ဦးကြင်ဥ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၂၈ -
ဦးကြင်ဥသည် [[ကုန်းဘောင်ခေတ်]] ရတနာပူရ စတုတ္ထမြို့တည် [[ဘကြီးတော်(စစ်ကိုင်းမင်း)]]‌ လက်ထက်မှစ၍ [[ရွှေဘိုမင်း]] လက်ထက် (၁၁၉၉-၁၂၀၈)၊[[ပုဂံမင်း]]လက်ထက် (၁၂၀၈-၁၂၁၄) များတွင် ထင်ရှားကျော်စော သောပုဂ္ဂိုလ် ဖြစ်သည်။ ဦးကြင်ဥသည် [[ပြဇာတ်]]ခေါ် ဇာတ်ထုပ်ဇာတ်ဝင် [[ကဗျာ]]တို့ကိုသာ ရေးသည်သာမဟုတ် ဇာတ်ချင်းခေါ် [[ပဒေသာသီချင်း]]၊ [[တောဘွဲ့]]၊ [[ရာသီဘွဲ့]]မျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ပေသည်။ [[မြန်မာကဗျာ]] အဖွဲ့အနွဲ့ အမျိုးမျိုးရှိသည့်အနက် ပြဇာတ်အဖွဲ့အနွဲ့များတွင် ဆရာကြီး ဦးကြင်ဥ ရေးသားသော ပြဇာတ်များသည် ရှေးအကျဆုံးဖြစ်သည်။

== ဇာတိ ==
ဦးကြင်ဥကို မြေထဲမြို.၊ စီရင်စုအပိုင်၊ [[ဆင်ပေါင်ဝဲရွာ]](ယခုမကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်) တွင်မွေးဖွား၍ အမရပူရနေပြည်တော် တွင်ကြီးပြင်းခဲ့သည်။ ဦးကြင်ဥ၏ မွေးသက္ကရာဇ်မှာ အတိအကျ မရှိပေ။မောင်သုတ([[ဗိုလ်မှူးဘသောင်း]]) က ၁၁၄ဝပြည့်နှစ်ခန်.ဟု လည်းကောင်း၊ ဆရာ[[ဦးလူဖေဝင်း]]က သက္ကရာဇ် ၁၁၄၄ဟုလည်းကောင်း၊ မလိခ၏ [[မြန်မာစာပေ]] အဘိဓါန် ၁၁၄၂ ခုနှစ်ဟု လည်းကောင်း အမျိုးမျိုး ခန့်မှန်းကြသည်။

== စာပေသင်ကြားခြင်းနှင့် အမှုထမ်းခြင်း ==
ငယ်ရွယ်စဉ် အခါမှစ၍ [[လောကီ]]၊ [[လောကုတ္တရာ]] ကျမ်းအမျိုးမျိုးတို့ကို လေ့လာစည်းပူးခဲ့သည့် အပြင် ကဗျာဘက်တွင်လည်း ဝါသနာထက်သန်ခဲ့လေသည်။ ကြီးပြင်းလာသောအခါ [[နေပြည်တော်]]၌ပင် စာဆိုတော်အဖြစ် အမှုထမ်းခဲ့သည်။
ဒေသန္တရ ဗဟုသုတအပြင် [[အဂ္ဂိယတ်]]၊ ဆေးဝါး ၊ [[နက္ခတ်တာရာ]]၊ [[သုံးပုံဖဲ]] စသည့် အဘက်ဘက်တွင်လဲ နှံ့စပ်သိမြင်ကြောင်း သူ၏ကဗျာများတွင် တွေ့ရသည်။

