စိန်လွင် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

လီး ဆူပူမှု
အရေးမကြီး +ref
စာကြောင်း ၃၂ -
|footnotes =
<!--Military service-->
|nickname =ရန်ကုန်မြို့မှ သားသတ်သမား<ref name="irrawaddy">{{cite web |title=Sein Lwin 'The Butcher of Rangoon' Dies in Poverty |url=https://www2.irrawaddy.com/opinion_story.php?art_id=3825 |website=www2.irrawaddy.com |access-date=၂၉ ဇန်နဝါရီ ၂၀၂၂}}</ref>
|nickname =[[ရန်ကုန်မြို့မှသားသတ်သမား]]
|allegiance =
|branch =
စာကြောင်း ၈၁ -
၁၉၅၁ တွင် ဒု-ဗိုလ်မှူးကြီး အေးမောင်၏ ကွပ်ကဲမှုအောက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့အနီး ကေအဲန်ဒီအို စခန်းကို ဝိုင်းရာတွင် သူပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း ကရင်ခေါင်းဆောင် [[စောဘဦးကြီး]]ကို အသေရမိသည်။ ထို့နောက် ဦးနေဝင်း၏ သစ္စာတော်ခံ နောက်လိုက်နှင့် လူသတ်သမား အဖြစ် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာကို အသေပစ်ချခဲ့သော တပ်စုများကို ကွပ်ကဲခဲ့သည်။ သမိုင်းဝင် [[ကျောင်းသားသမဂ္ဂ]] အဆောက်အအုံကိုလည်း ဖောက်ခွဲဖြိုချခဲ့သည်။ သူ့အနေဖြင့် သွေးလွှမ်းမှု အမျိုးမျိုးအတွက် တာဝန်ရှိခဲ့ပြီး [[ဦးသန့်]]ဈာပန ရုပ်ပျက်ဆင်းပျက် ဖြစ်ရမှုနှင့် ရှစ်လေးလုံး ရက်စက်မှုများက သူ့အတွက် နာမည် အပျက်ရဆုံးများ ဖြစ်ခဲ့သည်။
 
ဦးနေဝင်းက သူ့ကို သူ၏ ယုတ်မာရက်စက်သော လုပ်ဆောင်မှုများအတွက် ကောင်းစွာ ချီးမြှင့်သည့် အနေဖြင့် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတနှင့် မဆလပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။ ဩဂုတ်လ ၈ ရက်နေ့တွင် တစ်တိုင်းတစ်ပြည်လုံးအနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှု စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံအတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာကအမည်တွင်ခဲ့သည်။<ref အမည် ပေးခဲ့ရသည်။name="irrawaddy"/> သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကြွမှုများကြောင့် စိန်လွင်၏ သမ္မတသက်တမ်းသည် ​ခေတ္တမျှသာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် တာဝန်အားလုံးမှ နုတ်ထွက်ပေးခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် ဦးနေဝင်း နေအိမ်အကျယ်ချုပ်သဖွယ် ကျခံရပြီးနောက် မကြာမီ သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ ဩဇာအာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင်လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန်နေခဲ့ရသည်။ <ref>'ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ'၊ အောင်ခင်၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ ဒေါက်တာတင့်ဝေနှင့် ဒေါက်တာအေးကျော်၊ စာတည်းဖြတ်သူ မြဝတီရဲခေါင်၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ၊ တတိယအကြိမ် ပြုပြင်တည်းဖြတ် ထုတ်ဝေခြင်း၊ ခေတ်ပြိုင် ဂျာနယ်တိုက်။</ref>
 
== ပြည်ပခရီးများ ==