ဝီကီပီးဒီးယား:ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
စာကြောင်း ၁၉ -
ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများသည် များသောအားဖြင့် ဘက်လိုက်မှုများ ပါဝင်နေလေ့ရှိသည်။ မိမိကိုယ်အကြောင်း ဖော်ပြရာတွင် အကောင်းဖက်မှ လွန်ကဲစွာ ရေးသားဖော်ပြကြမည် ဖြစ်ပြီး အထင်အမြင်များကို အချက်အလက်အဖြစ် ပုံဖော်ကြလေ့ရှိသည်။ ([[WP:NPOV|ဘက်မလိုက်သော အမြင်]]ဆိုသည်မှာ တတိယလူနေရာမှ ရေးသားခြင်းဟု ''မဆိုလို''ပါ။)
*ယင်းတို့သည် မစိစစ်နိုင်သော အချက်များ ဖြစ်နိုင်သည်။ သင့်အကြောင်း အချက်အလက်တစ်ခုအတွက် ရရှိနိုင်သော တစ်ခုတည်းသော ကိုးကားရင်းမြစ်မှာ ''သင်ကိုယ်တိုင်'' ဖြစ်နေပါက ယင်းအချက်ကို စာဖတ်သူအနေဖြင့် စိစစ်နိုင်မည် မဟုတ်ပါ။ (နမူနာအနေဖြင့် အတွေးများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များ ဖြစ်သည်။ သင်တွေးခေါ်နေသည့်အရာကို စာဖတ်သူအနေဖြင့် စိစစ်နိုင်မည် မဟုတ်ပေ။) [[WP:V|ဝီကီပီးဒီးယား ဆောင်းပါးများအတွင်းရှိ အရာအားလုံးသည် စိစစ်အတည်ပြုခြင်း ခံနိုင်ရမည် ဖြစ်သည်]]။
*ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများတွင် [[WP:NOR|ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများ]]ပါဝင်နိုင်သည်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများတွင် ယခင်က ထုတ်ဝေဖြန့်ချိထားခြင်းမရှိသော အချက်အလက်များ သို့မဟုတ် ကိုယ်တွေ့အချက်အလက်များကို ထည့်သွင်းလေ့ရှိကြသည်။ စာဖတ်သူများအနေဖြင့် အဆိုပါ အချက်အလက်များအတွက် စိစစ်အတည်ပြုနိုင်ရန် ပင်မသုတေသနပြုလုပ်ရန် လိုအပ်လာနိုင်သည်။ ဝီကီပီးဒီးယားတွင် ယခင်က ဖြန့်ချိထားခြင်းမရှိသည့် အချက်အလက်များကို ဖြန့်ဝေခြင်း မပြုလုပ်ပါ။ [[WP:NOR|ကိုယ်တိုင်ဖော်ထုတ်ထားသော သုတေသနများကို ဝီကီပီးဒီးယားတွင် လက်မခံပါ]]။
*ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများတွင် [[WP:NOR|ကိုယ်တိုင်ထုတ်ဖော်ထားသော သုတေသနများ]]ပါဝင်နိုင်သည်။
 
"ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ" ဟု ဆိုရာတွင် သင့်အကြောင်း သင်ကိုယ်တိုင်ရေးသားခြင်းသာမက သင့်ကိုယ်စား ရေးသားပေးရန် တစ်စုံတစ်ဦးအား အခကြေးငွေပေး၍ ခိုင်းစေခြင်း၊ ညွှန်ကြားခြင်းများလည်း ပါဝင်သည်။
 
 
== ကိုးကား ==