တရုတ်သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၈ -
| ဘာသာတရားများ = ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ခရစ်ယာန်ဘာသာ
| ပွဲများ = တရုတ်နှစ်သစ်ကူး၊ အမျိုးသားနေ့ (အောက်တိုဘာ ၁၀ ရက်)
| အမျိုးအစား = သမ္မတနှင့် ဝန်ကြီးချုပ် အာဏာခွဲ​ဝေသည့်အာဏာခွဲဝေသည့် ဒီမိုကရေစီစနစ်
| ခေါင်းဆောင်_ရာထူး(၁) = သမ္မတ
| ခေါင်းဆောင်_အမည်(၁) = မာရင်းကျို
စာကြောင်း ၅၆ -
တရုတ်သမ္မတနိုင်ငံ (中華民國 The Republic of China, ROC) သည် အရှေ့အာရှတွင်တည်ရှိသည့် တိုင်းပြည်တခုဖြစ်ပြီး ကမ္ဘာတဝှမ်းက အသိအမှတ်ပြုသည့် တပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံမှ အမေရိကန်၊ ဥရောပ၊ ဂျပန်စသည့် အင်အားကြီးနိုင်ငံများနှင့် လက်တွေ့ဆက်ဆံမှုရှိသော်လည်း နိုင်ငံအနည်းအကျဉ်းကသာ တရားဝင် အသိအမှတ်ပြုသည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ အာအိုစီသည် ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။<ref>[http://taiwanjournal.nat.gov.tw Taiwan Journal] ''[http://taiwanjournal.nat.gov.tw/ct.asp?xItem=13348&CtNode=118 Text of Lee's message to recall signing of UN Charter]''</ref>
 
၁၉၁၂ ခုနှစ်တွင် အာအိုစီအား တည်ထောင်ခဲ့စဉ်က အုပ်ချုပ်သည့်နယ်နမိတ်မှာ တရုတ်နိုင်ငံတဝှမ်းလုံးနှင့် မွန်ဂိုလီးယားအထိ အကျုံးဝင်သည်။ [[ဒုတိယကမ္ဘာစစ်]]ကြီးပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် [[ထိုင်ဝမ်]]ကျွန်း (台灣) နှင့် ဖုန်ဟူ(澎湖)ကျွန်းစုများ ဂျပန်တို့ထံမှ အာအိုစီ၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ် [[ကွန်မင်တန်ပါတီ|ကူမင်တန်]] (中國國民黨 တရုတ်အမျိုးသားပါတီ) အစိုးရ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနှိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာကာ လက်ရှိတွင် အာအိုစီအစိုးရ အုပ်ချုပ်သည့် နယ်နမိတ်မှာ ထိုင်ဝမ်၊ ဖုန်ဟူ၊ ကျင်းမင် (金門 အမွိုင်)နှင့် မားကျူ (馬祖) တို့သာ ကျန်တော့သည်။ တရုတ်ပြည်တွင်းစစ်ပွဲအပြီးတွင် ကွန်မင်တန်အား အနိုင်ရခဲ့သည့် [[တရုတ်ကွန်မြူနစ်ပါတီ]]က တရုတ်ပြည်မကြီးတွင် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] (中華人民共和國 People's Republic of China, PRC) ကို ထူထောင်ခဲ့သည်။ အာအိုစီ၏ ဖွဲ့စည်းပုံအ​ခြေခံဥပဒေအရဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ အာအိုစီအစိုးရလက်အောက်ရှိ နယ်​မြေများအားနယ်မြေများအား “အာအိုစီ၏ လွတ်လပ်သောနယ်မြေ”ဟု ညွှန်းဆိုထားပြီး မြို့တော်မှာ [[ထိုင်ပေမြို့]]ဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ အာအိုစီအစိုးရသည့် နယ်မြေများမှာ ထိုင်ဝမ်နှင့် ကမ်းလွန်ကျွန်းစုများသာ ကျန်ရှိသည်ဆိုသော်လည်း [[စစ်အေးခေတ်]] ခေတ်ဦးပိုင်းတွင် အာအိုစီအစိုးရအား အနောက်တိုင်းနိုင်ငံအများစုနှင့် ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပီအာစီအား မျက်နှာသာပေးလာသောကြောင့် အာအိုစီသည် ယင်းအသိအမှတ်ပြုမှုများကို တဖြည်းဖြည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း တရုတ်တပြည်လုံး၏ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည်ဆိုသည့် အဆိုကို ဆက်လက်ဆွဲကိုင်ထားဆဲဖြစ်သည်။<ref name=MasClaimtoMainland>{{cite news |title=Ma refers to China as ROC territory in magazine interview|publisher=Taipei Times|date=2008-10-08|url=http://www.taipeitimes.com/News/taiwan/archives/2008/10/08/2003425320}}</ref>
 
