မဟာကွန်စတန်တိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃ -
'''မဟာကွန်စတန်တိုင်း'''(Constantine the Great)(အေဒီ ၂၈၀-၃၃၇)သည် ရောမဧကရာဇ်များအနက် ပထမဆုံး[[ခရစ်ယာန်ဘာသာ]]ကို အစပြုသက်ဝင်ယုံကြည်သူ ဖြစ်သည်။သူ၏ ဘာသာကူးပြောင်းယုံကြည်မှုကြောင့် ယခင်က ဖိနှိပ်သတ်ဖြတ်ခံခဲ့ရသည့် ဘာသာမှာ နောင်တစ်ချိန် [[ဥရောပ]]မှအစပြုကာ ကမ္ဘာတစ်ဝှမ်းတွင် ရှေ့ဆောင်ဘာသာတစ်ရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။
 
ကွန်စတန်တိုင်းအား အေဒီ၂၈၀ ယနေ့ဆားဘီးယားနိုင်ငံ(ယခင်ယူဂိုဆလားဘီးယား)၊နစ်စ်မြို့တွင်ဖွားမြင်သည်။ ဖခင်မှာ စစ်တပ်မှအရာရှိကြီးဖြစ်သည်။ငယ်စဉ်ဘ၀အချိန်ကိုစစ်တပ်မှအရာရှိကြီးဖြစ်သည်။ငယ်စဉ်ဘဝအချိန်ကို နိကောမေယာတွင်ဖြတ်သန်းခဲ့ရသည်။ထိုမြို့မှာ ရောမဧကရာဇ် အိုကလေတန် နန်းစိုက်ရာမြို့လည်းဖြစ်သည်။၃၀၅တွင် အိုကလေ ထီးနန်းစွန့်သောကြောင့် ဖခင်ကွန်စတန်တိယက်စ်သည် ရောမအင်ပါယာ၏အနောက်ခြမ်းကို အုပ်ချုပ်ရသူဖြစ်လာခဲ့သည်။တစ်နှစ်အကြာတွင် ဖခင်ကွယ်လွန်သဖြင့် သူ့ဖခင်တပ်မှ တပ်သားများက ကွန်စတန်တိုင်းအား ဧကရာဇ်အဖြစ် ဝိုင်းဝန်းတင်မြှောက်ကြရာ အခြားစစ်ဗိုလ်ချုပ်များက ကန့်ကွက်ရာမှ ပြည်တွင်းစစ်ဖြစ်သည်။၃၁၂တွင် နောက်ဆုံးလက်ကျန်ပြိုင်ဖက် မန်ဇဲတိယက်စ်ကို ရောမအနီးရှိ မီလ်ဗီယန်တံတားစစ်ပွဲတွင် အနိုင်ရပြီး ရောမအင်ပါယာအနောက်ခြမ်းကို အုပ်စိုးနိုင်သည်။အရှေ့ခြမ်းကိုမူ လီစီနီယမ် အမည်ရဗိုလ်ချုပ်ကြီးက သိမ်းပိုက်အုပ်ချုပ်နေစဲဖြစ်သည်။နောက်ဆုံး ၃၂၃တွင် လီစီနီယမ်ကိုပါ အောင်နိုင်သောကြောင့် ရောမအင်ပါယာတစ်ခုလုံး၏ ဧကရာဇ်အဖြစ် ကွယ်လွန်သည့် ၃၃၇ခုနှစ်အထိ ကွန်စတန်တိုင်း အုပ်ချုပ်သည်။
 
ခရစ်ယာန်ဘာသာဝင်အဖြစ် မည်သည့်အချိန်က ကွန်စတန်တိုင်းကူးပြောင်းသက်ဝင်သည်ကို အတိအကျမသိကြရပေ။လူပြောများသည်မှာ မီလ်ဗီယန်တံတားစစ်ပွဲတွင် ကောင်းကင်မှ ထင်ရှားသည့် မီးလောင်နေသော လက်ဝါးကပ်တိုင်လက္ခဏာပေါ်ပြီး၊တိုင်နှင့်အတူ "'''ဤလက္ခဏာအားကိုးဖြင့် သင်အနိုင်ရမည်။'''" ဟုပါရှိသည်ကို တွေ့ရပြီးနောက်တွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်သည် ဟူ၍ဖြစ်သည်။ကွန်စတန်တိုင်းသည် ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီးနောက်တွင် ဘာသာရေးပြန့်ပွားရန် အထုူးပင်လုံ့လထုတ်သည်ကိုတွေ့ရသည်။ရှေးဦးစွာ မီလန်အမိန့်ပြန်တမ်းကို ထုတ်ပြန်ကြေညာပြီး ခရစ်ယာန်ဘာသာကို ဖိနှိပ်ခြင်းမှ ကင်းေ၀းစေသည်။ထိုအမိန့်အရပင် ယခင်က ရှာဖွေဖမ်းဆီးထားသည့် ခရစ်ယာန်ဘာသာရေးကျောင်းမှ ပစ္စည်းများကို ပြန်လည်ထုတ်ပေးစေသည်။ထို့ပြင် တနင်္ဂနွေနေ့ကိုလည်း ဘာသာရေးဝတ်ပြုရန်နေ့အဖြစ် သတ်မှတ်ပေးသည်။