ဟင်္သာတမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထိုပြင် +ထို့ပြင်)
No edit summary
စာကြောင်း ၃၈ -
|website =
}}
ဟင်္သာတခရိုင်၏ ရုံးစိုက်မြို့ဖြစ်ခဲ့၍ ယခု ဟင်္သာမြို့နယ်၏ဟင်္သာတမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သော ဟင်္သာတ မြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ အောက်မြန်မာနိုင်ငံတွင် အရောင်းအဝယ် စည်းကားဖွံ့ဖြိုးသော မြို့ကြီးတမြို့ဖြစ်သည့်ပြင် အရေးပါသော ဧရာဝတီမြစ်ဆိပ်မြို့ လည်း ဖြစ်သည်။ စီးပွား ကုန်သွယ်မှု စည်ကားဖွံ့ဖြိုးခြင်းမှာ မြို့၏ကျောထောက်နောက်ခံဒေသများမှ ကုန်ပစ္စည်း အထွက် ကောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းသွားလာရေး အတွက် ရေလမ်းကုန်းလမ်း နှစ်မျိုးလုံးဘက်၌ အဆင်ပြေခြင်း တို့ကြောင့် ဖြစ်သည်။
 
ဟင်္သာတမြို့သည် ရန်ကုန်မြို့နှင့် မီးရထားလမ်းအားဖြင့် မိုင် ၁၁ဝ ကွာဝေး၍ ရေလမ်းအားဖြင့် ၁၄၉ မိုင် ကွာဝေးလေသည်။ မြို့နယ်အတွင်းနှင့် အပသို့ မီးရထားလမ်း၊ မော်တော်ကားလမ်း နှင့်ရေလမ်းခရီးတို့ဖြင့် ဆက်သွယ်နိုင်သည်။ မန္တလေးနှင့်ရန်ကုန် အစုန်အဆန် သွားလာသော မန္တလေးသင်္ဘောကြီးများ ဆိုက်ကပ် ရာ ဖြစ်၍ အထက်နှင့်အောက်ကုန်ပစ္စည်းများ စုံစုံလင်လင် ရနိုင်လေသည်။