ကျောက်မျက် ရတနာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပေါင်းထည့်နေသည: hr:Drago kamenje, kn:ರತ್ನದ ಕಲ್ಲು
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ဆက်စပ်လေ့လာရန် : [[ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ]]
 
ကျောက်မျက် [[ရတနာ]] (Gems) တို့ကို ရှေးကမ္ဘာဦး လူသားများ အရိုင်းဘဝမှ အယဉ်ဖြစ်စကတည်းက စတင် သုံးစွဲခဲ့ကြကြောင်းကို လေ့လာတွေ့ရှိရသည်။ သမိုင်းမတိုင်မီက အဓိကအားဖြင့် [[ပုတီး]]စေ့များ၊ အရောင်ရှိ ကျောက်များကို မသွေးပဲ မူလပုံအတိုင်း [[လူ့ခန္ဓာကိုယ်]]တွင် အလှဆင်ခြင်းဖြင့် သုံးစွဲခဲ့ကြပြီး ယဉ်ကျေးမှု မြင့်မားလာသည့်အလျောက် ဤကျောက်မျက် အလှဆင်သည့် ဖက်တွင်လည်း ပညာရပ်များ (ဒေသအလိုက်) တိုးတက်လာခဲ့သည်။ အလှဆင်ရာတွင် အမြတ်တနိုး တန်ဖိုးထားကာ အဓိက သုံးစွဲကြသည်များမှာ ကျောက်မျက်တွင်းထွက်များသာ အများဆုံးဖြစ်သည်။ သို့ဖြစ်လေရာ အဆိုပါ ကျောက်မျက်များမှာ သဘာဝ မိခင်ကမ္ဘာမြေကြီးက လူသားတို့အတွက်ပေးသော လက်ဆောင်ဖြစ်သည်ဟု ချီးမွမ်းပြောဆိုလျှင် လွန်အံ့မထင်ပေ။ ယခုခေတ်တွင် ပညာရှင်များ ၊ကုန်သည်များက သွေးပြီး အရောင်တင်ထားသည့် တန်ဖိုးတစ်စုံတစ်ရာရှိသည့် တွင်းထွက်များကို ကျောက်မျက်ရတနာ အဖြစ် သတ်မှတ်ကြသည်။ ထို့ပြင်
စာကြောင်း ၁၉ -
 
 
=== ပတ္တမြားနှင့်နီလာဂေါ်ကြိုး(Star Ruby & Sapphire) ===
ပတ္တမြားနှင့်နီလာတို့၏ထူးခြားမှုတစ်ခုမှာ ကြိုးခေါ် ဂေါ်ကြိုးများတွေ့ရှိရတတ်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့ကြိုးများပေါ်ရခြင်းမှာ ပတ္တမြားနှင့်နီလာတို့၏အတွင်းတွင်ရှိသည့် ပိုးကြိုးကဲ့သို့သော “ရူတိုင်း”အောင်းဝင်များကြောင့်ဖြစ်သည်။
 
=== မဏိသျှတ္တရကျမ်းလာ နီလာလေးမျိုး ===
[[မဏိသျှတ္တရကျမ်း]]တွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည်။
 
