ဗောဓိညောင်ပင်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၄ -
[[Image:Mahabodhitree.jpg|thumb|မဟာဗောဓိညောင်ပင်]]
 
'''ဗောဓိညောင်ပင်''' သို့မဟုတ် ဗောဓိပင်ဟူသည် ဘုရားရှင်တို့ သဗ္ဗညုတတည်းဟူသော ဗောဓိဉာဏ်တော် ရရန် အားထုတ်ရာ၌ အမှီပြုသော အပင်များ(ဝါ) ဘုရားပွင့်တော်မူရာ အပင်များဖြစ်သည်။ ထိုအပင်များကို ဌာနျူပစာအားဖြင့် ဗောဓိပင်ဟု ခေါ်သည်။ ဂေါတမဘုရားအလောင်းတော်သည် ညောင်ဗုဒ္ဓဟေ ပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ရာ ထိုညောင်ဗုဒ္ဓဟေပင်ကို ဗောဓိညောင်ဟူ၍ ခေါ်တွင်ခဲ့ကြ​လေသည်။ခေါ်တွင်ခဲ့ကြလေသည်။
ဗောဓိညောင်ပင် သို့မဟုတ် ညောင်ဗုဒ္ဓဟေပင်သည် မိုရေးစီအီးမျိုးရင်းဝင် ဖြစ်၍ ညောင်ပင်မျိုးစိတ်တွင် ပါဝင်သည်။ ရုက္ခဗေဒ အမည်မှာ ဖိုင်းကပ် ရီလီဂျီအိုဆာ ဖြစ်သည်။ အခြားညောင်ပင်များနည်းတူ အလေ့ကျပေါက်သော ကြီးမား၍ အရပ်အာဝါသ ကောင်းသည့်အပင်ကြီးမျိုး ဖြစ်ပြီးလျှင်၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ စသော အပူပိုင်းဒေသနိုင်ငံများ၌ ပေါက်ရောက်သည်။ တပင်ချင်း သီးခြားပေါက်လေ့ရှိသည်။ အရွက်တို့သည် အခြားညောင်ရွက်များကဲ့သို့ပင် လူ၏နှလုံးပုံသဏ္ဌာန် ရှိသော်လည်း အရွက်ဖျား ပို၍ ရှည်သွယ်သည်။ ဧပြီလနှင့် မေလတွင် အပွင့် ပွင့်၍ သေးငယ်သော အသီးများသီးသည်။
 
စာကြောင်း ၂၀ -
များသောအားဖြင့် ယင်းသို့ အလေးအမြတ်ပြု၍ ကိုးကွယ်ကြသော ဗောဓိညောင်ပင်တို့သည် ဂေါတမဘုရားရှင် ပွင့်တော်မူရာ မူလဗောဓိပင်ကြီးမှ အစဉ်အဆက် အဆင့်ဆင့် မျိုးပွားယူခဲ့သော ဗောဓိပင်ပေါက်တို့ကို ပင့်ဆောင်စိုက်ပျိုးကြခြင်း ဖြစ်သည်။ မူလဗောဓိပင်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ကျော်ခန့်ကပင် ဗောဓိပင်နှင်တကွ အမြိုက်တရားထူးရရန် ဘုရားရှင် အားထုတ်ရင်း၊ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူခဲ့သည် ဗောဓိပင်ရင်းရှိ ပလ္လင်တော်ကိုပါ ငုံ၍ စေတီတော် တည်ခဲ့သည်။ သီရိဓမ္မာသောကမင်းတရားကြီး စတင်တည်ခဲ့၍ နောင်ဗုဒ္ဓဝါဒီမင်းများက ပြုပြင်မွမ်းမံခဲ့သည်ဟု အဆိုရှိသည်။ ထိုစေတီတော်ကြီးကို မဟာဗောဓိစေတီတော် ဟု ခေါ်တွင်၍ အိန္ဒိယနိုင်ငံ ဂယာခရိုင်းအတွင်းရှိ ဗုဒ္ဓဂယာ၏ ထင်ရှားကျော်ကြားသော အဓိကရ ဌာနေကြီး ဖြစ်လေသည်။
 
မူလဗောဓိပင်၏ လက်ျာတောင်ကိုင်းကို သာသနာပြုရန် ရည်ရွယ်ချက်ဖြင့် သီရိဓမ္မာသောကမင်းကြီးသည် အဓိဋ္ဌာန်ပြုကာ ပိုင်းဖြတ်စေ၍ သမီးတော် သင်္ဃမိတ္တ​ထေရီနှင့်အတူသင်္ဃမိတ္တထေရီနှင့်အတူ သီဟိုဠ်ကျွန်းသို့ ပို့ဆောင် စိုက်ပျိုးစေရာ၊ ထိုအပင်သည် သီဟိုဠ်ကျွန်း အနုရာဓပူရမြို့ရှိ သင်္ဃမိတ္တမဟာဗောဓိပင် ဖြစ်လေသည်။ အသက်ရှည်ဆုံး အပင်ကြီးလည်းဖြစ်သည်။။ ထို့ကြောင့် ထိုဒက္ခိဏသာခါ မဟာဗောဓိပင်ကြီးရှိရာသို့ နှစ်စဉ် နှစ်တိုင်း အထောင်အသောင်းမျှသော ဗုဒ္ဓဝါဒီတို့ ဖူးမြော်ရန် လာရောက်ကြသည်။ ယင်းဒက္ခိဏသာခါ ဗောဓိပင်ကြီးမှ ပွားသော ဗောဓိပင်တို့ကို သီဟိုဠ်ကျွန်း၌ အနှံ့အပြား စိုက်ပျိုးကိုးကွယ်ကြရာ မြန်မာနိုင်ငံသို့လည်း ပင့်ဆောင်စိုက်ပျိုး ကိုးကွယ်ကြသည်။ ယင်းဗောဓိပင်တို့မှ ကြွေကျသော အရွက်များလည်း ကောက်ယူ ကိုးကွယ်ကြသည်။ ဗောဓိပင်တို့သည် ပရိဘောဂစေတီဖြစ်သဖြင့် အကိုင်းအခက်တို့ကို ခုတ်ချပိုင်းဖြတ်ခြင်း မပြုစကောင်းပေ။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျိုးပဲ့ကျသော အကိုင်အလက်တို့ကို ရုပ်ပွားတော်များ ထုလုပ်၍ ဒက္ခိဏသာခါ ဘုရားဆင်းတုတော်များအဖြစ် ကိုးကွယ်ပူဇော်ကြရာ၊ အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်ကြလေသည်။ ဗောဓိညောင်ပင်ကို ဟိန္ဒူအယူဝါဒီတို့ကလည်း ဗိဿနိုင်းနတ်မင်းကြီးနှင့် စပ်လျဉ်း၍ အထွတ်အမြတ်ထားကြလေသည်။
{{stub}}