ဂျနီဖာ လိုပက်ဇ်: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၆ -
}}
 
'''ဂျနီဖာ လင်း လိုပက်ဇ်''' (Jennifer Lynn Lopez)<ref>{{cite web|url=http://huffingtonpost.com/2013/12/06/jennifer-lopez-name-change_n_4398985.html |title=Jennifer Lopez Requests Name Change In Divorce Documents |publisher=Huffingtonpost.com |date=2014-01-25 |accessdate=2014-07-20}}</ref><ref>{{cite news|last1=Johnson|first1=Zach|title=Jennifer Lopez and Marc Anthony Are Officially Divorced, Nearly 3 Years After Split|url=http://www.eonline.com/news/519856/jennifer-lopez-and-marc-anthony-are-officially-divorced-nearly-3-years-after-split|accessdate=16 August 2014|work=E!|date=June 18, 2014|quote=She also filed paperwork to have her legal name be changed from Jennifer Muniz (Anthony's real surname) back to Jennifer Lopez.}}</ref> (၁၉၆၉ ဇူလိုင် ၂၄ မွေး) သည် အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ၊ ဖက်ရှင်ဒီဇိုင်းနာ၊ ထုတ်လုပ်သူ နှင့် အဆိုတော် တစ်ယောက် ဖြစ်သည်။ သူမသည် ၁၉၈၆ ခုနှစ်ထုတ်ဝေသော ရုပ်ရှင် ဖြစ်သည့် မိုင် လစ်တဲလ် ဂဲလ် (My Little Girl) တွင် မထင်ရှားသော အခန်းမှ ပါဝင်သရုပ်ဆောင်ပြီးနောက် ဖျော်ဖြေရေး လုပ်ငန်းတွင် ဆက်လက်လုပ်ကိုင်ရန် စိတ်ဝင်စားလာခဲ့သည်။ သူမ၏ ပြူရီတိုရီကန်လူမျိုး မိဘများကမူ စပိန်မျိုးနွယ် တို့အတွက် မဖြစ်နိုင်သည့် အလုပ်ဟု ဆိုကာ အားမပေးပဲ နေခဲ့သည်။ ၁၉၉၁တွင် သူမသည် အင် လစ်ဗင်း ကာလာ (In Living Color) ရုပ်မြင်သံကြား အစီအစဉ်တွင် အကမယ် အဖြစ် နေရာကောင်းမှ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့ပြီး ၁၉၉၃ သူမ သရုပ်ဆောင် လုပ်ငန်း မလုပ်မီ အထိ ပုံမှန် လဒပ်ကိုင်နေခဲ့သည်။လုပ်ကိုင်နေခဲ့သည်။ ၁၉၉၇ ဆယ်လီနာ (Selena) ရုပ်ရှင်တွင် အဓိက မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခွင့် ရရှိခဲ့သည်။ နောက်တစ်နှစ်တွင်မူ အောက်အော့ဖ်ဆိုက်ဒ် ရုပ်ရှင်တွင် ပါဝင်ခဲ့ပြီးနောက် လက်တီနာ သရုပ်ဆောင် မင်းသမီး များထဲမှ ပထမဆုံး ဒေါ်လာ ၁သန်းကျော် ဝင်ငွေ ရရှိသူ ဖြစ်လာခဲ့သည်။ သူမသည် တေးဂီတ နယ်ပယ်သို့ ၁၉၉၉ တွင် စွန့်စား ဝင်ရောက်ခဲ့ပြီး အွန်သည်ဆစ် (On the 6) အယ်လ်ဘမ် ထွက်ရှိပြီးနောက် ရုပ်ရှင် သရုပ်ဆောင် အဖြစ်မှ တေးဂီတလောကသို့ အောင်မြင်စွာ ကူးပြောင်းနိုင်ခဲ့သော လူပေါင်း အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့လေသည်။
 