သမ္မတဟောင်း [[လီတိန်းဟွေး]](李登輝)နှင့် [[ချန်ဆွေပြန်]](陳水扁)တို့က အာအိုစီသည် တရုတ်ပြည်မနှင့် ဆက်နွှယ်ခြင်းမရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သောကြောင့် တရားဝင်လွတ်လပ်ရေး ကြေညာရန် မလိုအပ်ဟု အဆိုပြုကြသည်။ <ref>China: The Fragile Superpower: Susan L. Shirk</ref> လက်ရှိသမ္မတ [[မာရင်းကျို]] (馬英九)ကမူ အာအိုစီသည် ထိုင်ဝမ်ရော ပြည်မပါ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယင်းရပ်တည်ချက်သည် အာအိုစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သော်လည်းကောင်း၊​ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သော်လည်းကောင်း၊ [[:en:1992 Consensus|၁၉၉၂ ခုနှစ် နားလည်မှု]] (九二共識 အဓိပ္ပါယ်နှစ်မျိုးနှင့် တရုတ်တပြည်ထောင်) နှင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။ <ref name="chinapost.com.tw">{{cite news |title=Taiwan and China in 'special relations': Ma|publisher=China Post|date=2008-09-04|url=http://www.chinapost.com.tw/taiwan/china-taiwan%20relations/2008/09/04/173082/Taiwan-and.htm}}</ref>
 
၁၉၁၀ မှ ၁၉၄၀ ခုနှစ်အတွင်း အာအိုစီမှာ တရုတ်နိုင်ငံကို ညွှန်းဆိုသည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ်အတွင်းတွင်မူ နေရှင်နယ်လစ်တရုတ် သို့မဟုတ် လွတ်လပ်သောတရုတ်ဟု ညွှန်းဆိုကြသည်။ မျက်မှောက်ခေတ်တွင် အာအိုစီအား များသောအားဖြင့် ထိုင်ဝမ်ဟု ခေါ်ဆိုလာကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်နိုင်ငံဆိုသည်မှာ ပီအာစီကို ညွှန်းဆိုလာကြသည်။
စာကြောင်း ၈၀ -
| id =
| isbn =0-8014-8805-2 }}</ref> ၁၉၅၀ - ၁၉၆၀ ခုနှစ်များအကြားတွင် ကွန်မင်တန်ပါတီသည် ပြန်လည်ဖွဲ့စည်းမှုအား ကျယ်ကျယ်ပျံ့ပျံ့ လုပ်ဆောင်ခဲ့ကာ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် လယ်မြေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဒီ့နောက်တွင် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လာကာ [[အာရှ ကျားလေးကောင်]] စာရင်းဝင်နိုင်ငံ ဖြစ်လာသည်။
၁၉၈၀ - ၁၉၉၀ ခုနှစ်များတွင် အုပ်ချုပ်ရေးစနစ်မှာ ငြိမ်းချမ်းသည့် [[ဒီမိုကရေစီ]]နိုင်ငံရေးစနစ်အဖြစ် အသွင်​ပြောင်းလာသည်။အသွင်ပြောင်းလာသည်။ ၁၉၉၆ ခုနှစ်တွင် သမ္မတအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက်တင်မြောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် [[ဒီမိုကရက်တစ်တိုးတက်ရေးပါတီ]]ဝင် [[ချန်ဆွေပြန်]] သမ္မတဖြစ်လာသည်။ ၎င်းသည် ၁၉၄၉ ခုနှစ် အာအိုစီအစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံးသော ကွန်မင်တန်ပါတီဝင်မဟုတ်သည့် သမ္မတဖြစ်သည်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် အမတ်ရွေးကောက်ပွဲများတွင် ကွန်မင်တန်ပါတီသည် ဗဟိုအုပ်ချုပ်ရေးအာဏာကို ပြန်လည်ရရှိခဲ့သည့်အပြင် လွှတ်တော်တွင်လည်း အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။ <ref>[http://www.globalsecurity.org/wmd/library/news/taiwan/2008/taiwan-080322-cna02.htm Decisive election win puts KMT back in power, GlobalSecurity.org]</ref>
 
