တွင်းထွက်ပစ္စည်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (robot Adding: rue:Мінералы
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
[[File:Different minerals.jpg|right|300px|thumb|တွင်းထွက်ပစ္စည်း အမျိုးမျိုး]]
 
ကမ္ဘာမြေကြီး၏ မြေလွှာတွင် ကျောက်အမျိုးမျိုး ပါဝင်ကြသည်။ ထိုကျော်ကအမျိုးမျိုးတို့သည် ခနိဇ​ခနိဇ (ဝါ) တွင်းထွက်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာသည်။ ကျောက်တွင် တွင်းထွက်ပစ္စည်း တစ်မျိုးတည်းသာ ပါဝင်သည်လည်း ရှိသည်။ နှစ်မျိုးမက ပါဝင်သည်လည်း ရှိသည်။ သဘာဝအလျောက် ပေါ်ပေါက်သော ဆားကျောက်များတွင် သိပ္ပံနည်းအရ ဆိုဒီယမ် ကလိုရိုက်ခေါ် ဆားဓာတ်ချည်း သက်သက်ပါသည်။ ဂျစ်ပဆမ်ခေါ် ကျောက်တွင် ကယ်လဆီယမ် ဆာလ​ဖိတ်ဓာတ်ချည်းဆာလဖိတ်ဓာတ်ချည်း သက်သက်ပါသည်။ သို့ရာတွင် ဂရက်ဖိုက်ကျောက်၌မူကား လချေး၊ ဖဲလစပါး (စဉ့်ကျောက်တစ်မျိုး) ဟူသော ပစ္စည်းတို့ ပါဝင်ကြသည်။ ဤကဲ့သို့သော မြေလွှာရှိ ကျောက်အမျိုးမျိုးတို့ကို ဖန်တီးပေးသော ပစ္စည်းတို့သည် တွင်းထွက်ပစ္စည်းများ ဖြစ်ကြသည်။
 
တွင်းထွက်ပစ္စည်းတွင် [[ဒြပ်စင်]]အများ ပါဝင်သော်လည်း၊ ဓာတ်သဘောအရ [[ဒြပ်ပေါင်း]]များအဖြစ် ပေါင်းစပ်သောကြောင့် ယင်းတို့ကို ထုချေခွဲစိတ်ရုံဖြင့် လွယ်ကူစွာ ခွဲထုတ်ရန် မဖြစ်နိုင်​ချေ။မဖြစ်နိုင်ချေ။ ရေနှင့် ပြဒါးမှလွဲလျှင် သဘာဝအလျောက် တွေ့ရသော တွင်းထွက်ပစ္စည်းမှန်သမျှကို အခဲအဖြစ်သာ တွေ့ကြရသည်။ ကျောက်မီးသွေးသည် အလွန်ရှေးကျသောခေတ်က ပေါက်ရောက်ခဲ့သည့် သစ်ပင်များ၏ အကြွင်းအကျန်ဖြစ်၍ တွင်းထွက်ပစ္စည်း အစစ်မဟုတ်ချေ။ သို့သော် တွင်းထွက်ပစစည်းနည်းတူ ဖြစ်ပေါ်လာခြင်း၊ တွင်းထွက်ပစ္စည်း၏ ဂုဏ်အင်္ဂါများရှိခြင်းကြောင့် ယေဘုယျအားဖြင့် တွင်းထွက်ပစ္စည်းအနေနှင့်ပင် ယူဆထားကြသည်။
 
သိပ္ပံပညာရှင်တို့သည် ယနေ့အထိ တွင်းထွက်ပစ္စည်းပေါင်း ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ ယင်းတို့အနက် အမျိုး ၂၀၀ ခန့်ကို ​​ကျောက်များတွင်ကျောက်များတွင် အတွေ့ရများ၍ အများဆုံးတွေ့ရသော ပစ္စည်းများမှာ အမျိုး ၃၀ ခန့်ရှိသည်။ တွင်းထွက်ပစ္စည်းတို့သည် များသောအားဖြင့် ရှားပါး၍သော်လည်းကောင်း၊ အချို့မှာ လှပသောကြောင့်သော်လည်းကောင်း အဖိုးတန်သည်။
 
