ကန္ဒီကန်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၁ -
==ဖော်ပြချက်==
===Diyathilaka Mandapaya===
===ဝါလာကုလာဘမ်းမ (Walakula Bamma)===
ကန်ကို ဝန်းရံထားသည့် နံရံကို "ဝါလာကုလာဘမ်းမ" ဟု ခေါ်သည်။ တိမ်နံရံဟု အဓိပ္ပါယ်ရသည်။ ဤနံရံကို ကန်၏ လှပတင့်တယ်မှု တိုးမြင့်လာစေရန် ဆောက်လုပ်ခဲ့သည်။ ကန်၏ တစ်ဝက်အထိ တိုးမြှင့်ကာ လုပ်ဆောင်ခဲ့ပြီး ဗိသုကာကျွမ်းကျင်သူတစ်ဦးကို လုပ်ဆောင်စေခဲ့သည်။ ဗြိတိသျှတို့က မြို့ကို မသိမ်းပိုက်မီ ကန်၏ နံရံကို ပြီးဆုံးအောင် ဘုရင် Sri Wickrama Rajasinghe သည် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ သူသည် ကန္ဒီဘုရင့်နိုင်ငံကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဤနံရံသည်လည်း မပြီးစီးသည့်အတိုင်း တည်ရှိလျက်ရှိသည်။ နံရံရှိ တြိဂံပုံစံ အပေါက်များသည် ရှေးအခါက ပွဲတော်များတွင် ဆီမီးအိမ်များ ထွန်းညှိရန် ထားရှိနိုင်ရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 
===မိဖုရားများ ရေချိုးရာအဆောင်===
မိဖုရားများရေချိုးဆောင်သည် ကန္ဒီကန်၏ ရေပြင်တွင် တစ်စိတ်တပိုင်းအနေဖြင့် တည်ရှိလျက်ရှိသည်။ ဘုရင်ကြီး Sri Wickrama Rajasinghe ၏ မိဖုရားများနှင့် မောင်းမများသည် ကန်တွင် ရေချိုးရာတွင် ရေချိုးဆောင်ကို အသုံးပြုကြသည်။ ဗြိတိသျှတို့သည် မြို့ကို သိမ်းပိုက်ပြီးနောက်တွင် အဆောက်အဦကို နောက်တစ်ဆင့်ထပ်တိုးကာ စာကြည့်တိုက်အဖြစ် အသုံးပြုခဲ့သည်။ လက်ရှိအချိန်တွင် ထိုအဆောက်အဦကို ရဲဌာနအဖြစ် အသုံးပြုလျက်ရှိသည်။