== နိုင်ငံရေးအခြေအနေ ==
[[File:ROC Administrative and Claims.png|thumb|250px|ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာအိုစီအပိုင် နယ်နမိတ်​မြေပုံ။နယ်နမိတ်မြေပုံ။ အစိမ်းရင့်ရောင် ပြထားသည့် နေရာမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၏ တစိတ်တဒေသဖြစ်သည်။]]
အာအိုစီ၏ နိုင်ငံရေးအ​ခြေအနေသည်နိုင်ငံရေးအခြေအနေသည် အငြင်းပွားစရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] (ပီအာစီ)သည် အာအာစီအစိုးရသည် တရားမဝင်ဟု ကြွေး​ကြော်ကာကြွေးကြော်ကာ “ထိုင်ဝမ်အာဏာပိုင်”ဟုသာ ညွှန်းဆိုလေ့ရှိသည်။ တချိန်တည်းတွင် အာအိုစီအစိုးရက မိမိကိုယ်ကို အချုပ်အခြာအာဏာလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည်။ <ref>{{cite web |year=2005 |title=The One-China Principle and the Taiwan Issue |work=PRC Taiwan Affairs Office and the Information Office of the State Council |url=http://www.gwytb.gov.cn:8088/detail.asp?table=WhitePaper&title=White%20Papers%20On%20Taiwan%20Issue&m_id=4 |accessdate=2006-03-06}} Section 1: "Since the KMT ruling clique retreated to Taiwan, although its regime has continued to use the designations "Republic of China" and "government of the Republic of China," it has long since completely forfeited its right to exercise state [[sovereignty]] on behalf of mainland China and, in reality, has always remained only a separate state on the island of Taiwan."</ref> ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာသည့်တိုင် အာအိုစီအစိုးရက တရုတ်တပြည်လုံး၏ တရားဝင်အစိုးရဟု ဆိုသော်လည်း ထိုင်ဝမ်ခွဲထွက်ရေး (ထိုင်ဝမ်လွတ်လပ်ရေး)ကိုလိုလားသူ သမ္မတချန်ဆွေပြန် (၂၀၀၀-၂၀၀၈) မှာမူ တရုတ်ပြည်သည် အာအိုစီအစိုးရသည့် နယ်နမိတ်ဟု တက်တက်ကြွကြွ ပြောဆိုလေ့မရှိခဲ့ပေ။
အာအိုစီတွင် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ကွန်မင်တန်ပါတီမှ ၁၉၁၂ ခုနှစ် တရုတ်ပြည်တွင် ရေးဆွဲခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အာအိုစီအပိုင်နယ်နမိတ်မှာ တရုတ်ပြည်မ၊ မွန်ဂိုလီးယား၊ မြန်မာပြည် မြောက်ပိုင်းဒေသတချို့နှင့် မျက်မှောက်ခေတ် ရုရှားအပိုင် ထူဗာဒေသတို့ပါဝင်သည်။ ယင်းဥပဒေကို မျက်မှောက်ကာလအထိ ပြန်လည်ပြင်ဆင်ခဲ့ခြင်းမရှိပါ။ လက်ရှိသမ္မတ [[မာရင်းကျို]]သည် အာအိုစီသည် တရုတ်ပြည်၏ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း တရုတ်ပြည်မဒေသသည် အာအိုစီ၏ အချုပ်အခြာအာဏာပိုင် နယ်နမိတ်ဖြစ်ကြောင်း ပြန်လည်အဆိုပြုထားသည်။
 
(သို့သော်လည်း ၁၉၉၂ ခုနှစ် ထိုင်ဝမ်နှင့် ပြည်မအကြား ဟောင်ကောင်ဆွေးနွေးပွဲ၌ ကမ္ဘာပေါ်တွင် တရုတ်ပြည် တခုတည်းသာရှိ​ကြောင်းတခုတည်းသာရှိကြောင်း နှစ်ဖက်မှ လက်ခံထားပြီး ထိုင်ဝမ်ဖက်မှ ညွှန်းဆိုသည့် တရုတ်ပြည်မှာ အာအိုစီဖြစ်ကာ ပြည်မဖက်မှ ညွှန်းဆိုသည့် တရုတ်ပြည်မှာ ပီအာစီဖြစ်ကြောင်း နားလည်မှုရယူထားသည်။ ၎င်းအား ၁၉၉၂ ခုနှစ် နားလည်မှုဟု နောက်ပိုင်းတွင် ခေါ်ဆိုကြသည်။)
 