ဒြပ်စင်အချို့ကို တွင်းထွက်ပစ္စည်းအနေနှင့် တွေ့ရတတ်၍ ထိုသို့တွေ့ရသော ဒြပ်စင်များသည် ဓာတ်သဘောအားဖြင့် ထကြွမှု အနည်းဆုံးဖြစ်ကြသည်။ ပလက်တီနမ်၊ [[ကန့်]]၊ ကာဗွန်နှင့် ရွှေတို့မှာ အဆိုပါ ဒြပ်စင်မျိုး ဖြစ်ကြသည်။ ဆိုဒီယမ်၊ ကယ်လဆီယမ်နှင့် ကလိုရင်းတို့ကဲ့သို့ ဓာတ်သဘောအားဖြင့် ထကြွသော ဒြပ်စင်များကိုမူ ဒြပ်ပေါင်းများအဖြစ်ဖြင့်သာ အမြဲတမ်းတွေ့ရလေသည်။
စာကြောင်း ၁၄ -
တွင်းထွက်ပစ္စည်း အသီးသီးတွင် သီးခြားထင်ရှားသော ဂုဏ်သတ္တိများရှိသည်။ ဥဒါဟရုဏ်အားဖြင့် ကျောက်သလင်းကို အမြဲတမ်း ပုံစံတစ်မျိုးတည်း အနေနှင့်သာ တွေ့ရသည်။ မာကျောပုံ၊ သိပ်သည်းပုံ၊ တောက်ပပုံ၌လည်းကောင်း အလင်းနှင့်အပူတို့ကို ပို့ဆောင်ပေးရာ၌လည်းကောင်း အမြဲပင် တပြေးညီရှိသည်။ တွင်းထွက်ပစ္စည်း၏ ဂုဏ်အင်္ဂါများသည် ပေါင်းစပ်ပါရှိသော ဒြပ်စင်များပေါ်တွင် မူတည်သည်။
 
တွင်းထွက်ပစ္စည်း၏ ပုံဆောင်ခဲအတွင်းရှိ [[အက်တမ်]]တို့၏ ဖွဲ့စည်းပုံ အနေအထားပေါ်တွင်လည်း မူတည်သည်။ ဥဒါဟရုဏ်အားဖြင့် စိန်နှင့် ခဲတံတွင် ခဲဆန်ပြုလုပ်ထားသော ခဲ​ခဲ (ဂရပ်ဖိုက်) တို့ နှစ်မျိုးစလုံးမှာ ကာဗွန်ချည်းဖြစ်ကြသော်လည်း စိန်မှာ အလွန်မာကျော၍ ခဲမှာ အလွန်ပျော့ပျောင်းသည်။ ခဲသည် မည်း၍ ချောကျိကျိရှိပြီး စိန်မှာ အလင်းပေါက်၍ အရောင်တောက်ပသည်။
 
တွင်းထွက်ပစ္စည်းတို့၏ အပျော့အမာကို တိုင်းတာရန်အတွက် အပျော့ဆုံးဖြစ်သော ကန့်ကူမှ အမာဆုံးဖြစ်သော စိန်အထိ ပစ္စည်း ၁၀ မျိုးကို အမှတ် ၁ မှ ၁၀ အထိပေးကာ စံတင်ဇယား ပြုလုပ်ထားသည်။ တွင်းထွက်ပစ္စည်းများကို ယင်းတို့၏ သိပ်သည်းဆဖြင့်လည်း အမျိုးအစား ခွဲခြားနိုင်၍ အခြားနည်းများဖြင့်လဲ ခွဲခြားနိုင်သေးသည်။
 
