ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ကျောက်မျက်ရတနာဟု သတ်မှတ်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များစွာလိုအပ်သည်ဟု ဆိုနိုင်ပါသည်။ ၄င်းတို့မှာ-
 
# အရောင် (Colour)
# မာခြင်း (Hadness)
# ကြံ့ခိုင်ခြင်း (Toughness)
# ကွဲအင် (Cleavage)
# အက်ရာ (Fracture)
# သိပ်သည်းဆ (Specific Gravity)
# အပူစီးနိုင်မှု (Thermal Conductivity)
# ဓါတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု)
# အလေးချိန် ယူနစ်များ (Units of Weight) တို့ဖြစ်ကြပါသည်။
 
== အရောင် ==
အရောင်သည် ကျောက်မျက်ရတနာတို့အတွက် လှပခြင်းဟူသော စွမ်းရည်ကို ပေးပါသည်။ ကျောက်မျက်အတန်းစား၊ အရည်အသွေးနှင့် တန်ဖိုးအနည်းအများကို ဆုံးဖြတ်ပေးသော အဓိကကျသည့် အချက်ဖြစ်သကဲ့သို့ ကျောက်မျက်အမျိုးအစား ခွဲခြားရေး၌လည်း အဆုံးအဖြတ်ပေးသည့် အရေးကြီးအချက်တစ်ခုဖြစ်ပါသည်။
 
ဥပမာအားဖြင့် ပတ္တမြား=အနီရောင်(ခိုသွေးရည်) ၊ နီလာ= အပြာရောင်(ကတ္တီပါရည်) ၊ မြ=အစိမ်းရောင် .. စသည်ဖြင့်
 
== မာခြင်း ==
တွင်းထွက်အများစုတို့သည် တိုက်ခိုက်ထိုးခြစ်ခြင်းကို ခံနိုုင်ရည်ရှိသည့် မာခြင်းမျိုးရှိကြသည်။ စံသတ်မှတ်ထားသည့် တွင်းထွက်များ၏ မာခြင်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် တွင်းထွက်တစ်မျိုး၏ မာခြင်းအဆင့်ကို သိနိုင်ပေသည်။ထင်ရှားသည့် မာဆင့်စံနှုန်းများမှာ-
 
=== မိုး စံနှုန်း (ခေါ်) မိုးစကေး (Mohs' Scale of Hadness) ===
လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်က ဂျာမန်တွင်းထွက်ပစ္စည်းဆိုင်ရာပညာရှင် ဖရက်ဒရစ်မိုး(စ်) သတ်မှတ်ခဲ့သည့် အတွက် မိုး စံနှုန်း (သို့) မိုးစကေး (Mohs' Scale of Hadness) ဟုခေါ်ကြပါသည်။[[imageFile: mohs' scale.jpg | right | မိုးစကေး (Mohs' Scale of Hadness) ]]
 
# [[ကန့်ကူဆံ]] (Talc)
# [[ဂေါ်ဒန်]] (Gypsum)
# [[ငုကျောက်]] (Calcite)
# [[မိုးကုတ်ပုလဲ]] (Flourite)
# [[နဂါးသွဲ့]] (Apatite)
# [[ကြွေကျောက်]] (Feldspar)
# [[သလင်းကျောက်]] (Quartz)
# [[ဥဿဖယား]]/ထပ်တစ်ရာ (Topaz)
# [[ကိုရိုဒမ်]] ([[ပတ္တမြား]]၊[[နီလာ]] မျိုးရင်းအုပ်စု) (Corundum)
# [[စိန်]] (Diamond)
 
ဤဇယားစဉ်အရ ကန့်ကူဆံသည် အပျော့ဆုံးအဆင့်ဖြစ်ပြီး စိန်မှာ အမာဆုံးအဆင့်ဖြစ်သည်။ အဆင့်ကိုးတွင်ရှိသည့် ကိုရိုဒမ် နှင့် အဆင့်တစ်ဆယ်တွင်ရှိသည် စိန်တို့၏ မာဆင့်ခြားနားခြင်းမှာ ကိုရိုဒမ်နှင့် ကန့်ကူဆံတို့ကြား ခြားနားခြင်းထက် များစွာပိုသည်ကို တစ်ဖက်ပါ ပုံတွင်လေ့လာနိုင်ပါသည်။
စာကြောင်း ၄၀ -
မှန်ချပ်= ၅.၅ - ၆
 