== သမိုင်း ==
စာကြောင်း ၉၆ -
၁၉၁၁ ခုနှစ်တွင် နှစ် ၂၀၀၀ ကျော်ကြာသည့် ဧကရာဇ်စနစ်အား တွန်းလှန်ပြီးနောက် တရုတ်၌ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ . ချင်းမင်းဆက် အစိုးရသည် ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ဧကရာဇ်စနစ်ကို ကြားကန်ပေးထားသည့် ခေတ်သစ်-ကွန်ဖြူးရှပ်ဝါဒအပေါ် ပြည်သူများက သံသယဝင်လာချိန်ဖြစ်သလို ပြည်တွင်း၌လည်း တရုတ်လူမျိုး သန်း ၄၀ (လူဦးရေ ၁၀ %)က ဘိန်းစွဲသည့် ပြဿနာကြောင့် ကိုယ်ပိုင်ယဉ်ကျေးမှုမဲ့နေပြီဟု အပြစ်တင်ခံနေရချိန်လည်းဖြစ်သည်။ <ref name = "EB">Encyclopedia Britannica</ref> တတိယဘိန်းစစ်ပွဲတွင် အနောက်တိုင်းအင်အားကြီးနိုင်ငံများအား မရှုမလှ ရှုံးနှိမ့်ခဲ့ရ၍ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည့် ချင်မင်းဆက် အစိုးရသည် ဤအချိန်တွင် မီးစာကုန်ဆီခန်းဘဝနှင့် အတော်လေးပင် နီးစပ်နေပြီဖြစ်သည်။ <ref>P. 235. Fairbank and Goldman. China.</ref>
 
၁၉၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ဒေါက်တာ [[ဆွန်ယက်ဆင်]] (孫中山; 孫逸仙)ဦးဆောင်သည့် ဝူချန်းတော်လှန်ရေး (武昌起義) ဖြစ်ပွားခဲ့ပြီး ချင်မင်းဆက်ကို တွန်းလှန်ခဲ့သည်။ ထိုနေ့အား အာအိုစီအစိုးရက အမျိုးသားနေ့(國慶)အဖြစ် သတ်မှတ်ခဲ့သည်။ Double Ten Day (雙十節) ဟုလည်းခေါ်သည်။ ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် အာအိုစီကို တည်ထောင်ခဲ့ပြီး ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ဖူယီ​ဖူယီ (溥儀) နန်းစွန့်ရန် သဘောတူခဲ့ပြီးနောက် ယွမ်ရှီခိုင်အား ၁၉၁၃ ခုနှစ်တွင် သမ္မတအဖြစ် တရားဝင် ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော်လည်း ယွမ်ရှီခိုင်သည် အာဏာရကွန်မင်တန်ပါတီကို ဖြိုခွဲလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအရ သမ္မတအာဏာကို လျစ်လျူရှုကာ ၁၉၁၅ ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေငြာခဲ့သည်။
[[File:Whampoa3.jpg|left|thumb|၁၉၂၄ ခုနှစ် ဟွမ်ဖူစစ်လေ့ကျင့်ရေးကျောင်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည့် ဆွန်ယက်ဆင် (လယ်) နှင့် ချန်ကေရှိတ် (စင်ပေါ်မှစစ်ဝတ်စုံဝတ်ဆင်ထားသူ)။]]
 
စာကြောင်း ၁၃၀ -
== အစိုးရ ==
=== ရီပါပလေကန်ခေတ်ဦး ===
အာအိုစီ၏ ပထမဦးဆုံးသော အစိုးရအဖွဲ့အစည်းအား ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် နန်ကျင်းမြို့၌ ထူထောင်ခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် တင်​မြှောက်ခဲ့သည်။တင်မြှောက်ခဲ့သည်။ အစိုးရ၏အာဏာ ခိုင်မြဲစေရေးအတွက် ပြည်နယ်ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့မှ ပထမဦးဆုံးသော လွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ တရုတ်ပြည်​မြောက်ပိုင်းဒေသတွင်တရုတ်ပြည်မြောက်ပိုင်းဒေသတွင် စစ်သူကြီးများ ကြီးစိုးနေသောကြောင့် ဤအစိုးရ၏ အခွင့်အာဏာ အကန့်အသတ်ရှိသည့်အပြင် သက်တမ်းမှာလည်း တိုတောင်းသည်။ ၎င်းအစိုးရ အတည်ပြုခဲ့သည့် လုပ်ဆောင်ချက်များတွင် ချင်းမင်းဆက် တရားဝင်နန်းစွန့်ခြင်းနှင့် စီးပွားရေးအစပျိုးရေး လုပ်ရပ်အချို့ ပါဝင်သည်။
 