စာကြောင်း ၃၇ -
 
== စိန်(Diamond) ==
[[စိန်]]ကိုကမ္ဘာ့အကောင်းဆုံးအမာဆုံးတွင်းထွက်အဖြစ် သတ်မှတ်ကြပါသည်။ စိန်ကို အလွယ်တကူ တူးဖော်နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဖိုးတန်ကျောက်မျက်အဖြစ် ရောင်းချနိုင်လောက်အောင် သတ်မှတ်အရည်အသွေး (အရောင်၊ သန့်စင်မှု၊ အလေးချိန်၊ ဖြတ်တောက် သွေးခြင်း) တို့ရရန်လည်း အလွန်မှခက်လှပါသည်။ စိန်မှာကာဗွန်ဒြပ်စင်ဖြစ်ပြီး [[ImageFile:4csDiamond.jpg|left|thumb|4C စိန်]]မူလရင်းမြစ်အနေနှင့်အလွန်သက်တမ်းရင့်သည့် မီးသင့် ကျောက်များအတွင်းတွင် တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရန် ပေပေါင်း ရာထောင်ချီသည့် တွင်းနက်ကြီးများတူးဖော်ကာ ရှာဖွေရပြီး အလွန်ကုန်ကျစရိတ် များပါသည်။အဓိကတွေ့ရှိရသည့် အိမ်ခံကျောက်အမျိုးအစားများမှာ အာဖရိကတိုက်တွင် [[ImageFile:KimberliteMine.jpg|thumb|ကမ်ဘာလိုက်(Kimberlite) စိန်တွင်း]]ကမ်ဘာလိုက်(Kimberlite) နှင့် ဩစတေးလျတွင် လမ်ပိုရိုက်(Lampolite) တို့ဖြစ်ပါသည်။ ဒုတိယရင်းမြစ်အနေနှင့် ပလေစာခေါ် ကြွင်းစုသိုက်များတွင် တွေ့ရှိနိုင်ပါသည်။ သို့သော် စိန်၏အသုံးဝင်ပုံမှာ များပြားလွန်းလှသည့်အတွက် ထုတ်လုပ်သူများ၊ ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ် မနည်းတတ်ကြပေ။ စိန်ကို ကျောက်မျက်ရတနာ တစ်ပါးအဖြစ်သာမက စက်မှုလုပ်ငန်းများ၊ အာကာသသုတေသနများ ၊မျက်စိခွဲသည့် ခွဲစိတ်ဓါး စသည်ဖြင့် အမျိုးမျိုးသောလုပ်ငန်းများတွင်ပါ အသုံးပြုကြသည်။ ထိုကဲ့သို့ သုံးစွဲရာတွင် ကျောက်မျက်တန်းမဝင်သော စိန်များကိုသာ အသုံးများပါသည်။စိန်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်မှ သက်တမ်းရင့် သည့်မီးတောင် ပေါက်ကွဲမှုများ၏ အပူချိန်၊ဖိအား နှင့် အချိန်နှစ်ကာလတို့ကြောင့် စိန်၏မာဆင့်မှာ မိုးလ်စကေးအရကမ္ဘာ့အမာဆုံး အဆင့် (၁၀) တွင်ရှိနေပြီး သွေးယူ ဖြတ်တောက်ခြင်းအတွက်မှု စိန်ကို စိန်ဖြင့်သာပြန်သွေးနိုင်တော့သည်။ ရူပဗေဒ သဘောအရ လားရာ၏ မာကျောမှုပြင်းအား (Directional hardness) ဟူ၍ရှိရာ စိန်မျက်နှာပြင်ကို စိန်၏ အနားစောင်း သို့မဟုတ် စိန်မှုန့်များ ဖြင့်သွေးနိုင်ပါသည်။ စိန်သည် ကာဗွန်ဒြပ်စင်ဆိုသော်လည်း အနည်းငယ်သော နိုက်ထရိုဂျင် ဒြပ်စင် ပါဝင်ခဲ့လျှင် အဝါရောင်သန်းသွားပြီး၊ ဘိုရွန် ဒြပ်စင်ပါဝင်လျှင် အပြာရောင် သန်းနေတတ်သည်။ အဓိက ထွက်ရှိရာဒေသများမှာဩစတေးလျ၊တောင်အာဖရိက၊ဘရာဇီး၊ဆိုက်ဘေးရီးယား(ရုရှား)၊အိန္ဒိယ၊အန်ဂိုလာ၊ ဘော့စ်ဝါနာ၊တရုတ်၊နီမီးဘီးယား၊ဆီရီယာလီယွန် နှင့် တန်ဇီးနီးယား တို့ဖြစ်သည်။အိန္ဒိယ သည် စိန်ကို ရှေးအကျဆုံး စတင်တွေ့ရှိသုံးစွဲခဲ့သည့်ဒေသအဖြစ် မှတ်တမ်းဝင်သော်လည်း ယခုအခါ အရည်အသွေးနိမ့်စိန်များကိုသာ ရောင်းဝယ်ခြင်းပြုသည့်အနေအထားတွင်သာရှိတော့သည်။
 
