မဟာပီတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော ပြင်ဆင်နေသည: rue:Петро I. Російскый
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃ -
ရုရှားဇာဘုရင်များထဲတွင် အကြီးကျယ်ဆုံးသော၊ ပဒေသရာဇ်ရုရှားကို ခေတ်မှီရေးအတွက် စွမ်းဆောင်ခဲ့သော ဇာဘုရင်အဖြစ် '''မဟာပီတာ'''(၁၆၇၂-၁၇၂၅)ကို လူတို့က အမှတ်ရကြသည်။
 
== ဘ၀အစဘဝအစ ==
မဟာပီတာကို ဇာဘုရင် '''အဲလက်ဇစ်'''နှင့် ဒုတိယမိဖုရား '''နာတာလီယာ နာရစ်ရှ်ကီးနား''' မှ ဖွားမြင်သည်။ ခမည်းတော် နတ်ရွာလားသဖြင့် မင်းညီမင်းသားများ အချင်းချင်း နန်းလုသတ်ဖြတ်ကြပြီး အဆုံးသတ်တွင် အသက် ၄ နှစ်မပြည့်မှီသေးသည့် ပီတာလေးတစ်ယောက် ပလ္လင်ပေါ်သို့ မျက်စိသူငယ်၊နားသူငယ်ဖြင့် တက်ရသည်။ အဖတူအမိကွဲ အမတော် '''ဆိုဖီယာ''က အထိန်းတော်အဖြစ် တာဝန်ယူပြီး ပီတာလေးကို ရင်ခွင်ပိုက်ဘုရင်အဖြစ် သတ်မှတ်အုပ်ချုပ်သည်။ ၁၆၈၉ အသက် ၁၇ နှစ်အရွယ်တွင် အမတော် ဆိုဖီယာကို ဖယ်ရှားပြီးကာမှ ဘုရင်အစစ်အမှန်အဖြစ် အုပ်ချုပ်သည်။
 
== ရုရှားနိုင်ငံ၏ ထိုခေတ်အခြေအနေ ==
ထိုအချိန်ထိ ရုရှားနိုင်ငံမှာ အခြားသော ဥရောပနိုင်ငံများနှင့် ယှဉ်လျှင်များစွာ နောက်ကျကျန်နေချိန်ဖြစ်သည်။ မြေကျွန်လူတန်းစားမှာလည်း အရေအတွက်အားဖြင့် လွန်စွာများပြားနေပြီး ပြည်သူတစ်ရပ်လုံးမှာ အတွေးအခေါ်အားဖြင့်လည်း နောက်ကျနေခဲ့ရသည်။ အနောက်တိုင်းတွင် [[နယူတန်]]၏ ကျမ်းစာများ၊ ဥပဒေသများ ထွန်းကားဆူပွက်နေချိန်၌ပင် ရုရှားမှာ သိပ္ပံ နှင့် ဒဿနိက ဘာသာရပ်များထွန်းကားခြင်းမရှိပဲ အလယ်ခေတ်ပုံစံ ဘ၀မှဘဝမှ တိုးတက်လားခြင်းမရှိသေးပေ။ ဘာသာရေးနှင့် ပတ်သက်၍လည်း ရှေးရိုးစွဲဘာသာရေးစနစ်နှင့် အော်သိုဒေါ့ ကျောင်းတော်မှာ အာဏာကြီးမြဲဖြစ်သည်။
 
== ခရီးရှည်ကြီးထွက်ခြင်း ==
ထိုနောက်ကျမှုများကို ဖယ်ရှားတွန်းလှန်ရန်အတွက် ပီတာသည် အသက်ငယ်ငယ်ကပင် ပရော့ မီခေးလားဟူသောအမည်ကိုခံယူပြီး သာမန်အရပ်သားဘ၀ဖြင့်သာမန်အရပ်သားဘဝဖြင့် ဇာတ်မြုပ်ကာ ခရီးရှည်ကြီးထွက်လေသည်။ ထိုသို့ အနောက်ဖက်သို့ ထွက်သည့် ခရီးရှည်ကြီးတွင် နောက်ပါအင်အား ၂၅၀ ကျော်ပါဝင်ခဲ့သည်။
 
ထိုအရီးစဉ်အတွင်း လေ့လာဖွယ်ရာများကို စူးစိုက်လေ့လာခဲ့သည်။ [[ဟော်လန်နိုင်ငံ]]သို့ သွားရောက်ပြီး [[ဒက်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီ]]၏ သင်္ဘောကျင်းတွင် သင်္ဘောတည်ဆောက်သည့် လက်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ [[အင်္ဂလန်နိုင်ငံ]]၏ တော်ဝင်ရေတပ်သင်္ဘောကျင်း တစ်ခုတွင်လည်း အလားတူ လုပ်ကိုင်ခဲ့သည်။ အမြောက်ပစ်နည်းကို [[ပရပ်ရှား]]တွင် သင်ကြားခဲ့သည်။ အင်္ဂလန်တွင်ရှိနေစဉ် ပါလီမန်အစည်းအေ၀းပွဲသို့လည်း တက်ရောက်နားထောင်သည်။ ရောက်လေရာဒေသတိုင်းတွင် စိတ်ဝင်စားဖွယ်ရှိသည့် လက်နက်တိုက်၊ ပြတိုက်၊ စက်ရုံအလုပ်ရုံနှင့် စာသင်ကျောင်း အစရှိသဖြင့် ဝင်ရောက်လေ့လာခဲ့သည်။ အကျဉ်းဆိုရလျှင် အနောက်တိုင်း၏ ဓလေ့၊ထုံးစံ နှင့် သိပ္ပံပညာ၊ အုပ်ချုပ်ရေး၊ စက်မှုလုပ်ငန်း တို့ကို သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။