ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.3) (robot Adding: hu:Bódh Gajá
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၇ -
# ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောတို့ ပါဝင်သည်။
 
အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး​ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။ တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။
 
ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောက်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်​ထောင်စုအိန္ဒိယပြည်ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။
 
ဗုဒ္ဓဂါယာသည် [[ဗုဒ္ဓဘာသာ]]ဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။
စာကြောင်း ၂၆ -
ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးသည်မစ၍ အပရာဇိတ ပလ္လင်ပေါ်မှ မထပဲ ခုနစ်ရက်တိုင်တိုင် အရဟတ္တ ဖိုလ်ချမ်းသာကို ခံစားတော်မူသည်။ ယင်းသို့ ပလ္လင်ထက်၌ ခုနစ်ရက် စံတော်မူခဲ့သည့် ပထမ သတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟုခေါ်လေသည်။
 
* (ခ) အနိမိသဌာန ။ ။ ခုနစ်ရက်မြောက်၍ ပလ္လင်ထက်မှ ထလျှင် နတ်ဗြဟ္မာ အပေါင်းတို့စိတ်၌ ဘုရားအဖြစ်သို့ ရောက်ခြင်းတွင် သံသယရှိနေသည်ကို ပယ်ဖျက်ရန် ကောင်းကင်သို့တက်၍ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ ယင်းသည့်နောက် ပလ္လင်၏ အရှေ့မြောက်ထောင့် ၁၀၄ ပေခန့်အကွာတွင် ရပ်တော်မူ၍​ရပ်တော်မူ၍ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက်စံတော်မူခဲ့သည့် နေရာကို အနိမိသ သတ္တာဟ ဟုခေါ်၍ ဒုတိယ သတ္တာဟဖြစ်သည်။ ထိုနေရာတွင် အထိမ်းအမှတ် တည်ထားသော အနိမိသ စေတီတစ်ဆူရှိသည်။
 
* (ဂ) ရတနာ စင်္ကြံတော် ။ ။ မဟာဗောဓိ စေတီတော်ကြီး မြောက်ဖက်တွင်ကပ်လျက် အရှေ့အနောက် ပေ ၆၀ ခန့်အတွင်း ကျောက်ကြာပွင့် ၁၁ ပွင့်ရှိရာဌာနသည် အနိမိသ သတ္တာဟ စံတော်မူပြီးနောက် ရတနာစင်္ကြံကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံး စင်္ကြံကြွလျက် တတိယ သတ္တာဟကို သီတင်းသုံးခဲ့သော နေရာဖြစ်သည်။ ထိုနေရာကို ရတနစင်္ကမန သတ္တာဟ ဟုခေါ်သည်။
စာကြောင်း ၃၄ -
* (င) အဇပါလညောင်ပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့မျက်နှာ ပေ ၇၀ ခန့်တွင် မြတ်စွာဘုရား သခင်သည် မာရ်နတ်သမီးတော် သုံးပါးနှင့် ဟုံဟုံက ပုဏ္ဏားတို့ကို ဆုံးမ၍ ခုနစ်ရက် သီတင်သုံးတော်မူခဲ့သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့သည်။ ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော ကျောက်တိုင်ရှိသည်။ ပဉ္စမ သတ္တာဟ စံခဲ့သော ထိုနေရာကို အဇပါလ သတ္တာဟ ဟုခေါ်သည်။
 
* (စ) မုစလိန္ဒာအိုင် ။ ။ ဘုရားရှင် ဆဋ္ဌ သတ္တာဟကို စံတော်မူခဲ့သည့် နေရာဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့တောင်ဖက် ပေ ၁၇၀ ခန့်တွင် မုစလိန္ဒာအိုင် ရှိခဲ့ရာ ထိုအိုင်အနီး ကျည်းပင်းရင်း၌ ခုနစ်ရက်လုံး စံနေစဉ် မိုးကြီးစွေသဖြင့် မုစလိန္ဒ နဂါးမင်းက မိမိပါးပျဉ်းဖြင့်မိုး၍ ကိုယ်ကိုခွေလျက် ပလ္လင်ပြုကာ လှူဒါန်းခြင်းကို ခြီးမြှောက် စံနေတော်မူခဲ့သည်။ ထိုနေရာကို အထိမ်းအမှတ်ပြုသော အဆောက်အအုံ မတွေ့ရသော်လည်း တခါက ရှိခဲ့ဖူးဟန်တူ၍​ရှိခဲ့ဖူးဟန်တူ၍ မြေအောက်မြုပ်နေဟန် ရှိကြောင်း အထောက်အထား အစအနများ တွေ့ရသည်။ ထိုသတ္တာဟကို မုစလိန္ဒ သတ္တာဟ ဟုခေါ်သည်။
 
* (ဆ) ရာဇာယတနလင်းလွန်းပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ တောင်ဖက် ပေ ၁၇၀ ခန့်တွင် ဘုရားရှင် သတ္တမသတ္တာဟ စံတော်မူခဲ့သော လင်းလွန်းပင်နေရာဖြစ်သည်။ ထိုနေရာတွင် ယခု အထိမ်းအမှတ် အုတ်တိုက်စေတီ ရှိသည်။ ထိုနေရာကို ရာဇာယတန သတ္တာဟဟု ခေါ်သည်။
စာကြောင်း ၄၀ -
ထိုနေရာ၌ ခုနစ်ရက် စံတော်မူပြီး၍ ဘုရားအဖြစ် ရရှိပြီးသည်မှ ၄၉ ရက်မြောက်တွင် ထိုလင်းလွန်းပင်ရင်း၌ပင် ဥက္ကလာ ဇနပုဒ်မှ တပုဿ - ဘလ္လိက ကုန်သည်ညီနောင်တို့အား ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၍ သရဏဂုံ နှစ်ပါးတည်စေခဲ့သည်။ ဆံတော်များကို [[ရွှေတိဂုံစေတီ]]၌ ဌာပနာတည်စေခဲ့သည်။
 
ဖော်ပြခဲ့သော အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊​သောင်ကမ်းနေရာ၊ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း (မဟာဗောဓိ စေတီတော်မှ အရှေ့မြောက်ဖက် နေရဉ္စရာမြစ်၏ အရှေ့ဖက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်သည်။
 
ဆိုခဲ့ပြီးသော မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။ မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌​ဝေးသောအရပ်၌ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ [[အသောက]]ခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။
 
[[bn:বুদ্ধ গয়া]]