ဂျိုးဇတ် စတာလင်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၇ -
 
== ဘဝနိဂုံး နှင့်နောက်ဆက်တွဲ ==
၁၉၅၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တစ်ညလုံး ညစာစား၍ ရုပ်ရှင်ကြည့်ခဲ့ပြီးနောက် မနက်စောစောအချိန်တွင် သူ့၏နေအိမ်ထဲသို့ပြည်ထဲရေးဝန်ကြီး လက်ဗရင်တီ၊ ဂျောဂျီမာလင်ကော့၊ နီကိုလိုင်ဘူဂါနင်နှင့် နီကီတာကရူရှက်တို့နှင့်အတူ သူ ရောက်ရှိလာသည်။ မိုးလင်းချိန်၌ သူ၏အခန်းထဲမှ စတာလင်ထွက်မလာချေ။ သူ၏အစောင့်များက သူအိပ်ယာထ‌‌ ေနကျအချိန်၌ သူ အိပ်ယာမထသည်ကိုတွေ့သောအခါထူးဆန်းနေမိသည်။ စတာလင်ကိုတစ်နေ့လုံး အနှောက်အယှက်မပေးရန် အမိန့်ပေးထားသည်။ ည ၁၀ နာရီလောက်တွင် ကွန်ဆီဗိုဒုတိယဦးစီးမှူးပီတာလောဇဂါး က စတာလင် ကို ညဝတ်ဘောင်းဘီနှင့်စွပ်ကျယ်အကျီဝတ်ပြီးအဝတ်အစားများသေးစိုရွှဲလျက် သူ့ခုတင်ဘေးကကြမ်းပြင်တွင် ပက်လက်လန်လဲကျနေသည်ကို တွေ့မြင်ခဲ့သည်။
 
၁၉၅၃ ဇန်နဝါရီလတွင် ဆရာဝန်များအား ဆိုဗီယက်အစိုးရအရာရှိကြီးများကို သေကြောင်းကြံသည် ဟူသောစွပ်စွဲချက်ဖြင့် အစုလိုက်အပြုံလိုက်ဖမ်းစေသည်။ သို့ဖြင့် အများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးပြန်ကြုံရတော့မည့်အရေးကြောင့် စိတ်ချောက်ချားနေရစဉ် ၅၊မတ် တွင် ကရင်မလင်မှ အသက် ၇၃နှစ်အရွယ်ရှိ အာဏာရှင်ကြီး စတာလင် ကွယ်လွန်လေသည်။ အလောင်းကို [[လီနင်]]နည်းတူ [[ရင်ပြင်နီ]]တွင် ဆေးစီရင်ပြီး အများကြည့်ရှုခွင့်ပေးခဲ့သေးသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက်အာဏာရှင်ဖြစ်လာသည့် [[ခရူးရှော့ဗ် နီကီတာ|နီကီတာ ခရူးရှော့ဗ်]]က အလောင်းကို ထုတ်ယူပြီး လူထုရှေ့မှောက်တွင် ကြိမ်ဖြင့် ရိုက်ကာ အရှက်ခွဲရှုံချခဲ့သည်။
[[File:01.Lenin and Stalin.jpg|right | thumb | လီနင်၏ အလောင်းနှင့် ယှဉ်ကာတွေ့ရသည့် စတာလင်၏ အလောင်း]]