ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၃၇ -
မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မှု တစ်ရပ်ကို ဖန်တီးခဲ့ကြပေသည်။ တရုတ်ပြည်နှင့် ဆက်သွယ်မှုများ ရှိခဲ့သည့်အတိုင်း တရုတ်ယဉ်ကျေးမှု အချက်အလက်တို့လည်း ရောပြွမ်းလျက်ရှိပေသည်။
 
=== ယခုခမာများ ===
ယခုခေတ် ခမာတို့မှာ မြန်မာတို့နည်းတူ ဟိနာယဗုဒ္ဓအယူဝါဒကို လက်ခံကိုးကွယ်ကြ၍ ဘုရားတရားကို များစွာ လေးစား ကြည်ညိုသူများ ဖြစ်သည်။ ပွင့်လင်းစွာ ဆက်ဆံတတ်၍ ချစ်ခင် ပျူငှာတတ်သူများ ဖြစ်ကြသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေခြင်းတို့မှာ သူတို့၏ ထူးခြားချက်များပင်တည်း။
 
များသောအားဖြင့် အရပ်အမောင်း ကောင်း၍ သန်စွမ်းကြံ့ခိုင်ကြသည်။ အသားညို၊ အသားလတ် ရောင်အသွေးရှိကာ၊ မွန်မြန်မာတို့နှင့် သွင်ပြင်လက္ခဏာဆင်သော သူများဖြစ်ကြသည်။ ခမာတို့သည် များသောအားဖြင့် ဆံတို ညှပ်ကြသည်။ လယ်ယာလုပ်ခြင်း၊ ငါးဖမ်းခြင်းတို့ဖြင့် လူများစုသည် ခက်ခဲစွာ အသက်မွေးဝမ်းကျောင်းကြရသည်။
 
သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။
 
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှ ကြိုးစား၍ တိုးတက်လျှက် ရှိကြပေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂၊ အတွဲ(ခ)၊ ဦးဘရှင်ရေးသားသည့် အခန်း</ref>
 
== ကိုးကား ==
<references/>
{{Stub}}
{{DEFAULTSORT:ခ}}
 
[[Category:ကမ္ဘောဒီးယားနိုင်ငံ]]
[[Category:ယဉ်ကျေးမှု]]
 
{{Stub}}
{{DEFAULTSORT:ခ}}
 
[[ar:خمير]]