တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁၃ -
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဧရာဝတီမြစ်ဝဲယာရှိ ဆင်ပေါင်ဝဲနှင့် ညောင်ပင်မှော်ခံတပ်များကို ဖြတ်ကျော်ချီတက်သည်။ ထိုသို့တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ထူးပေါက်ကတုတ်၊ မင်းလှခံတပ်နှင့် ဂွေးချောင်းခံတပ်တိုကို သိမ်းယူရန်ဖြစ်သည်။ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဇောင်ခြမ်းရွာရောက်ပြီး အင်္ဂလိပ်တပ်များသည် သင်္ဘောပေါ်မှ ကမ်းသို့ တက်သည်။ ၁၁ နာရီ ၁၅ မိနစ်တွင် ထူးပေါက်ခံကတုတ်သို့ ရောက်သည်။ တိုက်ပွဲဖြစ်ပွားကြသည်။ မြန်မာတို့က ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်ကြပြန်သည်။ ၃ နာရီခန့် ခုခံပြီးနောက် အင်အားခြင်းမမျှသဖြင့် ပန်းတော်ပြင် ကတုတ်သို့ ဆုတ်ကာ မင်းရဲညွန့်တပ်နှင့် ပေါင်းရသည်။ အင်္ဂလိပ်တို့က ထူးပေါက်ခံကတုတ်ကို သိမ်းယူကာ မီးရှို့ဖျက်ဆီး ပစ်ရုံသာမက၊ မြန်မာတို့၏ ကြေးနန်းရုံကိုပါ သိမ်းပိုက်လိုက်သည်။
== ဂွေးချောင်း-ခံတပ် တိုက်ပွဲ ==
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါစဂတ်စ် သည် ကြည်းတပ်ရင်း ၉ ရင်း၊ ရေတပ်တတပ်တို့ဖြင့် ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ရန် စီစဉ်သည်။ အစီအစဉ်အရ နံနက် ၈ နာရီတွင် အင်္ဂလိပ်ရေတပ်သည် ပတ္တနဝိုရ်ရွာ၏ အထက်နားတွင် တပ်စွဲကာ ကုန်းပေါ်သို့ တက်ရောက်တိုက်ခိုက်ရန် စီစဉ်ပြန်သည်။ ထိုနေရာမှ၊ သည်ဂွေးချောင်းခံတပ်ပေါ်သို့ မျှော်ကြည့်လိုက်လျှင်ကား မြန်မာ့စစ်တံခွန်၊ စစ်အလံတို့သည် လေကစားတိုင်း တလူလူ လှုပ်ရှားလျက်ရှိသည်။ မောက်တို၊ မောက်ရှည်၊ ဗာလည်ကွေးများ ဝတ်ဆင်ထားသော မြန်မာ့စစ်သည်တော်များကိုကောင်းမွန်စွာ မြင်ရနေသည်။ ထိုနေ့၌ပင် တိုက်ပွဲကြီးဖြစ်ပွားသည်။ အပြန်အလှန်ပစ်ကြ ခတ်ကြသော အမြောက်စိန်ပြောင်းတို့[[အမြောက်]][[စိန်ပြောင်း]]တို့ အသံကား၊ မိုးပြိုသကဲ့သို့ပင် လွန်စွာကျယ်လောင်လွန်းလှသည်။ အင်္ဂလိပ်တို့သည် ဘေးပတ်လည်မှ ညှပ်၍ ဂွေးချောင်းခံတပ်ကို တိုက်ခိုက်ကြသည်။
လက်နက်အင်အား မမျှတခြင်း၊ ကျွမ်းကျင်မှု အင်အား မမျှတသော မြန်မာတို့မှာ အရေးမသာတော့ချေ။ တတ်နိုင်သမျှ ခုခံကြသော်လည်း အင်္ဂလိပ် ကုန်းတပ်၊ ရေတပ်တို့၏ ညှပ်ပိတ် တိုက်ခိုက်ခြင်း ခံရကား နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် ဂွေးချောင်းခံတပ်ကျဆုံးရသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်မှူး မင်းကျော်သိဒ္ဓိရန်အောင် ကျဆုံးရလေသည်။ မြန်မာတို့သည် မင်းထင်မင်းလှ ကျော်ခေါင်တပ်၊ မဟာမင်းထင်မင်းခေါင်တပ်တို့ ပူးပေါင်းကာ၊ လူအင်အား ၁၀၀၀၊ ဆင် ၅၀၀၊ မြင်း ၅၀၀ တို့ဖြင့် ဆုတ်အပ်သော လက်သီး၊ စည်းအပ်သော ထင်းချောင်းပမာ ကြံ့ခိုင်စွာ ဖွဲ့စည်းထားသည်။
 
== ကြေးနန်းနှင့် မြန်မာတို့ စိတ်ဓာတ် ==
ဂွေးချောင်း ခံတပ်တိုက်ပွဲဖြစ်နေစဉ် ဧရာဝတီမြစ် အနောက်ဘက်ရှိ ပန်းတောပြင် ခံကတုတ်၌လည်း သဲသဲမဲမဲ တိုက်ပွဲဖြစ်လျက်ရှိသသည်။ ထိုစဉ် မန္တလေးလွှတ်တော်မှ အင်္ဂလိပ်တပ်များအား ခုခံ မတိုက်ခိုက်ရ။ ခုခံလျင် သူပုန်” ဟူသော ကြေးနန်းရောက်လာ၏။ ထိုနောက်တစ်ဖန် “ရန်သူအင်္ဂလိပ်တို့အား ဆက်တိုက်။ နောက်ထပ် စစ်ကူများ ပို့ပေးသည်” ဟူသော ကြေးနန်းရောက်လာပြန်သည်။ မြန်မာတို့ကား မတိုက်ခိုက်ရဘဲ အင်္ဂလိပ်တို့အား ဒူးထောက်အရှုံးမပေးနိုင် ဟု ဆိုကာ ရွတ်ရွတ်ချွတ်ချွတ်တိုက်ခိုက်ရန် ဓားသွေးကာ အားမွေးလျက်ရှိသည်။