သူမ၏ ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်သော ဂျေလိုး (J.Lo) နှင့် သူမ၏ ရုပ်ရှင် ဝဲလ်ဒင် ပလန်နာ (The Wedding Planner) ကို ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေပြီးနောက် ဂျနီဖာ လိုပက်ဇ်သည် တစ်ပတ်အတွင်း တေးအယ်လ်ဘမ် နှင့် ရုပ်ရှင် တစ်ပြိုင်တည်း ထွက်ခဲ့သူ ပထမဆုံး ဖြစ်ခဲ့သည်။ သူမ၏ ၂၀၀၂ ခုနှစ် ရီမစ်ဇ် အယ်လ်ဘမ် ဖြစ်သော J to tha L–O! The Remixes သည် ထွက်ထွက်ချင်း ယူအက်စ် ဘီလ်ဘုတ် ထိပ်ဆုံး ၂၀၀ တွင် ပထမနေရာ ရခဲ့သော အယ်လ်ဘမ် အဖြစ် သမိုင်းတွင်ခဲ့ပြီး သူမ၏ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ် ဖြစ်သော Como Ama una Mujer (၂၀၀၇) သည် အမေရိကန် ပြည်ထောင်စုတွင် ပထမပတ် အတွင်း အရောင်းရဆုံး စပိန်အယ်လ်ဘမ် အဖြစ် စံချိန်တင်ခဲ့သည်။ သီချင်းခွေ ရောင်းရသည့် ဝင်ငွေ ၅၅ သန်းနှင့် <ref name=55million1>{{cite news |url=http://www.independent.co.uk/arts-entertainment/music/jennifer-lopez-gyrates-in-new-video-for-im-into-you-2278332.html |title=Jennifer Lopez gyrates in new video for "I'm Into You" - Music - Arts and Entertainment |publisher=The Independent |date=2011-05-03 |accessdate=2014-07-20 |archivedate=6 September 2014 |archiveurl=https://web.archive.org/web/20140906133627/http://www.independent.co.uk/arts-entertainment/music/jennifer-lopez-gyrates-in-new-video-for-im-into-you-2278332.html }}</ref><ref name=55million2>{{cite web|url=http://entertainment.ie/music/news/Jennifer-Lopez-to-play-first-ever-Irish-show-in-October/123714.htm |title=MusicNews &#124; Jennifer Lopez to play first ever Irish show in October |publisher=entertainment.ie |date=2012-05-22 |accessdate=2014-07-20}}</ref> စုစုပေါင်း ရုပ်ရှင် ဝင်ငွေ ၂ ဘီလီယံ ရှိသဖြင့် လိုပက်ဇ်သည် အမေရိကန်တွင် ဩဇာလွှမ်းမိုးမှု အရှိဆုံး စပိန် အဆိုတော် သရုပ်ဆောင် နှင့် လက်တင် ဖျော်ဖြေရေး သမားများထဲမှ ဝင်ငွေ အများဆုံး ရရှိသူ အဖြစ် သတ်မှတ်ကြသည်။၂၀၁၄ မတ်လတွင် သူမသည် အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကျော် ချမ်းသာသည်ဟု ခန့်မှန်းကြသည်။<ref name="net worth">{{cite web|author=Women's Life |url=http://www.telegraph.co.uk/women/womens-life/10704765/J-Lo-I-Luh-Ya-Papi-sexism-video-Are-we-finally-entering-the-post-twerk-era.html |title=J Lo I Luh Ya Papi 'sexism' video: Are we finally entering the post-twerk era? |publisher=Telegraph |date= |accessdate=2014-07-20}}</ref> သူမသည် ပစ်တ်ဘူးလ်၊ ကလော်ဒီယာ လေတီ တို့နှင့် အတူ ၂၀၁၄ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား တရားဝင် သီချင်း ဖြစ်သည့် We Are One (Ole Ola) ကို ရိုက်ကူး အသံသွင်းခဲ့သည်။<ref>{{cite web|last=Cantor-Navas|first=Judy|title=Pitbull's 'We Are One (Ole, Ola)' Featuring Jennifer Lopez, Claudia Leitte Named FIFA'S Official World Cup Song|url=http://www.billboard.com/biz/articles/news/global/5884960/pitbulls-we-are-one-ole-ola-featuring-jennifer-lopez-claudia-leitte|work=Billboard|publisher=Prometheus Global Media|accessdate=April 6, 2014|date=January 23, 2014}}</ref>
 
ဖျော်ဖြေရေး လုပ်ငန်းအပြင် ဂျနီဖာ လိုပက်ဇ်သည် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်လာခဲ့သည်။ သူမသည် ပေါ့ပ် ယဉ်ကျေးမှုတွင် ကမ္ဘာသိသူ တစ်ယောက် အဖြစ် ထင်ရှားမှုကို အသုံးပြု၍ သူမ၏ ကိုယ်ပိုင် စီးပွားရေး အင်ပိုင်ယာကို တည်ထောင်ခဲ့ပြီး အဝတ်အထည်၊ အသုံးအဆောင်၊ ရေမွှေး၊ ကုန်ထုတ်လုပ်ငန်း၊ တယ်လီဗွီးရှင်း အစီအစဉ်များ နှင့် ပရဟိတ ဖောင်ဒေးရှင်းများ ပါဝင်သည်။ သူမသည် ရုပ်ရှင်နှင့် ဂီတလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော် ကျင်လည်ပြီးနောက် ထင်ရှားသူ တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ အများပြည်သူသိ ပုံရိပ်နှင့် ကိုယ်ရေးကိုယ်တာ အချစ်ရေး အိမ်ထောင်ရေး ကိစ္စများက ကမ္ဘာတဝှမ်းရှိ မီဒီယာများ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။ လိုပက်ဇ်၏ ပထမဆုံး ကျော်ကြားသူများ နှင့် တွဲခြင်းမှာ ရက်ပ်ပါနှင့် ဖျော်ဖြေရေး လုပ်ငန်းတွင် ထင်ရှားသူ ရှောင်ကုမ်း နှင့် ဖြစ်ပြီး သူသည် ၂၀၀၀ ခုနှစ် ဂရမ်မီ ဆုပေးပွဲသို့ သူမနှင့် အတူ တက်ရောက်ခဲ့သည်။ သူမ၏ ဒုတိယခင်ပွန်း ခရစ် ဂျဒ် နှင့် ပေါင်းသင်းနေစဉ်မှာပင် ရုပ်ရှင်မင်းသား ဘန် အဖလက် နှင့် အချစ်ဇာတ်လမ်း ဖြစ်ခဲ့သည်။ လိုပက်ဇ်သည် သူမ၏ နှစ်ရှည် သူငယ်ချင်း ဖြစ်သည့် မာ့ခ် အန်သိုနီနှင့် ၂၀၀၄ ခုနှစ်တွင် လက်ဆက်ခဲ့ပြီး ၇နှစ်ကြာ ပေါင်းသင်းပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ သူမသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် အမြွှာညီအမ အမ်မီနှင့် မက်ဆီလီယံတို့ကို မွေးဖွား ခဲ့သည်။
 
 
 
==ကိုးကား==