ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၃ -
 
၁၁၇ဝ ပြည့်နှစ်တွင် ခမည်းတော် အိမ်ရှေ့စံ နတ်ရွာစံတော်မူသဖြင့် ဘိုးတော် မင်းတရားက စစ်ကိုင်းမင်းသားအား အိမ်ရှေ့စံအရာ ပေးတော်မူသည်။ ၁၁၈၁ ခုနှစ် ၊ နယုန်လဆန်း (၁၃) ရက်တွင် ဘိုးတော်မင်းတရား နတ်ရွာစံတော်မူသော အခါ ထိုလဆန်း (၁၅) ရက်နေ့တွင် မင်းအဖြစ် [[ဘိသိက်]]ခံတော်မူသည်။ အိမ်ရှေ့စံအဖြစ်နှင့် ရှိနေစဉ် ၁၁၄၇ ခုနှစ်တွင် အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်သည် ညောင်ရမ်းမင်းသား (စကြာမင်းသား) အား ဖွားမြင်တော်မူပြီးနောက် ကံတော်ကုန်လေသည်။ ထို့နောက် ဧချင်း ၊ ကျောက်စာ ၊ စာတမ်း ၊ မော်ကွန်းတို့အရ ပုဂံမင်းရိုးအဆက်ဟုဆိုသော မင်းသား သီဟကျော်စွာ၏သမီး မယ်နုကို ၁၁၇၅ ခုနှစ်တွင် အိမ်ရှေ့မိဖုရားမြှောက်ခဲ့၍ နန်းတက်သည့်အခါတွင်လည်း မယ်နုကို မိဖုရားခေါင်ကြီးအဖြစ် ထားတော်မူလေသည်။ မြို့တော်ကိုလည်း အင်းဝမှ အမရပူရသို့ ၁၈၂၃တွင် တဖန်ပြောင်းရွှေ့သည်။
[[ပထမ_အင်္ဂလိပ်_-_မြန်မာစစ်|ပထမ အင်္ဂလိပ်-မြန်မာစစ်]] ပြီးချိန်မှစကာ စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်မှစကာ နန်းတွင်းရေးကို [[နန်းမတော်မယ်နု]]နှင့် အစ်ကိုဖြစ်သူ [[စလင်းမင်းသားကြီးမောင်အို]] တို့ကချယ်လှယ်ခဲ့ကြသည်။ ပြိုင်ဘက်ဟု ယူဆသူများကို သတ်ဖြတ်ခဲ့ကြသည်။ [[ပထမ_အင်္ဂလိပ်_-_မြန်မာစစ်|ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ]]အတွင်း မယ်နု၏လက်ရုံးတစ်ဆူဖြစ်သည့် စစ်သူကြီး[[မဟာဗန္ဓုလ]] ဓနုဖြူတွင် ကျဆုံးသည်။ ဘကြီးတော်မင်း၏ ညီတော် သာယာဝတီမင်းသားကို ရာဇဝတ်သားများအား လက်ခံနေထိုင်စေမှုဖြင့် စွပ်စွဲပြီးအရာမှချရန် ကြိုးပမ်းသဖြင့် သာယာဝတီမင်းသား [[ရွှေဘို]]သို့ထွက်ကာ အင်အားစု၍ ပုန်ကန်သည်။ ပုန်ကန်မှုအောင်မြင်သဖြင့် [[သာယာဝတီမင်း]] နန်းတက်သည်။ နန်းမတော်မယ်နု၊မင်းသားကြီးဦးအိုနှင့် အပေါင်းအပါများသာမက ညောင်ရမ်းမင်းသားပါ ရေချဖျောက်ဖျက်ခံရသည်။ ဘကြီးတော်မင်းကိုမူ အစောင့်အရှောက်ဖြင့် နေစေသည်။ နန်းကျပြီး ၈နှစ်အကြာ အကျယ်ချုပ်ဖြင့်နေရစဉ်အတွင်း အသက် ၆၁နှစ်အရွယ် ၁၅၊အောက်တိုဘာ၊ ၁၈၄၆တွင် ကွယ်လွန်သည်။--[[User:Mayor mt|Mayor mt]] ၁၃:၃၅၊ ၁၈ စက်​တင်​ဘာ​စက်တင်ဘာ ၂၀၀၉ (UTC)
 
{{ကုန်းဘောင်ခေတ်}}