မုတ္တမစဉ့်အိုး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
အရေးမကြီးNo edit summary စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
||
စာကြောင်း ၂ -
[[မုတ္တမမြို့|မုတ္တမ]]မြို့သည်သည် ရှေးအခါက အလွန်ထင်ရှားကျော်စောခဲ့သော မွန်တို့၏ [[မဂဒူး မင်းဆက်|မဂဒူးမင်းဆက်]] (ခ)ဝါရီရူးမင်းဆက်ခေါ် ဟံသာဝတီပဲခူးမင်းဆက်ကို မုတ္တမမြို့မှ စတင်တည်ထောင်သူ [[ဝါရီရူးမင်း]] ခေါ် ဗညားဝါရူးမင်း(ခရစ်နှစ် ၁၂၅၃-၁၃၀၇)(မြန်မာသက္ကရာဇ် ၆၁၄ - ၆၆၈) အုပ်စိုးခဲ့သော မင်းနေပြည်တော် ဖြစ်ခဲ့လေသည်။ မုတ္တမမြို့သည် ကိုရီးယား၊ တရုတ်၊ အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်၊ သီဟိုဠ်ကျွန်း၊ [[အာရေဗျကျွန်းဆွယ်]]၊ အာဖရိကနှင့် [[အီဂျစ်နိုင်ငံ]]တို့ကို ဆက်သွယ်ပေးသည့် သမိုင်းဝင် ရေကြောင်းပိုးလမ်းမ ([[:en:Maritime_Silk_Road|Maritime Silk Road]])တွင် အဓိကကုန်သွယ်ဆိပ်ကမ်းဒေသဖြစ်သည့်အားလျော်စွာ ပင်လယ်ကူးရွက်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းမြို့လည်းဖြစ်ခဲ့သည်။ ဒါကြောင့် အနောက်နိုင်ငံသားတို့ ရောင်းဝယ်ဖောက်ကား ကျက်စားရာလည်း ဖြစ်ခဲ့ပေသည်။
အိုးများကို ဤမုတ္တမဆိပ်ကမ်းမြို့မှ တင်ပို့ရောင်းချခဲ့ရာမှ မုတ္တမအိုးဟူသော အမည်ကို ခရစ်နှစ် ၁၃၀၀နှစ်များကာလမှ စတင်ကာရရှိခဲ့သည်။ မုတ္တမစဉ့်အိုးများ၏အရောင်မှာ အများအားဖြင့် သံလွင်စိမ်းရောင် (သို့) ရွှေညိုရောင် (သို့) အညိုရောင် (သို့) အမည်းရောင်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။<ref>https://gotheborg.com/glossary/martaban.shtml</ref><ref>https://www.roots.gov.sg/Collection-Landing/listing/1087133</ref> မုတ္တမစဉ့်အိုးကို စားသောက်ကုန်များ (ဆန်၊ ဝိုင်၊ သကြားလုံး၊ သစ်သီးများနှင့် ဟင်းခတ်အမွှေးအကြိုင်များ) နှင့် အဖိုးတန်ကုန်သွယ်
ရှေးအခါက မုတ္တမစဉ့်အိုးကို အရှေ့တောင်အာရှ ကျွန်းစုများရှိ ဌာနေတိုင်းရင်းသား ယဉ်ကျေးမှုများကြားတွင် ကြွယ်ဝချမ်းသာမှုနှင့် အဆင့်အတန်း၏ သင်္ကေတများအဖြစ် သတ်မှတ်ခံရသည်။ ၎င်းမုတ္တမစဉ့်အိုးတို့ကို အရှေ့တောင်အာရှ ကျွန်းစုများရှိ မှူးမတ်များနှင့် ထင်ရှားသော မိသားစုများ၏ အိမ်များတွင် အလှထား ပြသလေ့ရှိသည်။<ref>Ströber, Eva. The Collection of Chinese and Southeast Asian Jars (martaban, martavanen) at the Princessehof Museum, Leeuwarden, the Netherlands.</ref> ယခုခေတ်တွင်တော့ နိုင်ငံတကာရှိ ပြတိုက်များတွေ တွေ့မြင်လေ့လာနိုင်ပါသည်။
|