ပန်းချီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၇၄ -
 
မြန်မာနိုင်ငံတွင် သမိုင်းမတင်မီကျောက်ခေတ်ကတည်းကပင် ပန်းချီရေးဆွဲမှု အတတ်ပညာရှိခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူမှ နံရံပန်းချီများကို လေ့လာခြင်းဖြင့် သိနိုင်သည်။ မြန်မာ့ပန်းချီကို ခေတ်ကြီး ၆ ခေတ်ခွဲ၍ လေ့လာနိုင်သည်။ သမိုင်းမတင်မီခေတ်နှင့် ပျူခေတ်၊ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ၂၀ ရာစုနှင့် နောက်ပိုင်းပန်းချီဟူ၍ ဖြစ်သည်။
သမိုင်းမတင်မီ ကျောက်ခေတ်လက်ရာများတွင် ကျောက်ခေတ်လူသားတို့၏ လူနေမှုဘ၀၊လူနေမှုဘဝ၊ အမဲလိုက်ကြပုံနှင့် သဘာ၀ကို ကိုးကွယ်ြခင်း အလေ့အထများကို လေ့လာတွေ့ရှိနိုင်သည်။ တောင်ကမ်းပါးကြားမှ နေထွက်ပုံ၊ လက်ဝါးပုံ၊ သားကောင်ပုံများကို ရေးဆွဲလေ့ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀၀ ခန့်က ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းပုံများမှတဆင့် ကျောက်ခေတ်လူသားတို့၏ လူမှုဆက်ဆံရေးနှင့် နေထိုင်အသက်မွေးပုံ အတိတ်သမိုင်းတို့ကို သိရှိရပါသည်။ ပျူခေတ်တွင်မူ ပန်းဆယ်မျိုးအပါအဝင် ပန်းပု၊ ပန်းတိမ်နှင့် ပန်းချီတို့ထွန်းကားခဲ့မည်ဟု ယူဆနိုင်သော်လည်း သေချာသောအထောက်အထား မရှိသေးပါ။
ပုဂံခေတ်သည် ပန်းချီရေးဆွဲမှုအတတ်ပညာ အမြင့်မားဆုံးဖွံ့ဖြိုးတိုးတက်ခဲ့ပြီး သမိုင်းဝင်ပန်းချီခေတ်ဦးဖြစ်သည်။ ပုဂံခေတ်တွင် နံရံဆေးရေးပန်းချီရေးဆွဲခဲ့ကြပြီး မဇ္ဈိမဒေသမှ ပြန့်ပွားလာသော ဗုဒ္ဓအယူဝါဒများနှင့် အတူတွဲဖက်ပါဝင်လာသော ပါလ ပန်းချီရေးနည်းမှ ဆင်းသက်လာခြင်းဖြင့်သည်။ ကောက်ကြောင်းရေး ဆေးပိန်းခြယ်သော နည်းစနစ်ကိုအသုံးပြုခဲ့ကြသည်။ နိပါတ်တော်၊ ဗုဒ္ဓဝင်၊ ခြေရာတော်၊ ဟိန္ဒူဆိုင်ရာဝါဒများ၊ ကနုတ်ပန်းအနွယ်အခက်များကို ‌ရေးဆွဲကြသည်။ သာသနာတော်ဖွံ့ဖြိုးခြင်းကြောင့် ဂူဘုရားများတွင် ပန်းချီရေးခြင်းလည်း အမြင့်မားဆုံးဖွံ့ဖြိုးခဲ့သည်။
ညောင်ရမ်းခေတ်တွင်မူ အိန္ဒိယဟန်နည်းပါးသွားပြီး မြန်မာဆန်ဆန်ရေးဆွဲလာကြသည်။ ပုဂံရှိ တိလောကဂုရုလှိုဏ်ဂူအတွင်း နံရံဆေးရေးလက်ရာများကို လေ့လာလျှင် ဗုဒ္ဓဝင်ခန်းများ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်မှ ကောက်နှုတ်သရုပ်ဖော်ချက်များ၊ ကနုတ်ပန်းများသည် မြန်မာမှုမြန်မာ့ဟန်ကို အလေးကဲ၍ မြန်မာဆန်ဆန်ရေးဆွဲလာကြောင်း တွေ့ရသည်။