ဖိုးပါကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
 
စာကြောင်း ၃၀ -
ဒါရိုက်တာ စာရေးဆရာ သုခ၏ ပြောင်မြောက်လှသော စကားလုံးများကို အမူအရာ အပိုအလိုမရှိ ပိပိရိရိ မိမိရရ သရုပ် ဆောင်နိုင်ခဲ့ သူလည်း ဖြစ်ခဲ့ပေသည်။ ဤ ဇာတ်ကား တစ်ကားလုံးတွင် အကောင်းဆုံး လူများ ရွေးချယ်ရာ၌ ဖိုးပါကြီးကို နံပါတ်(၁)ပထမ ရွေးချယ်ရမည် ဖြစ်ကြောင်း။
ထိုသို့ ဩော် မိန်းမ ဇာတ်ကားသည် အထူး အောင်မြင်မှု ရခဲ့သဖြင့် မြန်မာ့ရုပ်ရှင် လောကတွင်သာမက ပရိသတ်ကပါ သူ့ကို “ဟာသ ထိပ်သီး ဖိုးပါကြီး” ဟူ၍ ကင်ပွန်း တတ်လာကြပြီး အမျိုးသား ရုပ်ရှင် လောကတွင်လည်း ဟာသဇာတ် မြူးသီးသန့် မရိုက်ကူးဝံ့ချိန်တွင် “ဩော် မိန်းမ” ဇာတ်ကား၏ ဝင်ငွေစံချိန်ကြောင့် နောင်မှာ ဟာသ ဇာတ်မြူးကားများကို အပြိုင် လုပ်ကိုင်လာသည့် အဆင့် ဖြစ်လာ၏။
[[File:kyin01.jpg|thumb|ခင်ယုမေ နှင့် ဖိုးပါကြီး]]
အမျိုးသား ရုပ်ရှင် လုပ်ငန်း သမိုင်းတွင် လွတ်လပ်ရေး ရပြီးချိန်မှ အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက်ပိုင်း တိုင်အောင်အထိ ဇာတ်လိုက်မင်းသား အချို့ကို ပရိသတ်က သက်ဆိုင်ရာ ဇာတ်လမ်း၏ ဇာတ်ကောင်စရိုက် တစ်ခုခုတွင် ပါဝင်သရုပ်ဆောင် စေရာ၌ အထူးအံဝင် ဂွင်ကျ ဖြစ်ပြီး ယင်းဇာတ်ကောင် စရိုက် ပုံနှင့် လိုက်ဖက်ညီနေသည်သာမက အကောင်းဆုံး ပီပြင်စွာ ရုပ်လုံးဖော်နိုင်သဖြင့် နောက်ထပ်ကားများတွင် ထိုဇာတ်ကောင်အား အလားတူ အခန်းမျိုးချည်း ပါဝင် သရုပ်ဆောင် ခိုင်းတတ်သည့် သာဓက ရှိခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ပုံသေ ဇာတ်ကောင် Type Casting ဟု ခေါ်ဆိုခြင်းဖြစ်၏။