== အညံ့ပန်း(Spinel) ==
[[ImageFile:spinel_rose.jpg|left|thumb|အညံပန်း(Spinel)]]
[[အညံ့ပန်း]]မှာ [[ပတ္တမြား]] နှင့်တွဲတွေ့ရတတ်သည့် တွဲဖက်ကျောက် ဖြစ်ပါသည်။ [[ဓာတု]]ဖွဲ့စည်းမှုမှာ [[မဂ္ဂနီဆီယံ]] [[အလူမီနီယံ]]အောက်ဆိုက်ဒ် ဖြစ်သည်။ ယခင်က တန်ဖိုးနည်း ကျောက်အဆင့်သာ သတ်မှတ်သော်လည်း ယခုအခါ လှပပြီး အရည်မီသည့် အညံ့ပန်းဆိုလျှင် ဈေးကောင်းတတ်သည့်အတွက် လူတို့၏ အာရုံစိုက်ခြင်း ခံလာရပြီဖြစ်သည်။ မာဆင့်မှာ ၈ရှိပြီး အနီရောင်ကို လူတို့က ပတ္တမြား အစားသုံးရန် ပိုနှစ်သက်ကြပါသည်။ မြန်မာ၊ [[သီရိလင်္ကာ]]၊ [[အာဖဂန်နစ္စတန်]]၊ [[ဘရာဇီး]] နှင့် [[ထိုင်း]]နိုင်ငံတို့တွင် ပေါများစွာ တွေ့ရသည်။
 
[[ImageFile:rw11-emerald_crystals.jpg|thumb|မြပုံဆောင်ခဲ]]
 
== မြ-မျက်ရွှဲအုပ်စု(ဘယ်ရယ်အုပ်စု)(Beryl) ==
စာကြောင်း ၅၀ -
 
== အလက်ဇန်းဒရိုက်၊သုံးပန်လှကျောက် (Alexandrite) ==
[[ImageFile:alexandrite.jpg|left|thumb|သုံးပန်လှကျောက် (Alexandrite)]]
[[အလက်ဇန်းဒရိုက်]] မှာ ဘယ်ရယ်အုပ်စုဝင် မျိုးကွဲတစ်ခုမှ ခရိုက်ဆိုဘယ်ရယ်၏ မျိုးစိတ်တစ်ခုပင်ဖြစ်သော်လည်း အလွန်မှ ရှားပါးပြီး ထူးခြားကျော်ကြားသည့် လက္ခဏာရှိသောကြောင့် သီးသန့်လေ့လာကြခြင်းဖြစ်ပါသည်။မြန်မာအခေါ်အားဖြင့် သုံးပန်လှ ဖြစ်ပါသည်။နာမည်ကဲ့သို့ပင် အရောင်မှာ တစ်ရောင်တည်းအဖြစ်ရပ်တည်မနေပဲ သာမန်အချိန်တွင် လိမ္မော်ရောင်ရှိတတ်ကာ၊ တန်စတင်မီးရောင်(သို့မဟုတ်) ဖယောင်းတိုင်မီးရောင် အောက်တွင် အနီရင့်ရင့် နှင့် နေ့ခင်းနေရောင်အောက်တွင်မူ မြစိမ်းရောင်များအဖြစ်ပြောင်းလဲသွားလေ့ရှိသည်။ သမိုင်းမှာ ရုရှားဇာဘုရင်တစ်ပါးဖြစ်သော အလက်ဇန္ဒား-၂ ၏မွေးနေ့တွင် ထူးခြားစွာဆက်သလာသည့်အတွက်အလက်ဇန်းဒရိုက်ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဘယ်ရယ်လီယံအလူမီနီယံအောက်ဆိုက်ဖြစ်ပြီး မာဆင့်မှာ ၈ အထိရှိပါသည်။ ထွက်ရှိရာဒေသမှာ ရုရှား၏ ယူရယ်တောင်တန်း၊ဘရာဇီး၊သီရိလင်္ကာ၊ဇမ်ဘာဘွေ၊ဇမ်ဘီးယား တို့ဖြစ်ပါသည်။
 
