ဒတ်ချ်စစ်ကျောင်းသို့ ဝင်ခွင့်ရရေးမှာ ဒေသခံများအနေဖြင့် လွယ်ကူလှသည်မဟုတ်ပေ။ သို့သော် ဒုတိယကမ္ဘာစစ်မီးအခြေအနေကြောင့် ဂျပန်တို့ရန်မှကာကွယ်ရန် စစ်တပ်ကိုတိုးချဲ့ဖွဲ့စည်းလိုသဖြင့် ဒေသခံများကို လက်ခံခဲ့ခြင်းဖြစ်သည်။
 
စစ်ကျောင်းမှဆင်းပြီးနောက် ဆူဟာတိုသည် အမှတ် ၁၃ တပ်ရင်းတွင်ခန့်အပ်ခြင်းခံရသည်။ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ထူးထူးခြားခြားစွမ်းဆောင်မှုများလည်း မရှိခဲ့ပေ။ အစောင့်အဖြစ်တာဝန်ထမ်းဆောင်ရင်း ငှက်ဖျား မကြာကြာထကာ၊ ဆေးရုံမကြာမကြာတက်ရပြီး တပ်ကြပ်အဖြစ် ရာထူးတိုးပေးခြင်းခံလိုက်ရသည်။
စာကြောင်း ၈၅ -
ဆူဟာတိုနှင့်ဆက်နွှယ်နေသည့်ကုမ္ပဏီများသည် လုပ်ငန်းအကြောင်းပြပြီး အင်ဒိုနီးရှားဘဏ်များမှ ငွေချေးထားကြသည်။ ထိုကုမ္ပဏီများသည် တစ်ပြားတစ်ချပ်မှ ကြွေးပြန်မဆပ်ခဲ့ကြပေ။ ဆူဟာတိုမပြုတ်မီကာလ ၁၉၉၈ ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာစာရင်းအင်း "စံ" ၊ ဘဏ်လုပ်ငန်း "စံ" များသည်ကွယ်ပျောက်ကုန်သည်ဟုဆိုရမည်ဖြစ်သည်။
 
၁၉၇၇ ခုနှစ်တွင် အပေါင်းအသင်းရောင်းရင်းများ၏ လွန်ကျူးလာမှုကို ထိန်းသိမ်းသည့်အနေဖြင့် လာဘ်ပေးလာဘ်ယူစနစ်ပပျောက်ရေးကို စစ်ဆင်ရေးအသွင် ဆူဟာတိုကိုယ်တိုင် ဆောင်ရွက်ခဲ့သေးသည်။ သို့သော် ဖမ်းသည့်ငါးမမိဘဲ အစိုးရဝန်ထမ်း နှစ်ပဲခြောက်ပြား လာဘ်စားထားသူများ "ဆန်ခိုး မမိ၊ ဖွဲခိုးမိ" ဘ၀သို့ရောက်ကုန်ကြရသည်။ဘဝသို့ရောက်ကုန်ကြရသည်။
 
ဆူဟာတိုသည် ၂၀၀၀ ပြည့်နှစ်တွင် ဒေါ်လာ ၅၇၁ သန်း အလွဲသုံးစားလုပ်မှုဖြင့် တရားအစွဲခံရသည်။ အမှုအားလုံးမှာ ယာယာဆန် ဖောင်ဒေးရှင်းကိုအကြောင်းပြပြီး လိမ်လည်အလွဲသုံးစားမှုများဖြစ်သည်။ သို့သော် ဆူဟာတို၏ဆရာဝန်က တရားရုံးတွင် လာရောက်အစစ်ခံရန် ကျန်းမာရေးမကောင်းဟု အကြောင်းပြပြီး ကန့်ကွက်ထားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် တရားရုံးကဆင့်ခေါ်သော်လည်း ဦးနှောက်ရောဂါဖြင့်အကြောင်းပြပြီး ငြင်းပယ်ခဲ့ပြန်သည်။