အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
hoke and idc
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
စာကြောင်း ၂၃ -
|place of burial=
}}
'''အနော်ရထာမင်းစော''' သည် [[ပုဂံခေတ်|ပထမမြန်မာနိုင်ငံတော်]]ကို တစ်စုတစ်စည်းတည်းဖြစ်ရန်ပထမဆုံးကြိုးပမ်းထူထောင်ခဲ့သူ ဖြစ်သည်။ ပုဂံဘုရင် [[ကွမ်းဆော်ကြောင်ဖြူမင်း]] ၏ သားတော်ဖြစ်သည်
 
== ထီးနန်းရရှိပုံ ==
အနော်ရထာမင်းသည် ပထမ မြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထာကား ပုဂံပြည့်ရှင် [[ကွမ်းဆော်ကြောင်ဖြူမင်း|ကွမ်းဆော်မင်း]]ဟုလည်းတွင်သော ကြောင်ဖြူမင်းနှင့် မိဖုရား[[မြောက်ပြင်သည် (ကွမ်းဆော်ကြောင်းဖြူ)|မြောက်ပြင်သည်]]တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော်တစ်ဦး ဖြစ်သည်။
 
ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော် [[စုက္ကတေး]] နှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေက ခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်နန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် [[ဇာတာတော်ပုံ ရာဇဝင်]] အရလည်းကောင်း၊ [[ကျောက်စာ]] များနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။
 
[[ကွမ်းဆော်ကြောင်ဖြူမင်း]] ထီးနန်းကျပြီးနောက် သားတော် စုက္ကတေး ထီးနန်းပြုနေခဲ့သည်။ စုက္ကတေး သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် စုက္ကတေးအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေး နှင့် [[မြင်းကပါ]] အရပ်တွင် တစ်ဦးချင်း စီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။
 
== တိုင်းပြည်အတွက် ကြိုးပမ်းပုံ ==
အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဩဇာ ပြန့်နှံ့ရာအရပ်မှာ ယခု [[မန္တလေး]]၊ [[မိတ္ထီလာမြို့|မိတ္ထီလာ]]၊ [[မြင်းခြံ]]၊ [[ကျောက်ဆည်]]၊ [[ရမည်းသင်း]]၊ [[မကွေး]]၊ [[စစ်ကိုင်း]]၊ [[ကသာ]]၊ [[ပခုက္ကူ]]၊ [[မင်းဘူး]]တဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။
 
အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စနစ်တကျ ဆည်ဖို့စေလျက် [[မြစ်ငယ်မြစ်]]၊ [[ပန်းလောင်မြစ်]]နှင့် [[စမုန်မြစ်]]တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။
 
စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် [[ကျန်စစ်သား]]သည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသူဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ [[ငထွေရူး]]၊ [[ငလုံးလက်ဖယ်]]၊ [[ညောင်ဦးဖီး]]၊ [[ဗျတ္တ]]နှင့် [[ရွှေဖျဉ်းညီနောင်]] စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။
 
မင်းတရားကြီးသည် စစ်တပ်ကို ဖွဲ့စည်းရာ၌ လက်အောက်ခံ [[ရွာ]]၊ [[မြို့]]၊ [[ခရိုင်]]တို့၏ အင်အားကိုလိုက်၍ အချိုးကျ ပါဝင်စေခဲ့သည်။ စစ်သည်များကို အချိုးကျ နည်းစနစ်နှင့် အရဖြည့်တင်းပြီး အနော်ရထာမင်းကြီးသည် တကွဲတပြားစီ ဖြစ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းသွင်းခဲ့သည်။ အထက်တခို၌ နန်ချောင်မင်းတို့၏ ရန်ကို တားဆီးနိုင်၍ [[ဗန်းမော်]]၊ [[မြစ်ကြီးနား]]ဒေသတဝိုက်အထိ မိမိ၏ အာဏာကို သက်ရောက်ပြန့်နှံ့စေလေသည်။ နန်ချောင်မှ အပြန် မောမည်သော ရှမ်းပြည်ကို အုပ်စိုးသည့် မင်းက သမီးတော်[[စောမွန်လှ]]အား ဆက်သလိုက်သည်ကို ထောက်၍လည်း မြန်မာတို့ မည်မျှ အင်အားကြီးမား၍ နေကြောင်း သိသာသည်။
 
== သာသနာပြုခြင်း ==