== ကျောက်စိမ်း(Jade) ==
စာကြောင်း ၅၇ -
 
== ဂျေဒိုက်(Jadeite) ==
[[ImageFile:Jadeite.jpg|thumb|ဂျေဒိုက်(Jadeite) ]]
[[ဂျေဒိုက်]] (Jadeite) မှာ [[ဆိုဒီယံ]] [[အလူမီနီယံ]] [[ဆီလီကိတ်]] ဖြစ်သည်။ [[မာဆင့်]]မှာ ၇ တစ်ဝိုက် (၆.၇ မှ ၇.၃) တွင် ရှိလေ့ရှိပြီး အရည်အသွေးမှာ [[နက်ဖရိုက်]] အမျိုးအစားထက်ပိုကောင်းကာ ပိုကြည်လင်သဖြင့် အများက ပိုနှစ်သက်ကြသည်။ မြန်မာနိုင်ငံ [[ကချင်ပြည်နယ်]]မှ ကမ္ဘာကျော် [[ကျောက်စိမ်း]]မှာ ဂျေဒိုက် (Jadeite) အမျိုးအစားဖြစ်ပြီး အရည်အသွေး အကောင်းဆုံးဖြစ်ကာ ဈေးကွက်ဝေစု၏ ၈၀ ရာခိုင်နှုံးကို ရရှိထားပါသည်။ ကျန်ထွက်ရှိရာ နိုင်ငံများမှာ [[ဂျပန်]]၊ [[ကယ်လီဖိုးနီးယား]] ([[အမေရိကန်ပြည်ထောင်စု]])၊ ဂွာတီမာလာ နှင့် [[ရုရှား]]ဖက်ဒရေးရှင်း တို့ဖြစ်ပါသည်။
 
== နက်ဖရိုက်(Nephrite) ==
[[နက်ဖရိုက်]] (Nephrite) မှာ ဂျေဒိုက်လောက် လူကြိုက်မများလှပဲ မျက်နှာပန်းမလှပေ။ မဂ္ဂနီဆီယံ ပါဝင်သောကြောင့် အရောင်မှာ အနက်ရောင်ဖက်ယိုင်ကာ ခပ်ပိတ်ပိတ်ပင်ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ကယ်လ်ဆီယံ မဂ္ဂနီဆီယံ ဆီလီကိတ် ဖြစ်ပြီးမာဆင့်မှာမူ ဂျေဒိုက် ထက်နည်းကာ ၆.၅ သာသာလောက်ရှိပါသည်။ [[နယူးဇီလန်]]၊ ဆိုက်ဘေးရီးယား (ရုရှား)၊ ဝန်းမင်း(အမေရိကန်)၊ [[ကနေဒါ]]၊ [[ကိုးရီးယား]] နှင့် [[ထိုင်ဝမ်]]တို့တွင် ထွက်ရှိလေ့ရှိသည်။[[ImageFile:nephrite.jpg|left|frame | နက်ဖရိုက်(Nephrite)]]
 
== ဂေါ်မိတ်(Zircon) ==
[[ImageFile:zircon.jpg|frame|ဂေါ်မိတ်(Zircon)]][[ဂေါ်မိတ်]]မှာ စိန်ကိုတုပနိုင်လောက်အောင် ရောင်လက်အား/မီးအား(Dispersion/Fire)ကောင်းလှသည့် တွင်းထွက်ဖြစ်သည်။မြန်မာတို့ နဝရတ် ကိုးပါးစာရင်းဝင်အဖြစ်နားလည်ကြသည်။ ဓာတုဖွဲ့စည်းမှုမှာ ဇာဂွန်နီယံဆီလီကိတ် ဖြစ်ပြီး မာဆင့် ၇ မှ ၇.၅ ရှိသည်။ ရေဒီယိုဓာတ်ကြွသည့်ဂုဏ်သတ္တိအနည်းငယ်ရှိသော်လည်း လူကိုဘေးဥပါတ်ဖြစ်စေသည်အထိ အန္တရာယ်မရှိပေ။ အရောင်မျိုးကွဲများစွာရှိပြီးအတွေ့ရများသည့်အရောင်များအနက်မှ ရောင်မဲ့၊အဝါရောင် နှင့် အပြာရောင် တို့သာ လူတို့ကနှစ်သက်ကြသည်။မြန်မာ၊သီရိလင်္ကာ နှင့်ထိုင်းနိုင်ငံတို့တွင် အဓိကထွက်ရှိပြီး ကျန်ကမ္ဘာ့ဒေသများတွင်လည်း ထွက်ရှိသည်။
 