== တွင်းထွက်ပစ္စည်း အမျိုးမျိုး ==
တွင်းထွက်ပစ္စည်းများကို သတ္တုရောင်ထွက်သောပစ္စည်းနှင့် သတ္တုရောင်မဲ့သောပစ္စည်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ သတ္တုရောင်ထွက်သော တွင်းထွက်ပစ္စည်းသည် အလင်းပိတ်တတ်သည်။ သတ္တုရောင်မဲ့သော တွင်းထွက်ပစ္စည်းသည် အလင်းပေါက်တတ်ပြီး များသောအားဖြင့် ဖန်နှင့်ဆင်တူသည်။ သတ္တုရောင်ထွက်သော တွင်းထွက်ပစ္စည်းတို့သည် များသောအားဖြင့် လေး၍ ရွှေ၊ ငွေ၊ ခဲ၊​ခဲ၊ သံ၊ သံဖြူနှင့် သွပ်တို့ကို ထိုပစ္စည်းမျိုးမှ ရရှိသည်။ သတ္တုရောင်မဲ့သော တွင်းထွက်ပစ္စည်းတို့သည် များသောအားဖြင့် ပေါ့၍ ကျောက်သလင်း၊ ကယ်လဆိုက်နှင့် ဖဲစပါးတို့ ပါဝင်သည်။
 
== တွင်းထွက်ပစ္စည်းများ ဖြစ်ပေါ်လာပုံ ==
တွင်းထွက်ပစ္စည်းအားလုံးတို့သည် ရှေးဦးအခါက ရေတွင် ပျော်ဝင်နေသော ပျော်ရည်အဖြစ်ဖြင့်လည်းကောင်း၊ အပူတိုက်၍ အရည်ကျိုထားသကဲ့သို့ ပျော်နေသော အရည်မျိုးအဖြစ်ဖြင့်လည်းကောင်း တည်ရှိခဲ့ကြရာမှ အောက်ပါနည်း သုံးနည်းအနက် တစ်နည်းနည်းဖြင့် အခဲဘဝသို့ ရောက်လာကြသည်ဟု ယူဆရသည်။
 
ပထမနည်းမှာ ဆားပြည့်ဝပျော်ဝင်ရည်မှ ဆားပွင့်များ ဖြစ်ပေါ်လာနိုင်သကဲ့သို့ ရှေးကပင်လယ် [[သမုဒ္ဒရာ]]၊​ အင်းအိုင်များတွင် တွင်းထွက်ပစ္စည်းများ ပျော်ဝင်လျက်ရှိသော ပျော်ဝင်ရည်တို့သည် တဖြည်းဖြည်း ခန်းခြောက်လာရာမှ ပျော်ဝင်နေသော ပစ္စည်းများသည် တဖြည်းဖြည်း ပုံဆောင်ခဲပွင့်များ ဖြစ်လာကြသည်။ တွင်းထွက်ဆိုဒါ၊ လက်ချားနှင့် သိန္ဓောဆားစသည်တို့မှာ ထိုနည်းအတိုင်း ဖြစ်ပေါ်လာသော တွင်းထွက်ပစ္စည်းများဖြစ်သည်။ သဘာဝအလျောက် ဆားပျော်ရည်များ တည်ရှိရာတို့အနက် အရေးအကြီးဆုံးမှာ ပင်လယ်သမုဒ္ဒရာဖြစ်သည်။
 
တစ်ခါတစ်ရံ တွင်းထွက်ပစ္စည်းများ ပျော်ဝင်နေသော ရေသည် ရေပူစမ်းရှိရေကဲ့သို့ အလွန်ပူသည်။ ကာလကြာညောင်းသော် ထိုရေသည် တဖြည်းဖြည်း အေးလာသောကြောင့်ဖြစ်စေ အငွေ့ပျံသွားသောကြောင့်ဖြစ်စေ ပျော်ဝင်နေသော ပစ္စည်းတို့သည် အနည်ထိုင်၍ အခဲအဖြစ်ဖြင့် ပေါ်ပေါက်လာကြသည်။ ဤနည်းဖြင့် မြေအောက်တွင် ကျောက်သလင်း၊ ကယ်လဆိုက်၊ ဂျပ်ပဆမ်နှင့် ရွှေစသည်တို့ ပါဝင်သော အကြောများ ဖြစ်ထွန်းလာခဲ့ကြသည်။