== ရေးသားခဲ့သော စာပေများ ==
ဦးကြင်ဥသည် ဘာသန္တရ ဗဟုသုတအပြင် ဒေသန္တရ ဗဟုသုတနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ အကြောင်း ယုတ္တိလုံလောက်ပါက ရှေးထုံးစဉ်လာကို သာမက အသစ်အဆန်းတို့ကိုလည်း ထိုးထွင်းဉာဏ်ဖြင့် တီထွင်သွားလိုသော ဆန္ဒရှိသည်။ [[ဝန်ကြီးပဒေသရာဇာ]]သည် မြန်မာစာပေတွင် အသစ်အဆန်းတို့ကို တီထွင်သွားသကဲ့သို့ ဦးကြင်ဥသည်လည်း တီထွင်လေသည်။ ရှေးယခင်အခါများက နန်းတော်သူ၊ နန်းတော်သားများ ဖတ်ရှုရန် နန်းတွင်းဇာတ်တော်ကြီးများရှိခဲ့ရာ ဦးကြင်ဥလက်ထက်သို့ ရောက်သောအခါ ဖတ်ရှုရုံသာ မဟုတ်ပဲ ကပြရန်အတွက်ပါ ပြဇာတ်များကို တီထွင်ရေးသားခဲ့ပေသည်။
ဘုရားဟော [[ဝတ္တု]]ကို အခြေပြုရေးသားသော [[ဝေဿန္တရာ]]နှင့် [[မဟော်သဓာ]]ပြဇာတ်တို့မှ တပါး [[ဒေဝကုမ္ဘဏ်]]၊ [[ဝင်္ကန္တ]]၊ [[ကာလကန္တီ]]၊ [[ပါပဟိန်]] စသော ပြဇာတ်တို့သည် ဦးကြင်ဥ၏ ကိုယ်ပိုင်ဉာဏ်မှ ပေါက်ဖွားလာသော ဒဏ္ဍာရီပြဇာတ်များ ဖြစ်လေသည်။ ပြဇာတ်များအပြင် ရတုများ၊ [[၁၂-လရာသီဘွဲ့]]၊ [[ညည်းချင်း]]များ၊ သန်းခေါင်ဘွဲ့ညည်းချင်း၊ ဇော်ဂျီချင်း၊ မုဆိုးစကား၊ ဆိုင်းဆင့်စကား စသည်တို့ကိုလည်း ရေးသားခဲ့လေသည်။
စာကြောင်း ၄၁ -

ပြဇာတ် (၈) ပုဒ်ရေးသားခဲ့ရာ -
* (၁)မဟော်သဓာ ပြဇာတ်
* (၂)ဝေဿန္တရာ ပြဇာတ်
* (၃)ပါပဟိန် ပြဇာတ်
* (၄)ဒေဝကုမ္မာန် ပြဇာတ်
* (၅)ဝင်္ကန္တ ပြဇာတ်
* (၆)ကာလကဏပြဇာတ်
တို့ဖြစ်ကြသည်။

== '''မြင်ဘူးမှ ယုံစဘွယ်ကဗျာ''' ==
ဦးကြင်ဥသည် အသက်အရွယ် ကြီးရင်လာသောအခါ ပြဇာတ်များကို မရေးသားလို ဇာတိမြေထဲမြို့ ကျေးရွာသို့ သွားရောက်နေထိုင်တော့မည်ဟု ဆုံးဖြတ်၍ သွားရောက်နေထိုင်ရာ [[ပုသိမ်မြို့]] မော်တင်စွန်းသို့ ရောက်ခိုက် [[ငါး]]အမျိုးမျိုး၊ [[ခရု]]အမျိုးမျိုးတို့ကို မြင်ပြန်ရာ ဝါသနာလျှောက် အောက်ပါကဗျာကို ရေးစပ်ခဲ့၏။

ကြုံစဖူး၊ မြင်ဘူးမှ ယုံစဘွယ်။

ဖြူနီဝါ ပြာတစုနှင့်၊ ခရုထွေလာဆန်း၊

ကမ်းကွေ့ပတ်လယ်။

ရွှေမှင်တံသံပချုပ်နှင့်၊ ဟန်ရုပ်ပြသွယ်သွယ်၊

နတ်မယ်လျဆံထိုး။

ဝင်ကစွပ်၊ မြင်ဆွတ်က ကြည်ဘို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်၊ အငှားခန္ဓာ မြှောင်ရတယ်၊

ဆန်းခေါင်ထိမျိုး။

:::(ဦးကြင်ဥ)
<ref>၁၉၆၁-ခု၊ မေလထုတ် '''ဦးကြင်ဥ ၏ ပဒေသာသီချင်းများ''' စာအုပ်မှ</ref>

== ကိုးကား ==
<references/>
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာ စာရေးဆရာများ]]
{{ကုန်းဘောင်ခေတ်}}

[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာ စာရေးဆရာများ]]