== ဥဿဖယား/ထပ်တစ်ရာ(Topaz) ==
[[ImageFile:topaz2.jpg|frame|left|ဥဿဖယား(Topaz)]][[ဥဿဖယား]]သည်လည်း နဝရတ် ကိုးပါးဝင်ရတနာဖြစ်သည်။ဓာတ်ဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓါတ်စင်ရောနှောပါဝင်သည်။မာဆင့် ၈ ရှိပြီး အညိုရောင် နှင့် အဝါရောင်မှာလူကြိုက်များသည်။ထို့ကြောင့်အခြားအရောင်ရှိ ဥဿဖယားများကို ဓါတ်ရောင်ခြည်ဖြင့်ပြုပြင်ကာ အညိုရောင်နှင့် အဝါရောင်ဖြစ်ရန်ဖန်တီးတတ်ကြသည်။ [[အမေရိကန်ပြည်ထောင်စု]]၊[[ဩစတေးလျ]]၊[[မက္ကစီကို]] ၊[[ယူနိုက်တက်ကင်းဒမ်း]] နှင့် [[မြန်မာ]]တို့တွင်ထွက်ရှိသည်။
 
== မှတ်မီး/မဟူရာ/ဖရဲအူ (Tourmaline) ==
မြန်မာတို့အမြင်တွင် မဟူရာကိုသာအသိများပြီး ကျန် မှတ်မီး နှင့် ဖရဲအူတို့ကို အမျိုးတူဟုအသိနည်းပါသည်။ဓာတုဖွဲ့စည်းမှုမှာ ဘိုရို ဆီလီကိတ်တွင် မဂ္ဂနီစီယံ၊အလူမီနီယံ၊သံဓါတ်တို့ ရောနှောပါဝင်သည်။ပါဝင်သည့် အချိုးပေါ်မူတည်ကာ အရောင်များကွဲပြားရခြင်းဖြစ်သည်။မာဆင့် ၇ မှ ၇.၅ ထိရှိသည်။အရောင်အလိုက် နာမည်အခေါ်အဝေါ်များ ကွဲပြားသည်။ရှားပါးစွာတွေ့ရသည့် အရောင်မဲ့ကို အာခရိုရိုက်၊ပန်းရောင်(သို့)အနီရောင်ရှိလျှင် ရူဘယ်လိုက်(ဖရဲအူ)၊ညိုဝါရောင်မှ အညိုရောင်ရှိလျှင် ဒါဗိုက်၊အစိမ်းရောင်ဆိုလျှင်ဗာဒီလိုက်(မှတ်မီး၊စောလဖေါ်မြ၊လွိုင်ကော်မြ၊မဟူရာစိမ်း)၊အပြာရောင်ရှိလျှင် အင်ဒီဂိုလိုက်၊အနက်ရောင်ကို စခေါလ်(မဟူရာ)၊ အရောင်များစပ်တွဲနေလျှင် ပါတီ ဟုခေါ်ကြသည်။[[ImageFile:tourmaline.jpg|frame|မှတ်မီး/ဖရဲအူ(Tourmaline)]]
 
== ပြောင်ခေါင်းစိမ်း(Peridot) ==
[[ပြောင်ခေါင်းစိမ်း]]ကို ပေါများစွာတွေ့ရှိရသည့် ဒေသများတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ မိုးကုတ်မြို့ နှင့်အတော်လှမ်းလှမ်းရှိ ပြောင်ခေါင်းရွာအနီးတွင်တူးဖေါ်တွေ့ရှိရသည်ကိုအစွဲပြုကာ မြန်မာတို့က ပြောင်ဂေါင်းစိမ်းဟုခေါ်ခြင်းဖြစ်သည်။မာဆင့်အတော်ပြော့ပြီး ၆.၅ သာရှိသည်။စိမ်းဝါရောင်ရှိသည်။အနောက်တိုင်းသားများကတော့ သံလွင်စိမ်းရောင်(Olive green)ဟုသတ်မှတ်ကာ ဓာတုဗေဒ အမည်ကိုလည်း အိုလီဗင်း(Olivine) ဟုခေါ်ကြသည်။အားနည်းချက်မှာ ငရဲမီးစားသည့်ဒဏ်ကို မခံနိုင်ပေ။ [[ImageFile:peridot.jpg|frame|left|ပြောင်ခေါင်းစိမ်း(Peridot)]]မြန်မာ၊တရုတ်၊ဘရာဇီး၊ဩစတေးလျ နှင့် တောင်အာဖရိက တို့တွင် တွေ့ရှိရသည်။
{{DEFAULTSORT:က|ကျောက်မျက် ရတနာ}}
 
 
[[Category:ဘူမိဗေဒ]]
စာကြောင်း ၈၀ -
[[Category:သိပ္ပံ]]
[[Category:မြန်မာပြည်]]
{{DEFAULTSORT:က|ကျောက်မျက် ရတနာ}}
 
[[af:Edelsteen]]