=== ဗိုက်ကာ စံနှုန်း (ခေါ်) ဗိုက်ကာ စကေး (Vicker's Scale) ===
အခြားပညာရှင်တစ်ဦးဖြစ်သည့် ဗိုက်ကာသတ်မှတ်သည့် ဗိုက်ကာစကေး ဟူ၍လည်း ရှိပါသေးသည်။ အထူးအဖြင့် ဗိုက်ကာစကေးကို စိန်၏မာဆင့်သတ်မှတ်ရာတွင် အသုံးများကြပါသည်။ [[imageFile: Vicker's scale.jpg | right | ဗိုက်ကာ စကေး (Vicker's Scale) ]]
 
ကြေးနီပြား ၁၀၀
သံမဏိဓါး ၅၀၀
ထပ်တစ်ရာ ၁၃၀၀
ကုရုန္စံ ၂၀၀၀
ဘိုကာရွန်ဗိုက် ၂၈၀၀
တင်တလန်နိုက်ထရိုက် ၃၂၀၀
စိန် ၁၀၀၀၀-၅၀၀၀၀ (မျက်နှာပြင်နေရာအလိုက် သတ်မှတ်သည်။)
 
* မှတ်ချက်။ ။သွေးပြီးသော ကျောက်မျက်နှာပြင်ပေါ်တွင် မာဆင့်စမ်းသပ်ခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ရပါ။
 
== ကြံ့ခိုင်ခြင်း ==
အရာဝတ္တုတစ်ခုအနေဖြင့် ထုခြင်း၊ရိုက်ခြင်းကို ခံနိုင်ရည်ရှိမှုကို ဆိုလိုပါသည်။ ယေဘူယျအားဖြင့် [[ကျောက်စိမ်း]]သည် ကြံ့ခိုင်မှုအား အကောင်းဆုံးဖြစ်သည်။ [[မြ]] မှာမူအတော်အားပြီး ကြွတ်ဆက်ကာကြံ့ခိုင်ခြင်း မရှိလှပေ။
 
== ကွဲအင် ==
လားရာ တစ်ခု (သို့) တစ်ခုထက်ပိုသော လားရာများအတိုင်း ကွဲထွက်သွားတတ်သည့် အချို့တွင်းထွက်တို့၏ သဘာဝကို ကွဲအင်ဟု ခေါ်သည်။ ကွဲအင်မျက်နှာပြင်တို့သည် ညီညာသော မျက်နှာပြင်များဖြစ်ပြီး အဏုမြူဖွဲ့စည်းမှုအားနည်းသည့် ပြင်ညီတစ်လျှောက် ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။
 
# သလင်း/[[အညံ့ပန်း]]=ကွဲအင်မရှိပါ
# ထပ်တစ်ရာ= ထင်ရှားပြတ်သားသည့် ကွဲအင်တစ်စုံတည်းရှိပါသည်။
# ကြွေကျောက်= ကွဲအင် နှစ်စုံ
# ငုကျောက်= ကွဲအင် သုံးစုံ
# မိုးကုတ်ပုလဲ= ကွဲအင် လေးစုံ
 
== အက်ရာ ==
ကွဲအင်၏မျက်နှာပြင်တိုင်း မဟုတ်ဘဲ အက်ကွဲတတ်သည့် အက်ရာမျိုးကို ဆိုလိုပါသည်။
 
# [[ခရုပတ်အက်ရာ]] (Conchoidal fracture) = [[သလင်း]]
# [[အက်ရာချော]] (Even fracture) = Garnet
# [[အက်ရာကြမ်း]] (Uneven fracture) = [[ဗဟန်းရွှေဝါ]] (Pyrite)
# [[အက်ရာထစ်]] (Hackly fracture) = ကြေးနီကြမ်း
# [[မျှင်သားအက်ရာ]] (Splinstery fracture) = ဆာပန်တိုက် (Serpentine)
 