ယွမ်ရှီခိုင် ဦးမော့လာပြီး မကြာမီတွင် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာမှာ အမည်ခံသာရှိတော့သည်။ ယွမ်ရှီခိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ အခွင့်အာဏာများအား လျစ်လျူရှုကာ မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေငြာခဲ့သည်။ ယွမ်ရှီခိုင်သည် စစ်ဗိုလ်ချုပ်ကြီးများအား စေလွှတ်ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ပေးခဲ့သည်။ တဖက်မှာလည်း မူလကတည်းက နယ်တွင်ကြီးစိုးနေသည့် စစ်ဗိုလ်ကြီးများအား ဩဇာခံအဖြစ် သိမ်းသွင်းကာ မိမိ၏အာဏာတည်မြဲအောင် ကြိုးပန်းခဲ့သည်။ အခြားနိုင်ငံများကလည်း ယွမ်ရှီခိုင်အစိုးရအား အသိအမှတ်ပြုလာကြသည်။ ၁၉၁၅ ခုနှစ်တွင် ဂျပန်တို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့သူမှာ ယွမ်ရှီခိုင်ဖြစ်သည်။
စာကြောင်း ၁၄၁ -
 
=== မျက်မှောက်ခေတ် ===
[[File:Presidential Building, Taiwan (0747).JPG|thumb|200px|၁၉၅၀ မှ စတင်အသုံးပြုသည့် ထိုင်ပေမြို့ရှိ သမ္မတအိမ်​တော်သမ္မတအိမ်တော်]]
အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ဗဟိုအစိုးရအဖွဲ့အစည်းသည် ဝန်ကြီးချုပ်နှင့် သမ္မတ အာဏာခွဲဝေ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်း ထိုင်ဝမ်၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပိုမိုပီပြင်လာပြီးနောက် ၁၉၉၀ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၇ ကြိမ်တိုင်တိုင် ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ပထမဦးဆုံး ပြင်ဆင်မှုတွင် ဥပဒေပြုလွှတ်တော် အမတ်များ၊ ဝန်ကြီးများရုံးအပိုင် မြို့တော်ဝန်များနှင့် ပြည်နယ်မှူးများအား တိုက်ရိုက်မဲပေးရွေးကောက်ရန် အတည်ပြုခဲ့သည်။ ၁၉၉၄ ခုနှစ် တတိယအကြိမ်တွင် သမ္မတအား အမျိုးသားညီလာခံမှ ရွေးကောက်သည့်အစား လူထုမှ တိုက်ရိုက်မဲပေးရွေးကောက်ရန်နှင့် သမ္မတသက်တမ်းအား ၆ နှစ်မှ ၄ နှစ်သို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၉၇ ခုနှစ် စတုတ္ထအကြိမ်တွင်မူ သမ္မတနှင့် ဒုတိယသမ္မတအား စွပ်စွဲပြစ်တင်ခွင့်ကို စိစစ်ရေးရုံးချုပ်ထံမှ ဥပဒေပြုလွှတ်တော်ထံ အပ်နှင်းခဲ့သည်။
 
စာကြောင်း ၁၈၁ -
ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် နိုင်ငံအများစု အထူးသဖြင့် အနောက်တိုင်း နိုင်ငံများက အာအိုစီနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက်ထားရှိသည်။ သို့သော်လည်း နိုင်ငံရေး ဖိအားများကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှစကာ အာအိုစီအစား ပီအာစီနှင့် သံတမန် ဆက်ဆံရေးများကို ဆောက်တည်ခဲ့ကြသည်။ လက်ရှိတွင် အာအိုစီနှင့် တရားဝင် သံတမန် အဆက်အသွယ်ရှိသည့် နိုင်ငံ ၂၃ နိုင်ငံသာ ကျန်တော့သည်။
 
