နော်ရထာ မင်းရဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ်
အရေးမကြီး 103.217.156.139 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို 103.203.132.172 ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
 
စာကြောင်း ၄၃ -
မင်းရဲ၏ နန်းသက်သည် ၇ လကျော်သာ ကြာမြင့်ခဲ့သည်။ ကျစွာဘုရင် ရယူခဲ့သော [[ပင်းယခေတ်|ပင်းယနေပြည်တော်]]နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ [[ပင်လယ်မြို့ဟောင်း|ပင်လယ်]]မြို့စား [[ကန်းနီ နော်ရထာ]]သည် နောင်တော်ဘုရင်ဖြစ်သူ [[ငါးစီးရှင်ကျော်စွာ]]ထံမှ ထွက်ပြေးလာခဲ့ပြီး မင်းရဲထံတွင် ခိုလှုံခဲ့သည်။<ref name=hy-1-380>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၀</ref> သို့သော်လည်း မည်သည့် စစ်မက်မှ မဖြစ်ပွားခဲ့ပေ။ မင်းရဲသည် ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။<ref name=yt-1-175-2>မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂</ref> မင်းရဲသည်လည်း ထီးနန်းဆက်ခံမည့် ယောက်ျားသား မကျန်ခဲ့သည့်အတွက် ညီတော်ဖြစ်သူ [[တရဖျားငယ်]]မှ ထီးနန်းရယူခဲ့သည်။<ref name=hy-1-391/>
 
==ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ==
မြန်မာရာဇဝင်ကျမ်းများတွင် နော်ရထာမင်းရဲ၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။
 
{| width=100% class="wikitable"
 
|-
ရာဇဝင်ကျမ်းများတွင် နော်ရထာမင်းရဲ ကွဲလွဲလျက်ရှိသည်။
! style="background-color:#B9D1FF" width=10% | ရင်းမြစ်
! style="background-color:#B9D1FF" width=15% | မွေးဖွား–ကွယ်လွန်
! style="background-color:#B9D1FF" width=5% | မွေးရက်
! style="background-color:#B9D1FF" width=5% | အသက်
! style="background-color:#B9D1FF" width=15% | နန်းသက်
! style="background-color:#B9D1FF" width=5% | ထီးနန်းသက်
! style="background-color:#B9D1FF" width=5% | ကိုးကား
|-
| ''[[ဇာတာတော်ပုံ ရာဇဝင်]]''
| ၅ နိုဝင်ဘာ ၁၃၂၆ – ၁၃၅၂
| အင်္ဂါနေ့
| rowspan="2" | ၂၅
| ၁၃၄၄–၁၃၅၂
| rowspan="2" | ၈ နှစ်
| <ref group=note>(ဇာတာ၊ ၁၉၆၀၊စာ ၇၁): မြန်မာသက္ကရာဇ် ၆၈၈၊ ၈ လမြောက်၏ ၁၀ ခုမြောက် နက္ခတ်၊ အင်္ဂါနေ့ = မြန်မာသက္ကရာဇ် ၆၈၈၊ နတ်တော်လဆန်း ၁၁ ရက် = ၅ နိုဝင်ဘာ ၁၃၂၆၊ ''ဗုဒ္ဓဟူးနေ့''။ ''ဇာတာတော်ပုံ ရာဇဝင်''တွင် အင်္ဂါနေ့ဖွားဟု ဖော်ပြထားသော်လည်း အခြားရာဇဝင်ကျမ်းများကမူ ဗုဒ္ဓဟူးနေ့ဖွား (အမည်ရှိ "ရဲ" သည် ဗုဒ္ဓဟူးနံ) ဟု ဆိုကြသည်။</ref>
|-
| ''[[မဟာရာဇဝင်ကြီး]]''
| {{circa}} ၁၃၂၇–၁၃၅၂/၅၃
| rowspan="3" | ဗုဒ္ဓဟူးနေ့
| ၁၃၄၄/၄၅–၁၃၅၂/၅၃
| <ref name=my-1-271>မဟာရာဇဝင်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၁</ref>
|-
| ''[[မဟာရာဇဝင်သစ်]]''
| rowspan="2" | {{circa}} ၁၃၂၀–၁၃၄၉/၅၀
| rowspan="2" | ၂၉
| rowspan="2" | ၁၃၄၉–၁၃၄၉/၅၀
| rowspan="3" | ၇ လ
| <ref name=yt-1-175>မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅</ref>
|-
| ''[[မှန်နန်း ရာဇဝင်]]''
| <ref name=hy-1-391>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁</ref>
|-
| ကျောက်စာများ
| – ၁၃၄၉ နိုဝင်ဘာ ၈ <small>နောက်ပိုင်း</small>
|
|
| ၁၃၄၉ ဧပြီ ၁၆ <small>နောက်ပိုင်း</small> – ၁၃၄၉ နိုဝင်ဘာ ၈ <small>နောက်ပိုင်း</small>
| <ref group=note>ခေတ်ပြိုင်ကျောက်စာများတွင် ကျစွာဘုရင် ကွယ်လွန်ချိန်နှင့် [[နော်ရထာ မင်းရဲ]] နန်းတက်ချိန်အကြား ရက်သတ္တပတ်အနည်းငယ် ကွာဟနေခြင်းကို ညွှန်းပြနေသည်။ ကျောက်စာတစ်ခု (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကျစွာဘုရင်သည် မြန်မာသက္ကရာဇ် ၇၁၀ (၂၉ မတ် ၁၃၄၈ မှ ၂၈ မတ် ၁၃၄၉ ထိ) တွင် ကွယ်လွန်သည်ဟု ဆိုသည်။ နော်ရထာမင်းရဲ ကိုယ်တိုင် စိုက်ထူခဲ့သော ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂) တွင် နော်ရထာမင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ (၂၉ မတ် ၁၃၄၉ မှ ၂၈ မတ် ၁၃၅၀ ထိ) တွင် ထီးနန်းတက်သည်ဟု ဆိုထားသဖြင့် မြန်မာသက္ကရာဇ် ၇၁၁ တန်ဆောင်မုန်းလဆုတ် ၁၃ ရက် (၈ နိုဝင်ဘာ ၁၃၄၉) ထိ သက်ရှိထင်ရှား ရှိနေကြောင်း သိရသည်။ [[စိုးမင်းကိုယ်တော်ကြီး]]၏ ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅−၁၇၆) တွင် ကျစွာဘုရင်ကို ဆက်ခံသူ နော်ရထာ မင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ တွင် ၇ လကြာ ထီးနန်းရခဲ့ပြီး အာဏာရလာသည်မှာ မြန်မာသက္ကရာဇ် ၇၁၁၊ တန်ခူးလဆုတ် ၁၄ ရက် (၁၇ ဧပြီ ၁၃၄၉) ထက် မစောနိုင်ကြောင်း ညွှန်းပြနေသည်။ သို့သော် (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကိုးကားထားသည့် ကျောက်စာသည် တိကျပြီး ကျစွာဘုရင် ကွယ်လွန်ရက်သည် မြန်မာသက္ကရာဇ် ၇၁၀ ၏ နောက်ဆုံးရက် ၂၈ မတ် ၁၃၄၉ ထက် နောက်မကျပေ။</ref>
|}
 
== မျိုးရိုး ==