* မှတ်ချက်။ ။ကွဲအင် ကောင်းပါက အက်ရာမရှိပါ။
 
== သိပ်သည်းဆ ==
ကျောက်မျက်တိုင်းတွင် သီးခြားသိပ်သည်းဆများ ရှိကြသည့်အတွက် သိပ်သည်းဆသည်လည်း ကျောက်မျက်အမျိုးအမည် ခွဲခြားရာတွင် များစွာအသုံးဝင်ပါသည်။ တွက်ချက်ပုံမှာ ကျောက်မျက်အလေးချိန်နှင့် ထုထည်တူရေ၏အလေးချိန် (၄ ံ စင်တီဂရိတ်) တို့၏ အချိုးဖြစ်ပါသည်။
 
ကျောက်မျက်၏ သိပ်သည်းဆ= လေထုထဲရှိ ပင်ကိုယ်အလေးချိန်/ ရေထဲတွင် လျော့နည်းသွားသော အလေးချိန်
 
== အပူစီးနိုင်မှု ==
ကျောက်မျက်တို့သည် လူ့ကိုယ်ခန္ဓာအရေပြားမှ အပူကို လျှင်မြန်စွာ စုပ်ယူနိုင်သည့်အတွက် အေးမြသော အထိအတွေ့မျိုးကို ခံစားနိုင်သည်။ (ဥပမာ-ကျောက်စိမ်း)
 
== ဓါတုပစ္စည်းများကို ခံနိုင်ရည်ရှိမှု ==
ကျောက်မျက်အများစုည် ဓါတုပစ္စည်းများ၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိကြပါသည်။ ဥပမာအားဖြင့် စိန်၊ပတ္တမြား၊နီလာ၊[[မျက်ရွဲ]]၊အညံ့ပန်း၊ မှတ်မီး ၊ ဥဿဖယားတို့သည် ငရဲမီးဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိကြပါသည်။
 
သို့သော် မာဆင့်ပျော့သည့် ပြောင်ခေါင်းစိမ်းနှင့် ဂေါ်မိတ်တို့သည် ကန့်ငရဲမီးနှင့် ကြာရှည်ထားပါက ချေဖြတ်ခြင်းခံသွားရတတ်ပါသည်။
 
== အလေးချိန် ယူနစ်များ ==
 
=== ကာရတ် (Carat) ===
* ကျောက်မျက်အများစု၏ အလေးချိန် ယူနစ်ဖြစ်သည်။
၁ ကာရတ် = ၀.၂၀၀ ဂရမ် (gm)
၁ ဂရမ် = ၅ ကာရတ်
 
=== ဂရိန်းနှင့် မိုမီ (Grain & Mome) ===
* ပုလဲအတွက် အလေးချိန် ယူနစ်များဖြစ်သည်။
၁ ဂရိန်း=၀.၀၅ဂရမ် = ၀.၂၅ကာရတ်
၁ ဂရမ်= ၂၀ ဂရိန်း
စာကြောင်း ၁၀၄ -
၁၀၀မိုမီ= ၁ kan
 
=== ရတီ(Rati) ===
* စိန်၊ပုလဲ နှင့် မြ တို့အတွက် မြန်မာတို့ သီးသန့်သုံးနှုန်းသည့် အလေးချိန်ယူနစ်ဖြစ်သည်။
၁ ရတီ= ၀.၉ ကာရတ်
၁ ကာရတ် = ၁.၁ ရတီ
 
[[Category:ကျောက်မျက် ရတနာ]]
[[Category:ကျောက်မျက် ရတနာ]][[Category:ဘူမိဗေဒ]]
 
[[Category:ဘူမိဗေဒ]]
 
 
[[Category:ကျောက်မျက် ရတနာ]][[Category:ဘူမိဗေဒ]]