ပီအာစီသည် အာအိုစီအား အသိအမှတ်ပြုသည့် နိုင်ငံများနှင့် သံတမန် အဆက်အသွယ်ပြုရန် ငြင်းဆိုခဲ့သည်။ ၎င်းနှင့် သံတမန် အဆက်အသွယ်ရှိသည့် နိုင်ငံအားလုံးကိုလည်း ၎င်းသည် ထိုင်ဝမ်အား ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ လက်​တွေ့တွင်လက်တွေ့တွင် နိုင်ငံ အတော်များများသည် အာအိုစီနှင့် တရားဝင်မဟုတ်သည့် ဆက်ဆံရေးများ ဆက်လက်ထားရှိသည်။ နိုင်ငံ အတော်များများတွင်လည်း ထိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုရုံး သို့ ထိုင်ပေကိုယ်စားလှယ်ရုံးများ ထားရှိကာ သံရုံးများကဲ့သို့ ဗီဇာထုတ်ပေးသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတော်များများကလည်း အလားတူ စီးပွားရေးနှင့် ကုန်သွယ်ရေး ရုံးများကို ထိုင်ဝမ်တွင် ဖွင့်လှစ်ထားသည်။ ဥပမာ [[ထိုင်ဝမ်ရှိအမေရိကန်ဌာန]] ([[:en:American Institute in Taiwan|American Institute in Taiwan]], AIT) သည် လက်တွေ့တွင် အာအိုစီအခြေစိုက် အမေရိကန်သံရုံးဖြစ်သည်။
 
အာအိုစီသည် ကုလသမဂ္ဂအားဖွဲ့စည်းထူထောင်သည့် မူလအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၇၁ ခုနှစ်အထိ လုံခြုံရေးကောင်စီ၏ အမြဲတန်းအဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် ၂၇၅၈ ကို အတည်ပြုလိုက်ပြီးနောက် ၎င်းနေရာအား ပီအာစီထံ လွှဲပေးလိုက်ရသည်။ ယခုနောက်ပိုင်း အာအိုစီ၏ ကုလသမဂ္ဂအဖွဲ့ဝင်လျှောက်ထားချက်ကို ကော်မတီအဖွဲ့မှ အတည်ပြုခဲ့ခြင်း မရှိသေးပါ။
စာကြောင်း ၁၉၄ -
ပြည်တွင်းပြည်ပရန်များနှင့် ရင်ဆိုင်နေရသည့် အာအိုစီအစိုးရသည် စီးပွားရေးတိုးတက်စေရန် တရုတ်စက်မှုဘဏ် တည်ထောင်ခြင်းစသည့် နည်းလမ်းအချို့ကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။ စီးပွားရေး အကောင်းဆုံး ၁၀ နှစ်တာကာလ ၁၉၃၀ ပြည့်နှစ်များတွင် တရုတ်ပြည်၏ စက်မှုလုပ်ငန်း ၇.၇ % တိုးတက်ခဲ့သည်။ လူမှုရေး၊ စီးပွားရေး အခြေအနေသည်လည်း တရှိန်ထိုး တိုးတက်သည့် အလားအလာရှိခဲ့သည်။ အခြား ခေတ်မှီတိုးတက်သည့် နိုင်ငံများတွင် စီးပွားရေး ကျဆင်းမှုနှင့် နှိုင်းယှဉ်လျှင် တရုတ်ပြည်၏ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများသည် ချင်းမင်းဆက် ပျက်သုဉ်းပြီးနောက် စံချိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းအပိုင်းတွင် အသိသာအထင်ရှားဆုံး တိုးတက်မှုမှာ လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးနှင့် သံမဏိ ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်သည်။
 
ထိုစဉ်အခါက တရုတ်ပြည်တွင် စိုက်ပျိုး​မြေစိုက်ပျိုးမြေ အမြောက်အများရှိသောကြောင့် စိုက်ပျိုးရေး လုပ်ငန်းမှာ အဓိကဖြစ်သည်။ လယ်​​မြေများကိုလယ်မြေများကို မြေရှင်များက ပိုင်ဆိုင်ကြပြီး လယ်သမားများမှာ လခစားအလုပ်သမားများ ဖြစ်ကြသည်။ ″လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး စီမံကိန်း″ စတင်ခဲ့ပြီးနောက် ဤကဲ့သို့သော အခြေအနေ ပြောင်းလဲ ကောင်းမွန်လာခဲ့သည်။ အာအိုစီအစိုးရသည် ကျေးလက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သမဝါယမ အသင်းအဖွဲ့များနှင့် အခြေခံပညာရေး စနစ်များကို ကျင့်သုံးကာ ခေတ်မှီစီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။
 
[[File:Taipei 101 at night.jpg|200px|thumb|[[ထိုင်ပေ ၁၀၁]](TAIPEI 101)]]